Skip to content

Anger အကြောင်း ကျမ်းစာအခန်းငယ်များ

72 အခန်းငယ် · 38 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဗာရှာသည် ယေရောဗောင်အမျိုးနှင့်တူ၍ ထိုအမျိုးကို လုပ်ကြံသောအပြစ်၊ မိမိပြုမူသောအားဖြင့်၊ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ရှေ့တော်၌ ပြစ်မှားသမျှသော အပြစ်ကြောင့် ထာဝရဘုရား၏ နှုတ် ကပတ်တော်သည် ဗာရှာကိုအကြောင်းပြု၍၊ ဟာနန်၏ သားယေဟုအားဖြင့် ရောက်လာသည်နှင့်အညီ၊

  2. ယုဒရှင်ဘုရင်အာသ နန်းစံနှစ်ဆယ်ခြောက်နှစ်တွင်၊ ဗာရှာသားဧလာသည် တိရဇမြို့၌နေ၍ ဣသရေလ နိုင်ငံကို နှစ်နှစ်စိုးစံသည်ရှိသော်၊

  3. ရထားစီးသူရဲတဝက်ကိုအုပ်သောသူ၊ မိမိကျွန် ဇိမရိသည်သင်းဖွဲ့၍၊ ဧလာသည် တိရဇမြို့တွင် နန်းတော် အုပ်အာဇ၏ အိမ်၌ယစ်မူးအောင် သောက်လျက်နေစဉ် အခါ၊

  4. ဇိမရိသည်ဝင်၍ ယုဒရှင်ဘုရင် အာသနန်းစံ နှစ်ဆယ်ခုနစ်နှစ်တွင်၊ ဧလာကို သေစေခြင်းငှါလုပ်ကြံ၍ နန်းထိုင်လေ၏။

  5. နန်းထိုင်စက၊ ဗာရှာအမျိုးသားအပေါင်းတို့ကိုသတ်၏။ ဗာရှာနှင့် ပေါက်ဘော်တော်သော ယောက်ျား၊ အဆွေဖွဲ့သော ယောက်ျားတယောက်ကိုမျှမချန်မထား။

  6. ထာဝရဘုရားသည် ဗာရှာကို အကြောင်းပြု၍ ပရောဖက်ယေဟုအားဖြင့် မိန့်တော်မူသော စကားတော် နှင့်အညီ၊ ဇိမရိသည် ဗာရှာအမျိုးသားအပေါင်းတို့ကို ဖျက်ဆီး၏။

  7. အကြောင်းမူကား၊ ဗာရှာနှင့်သား ဧလာတို့သည် ကိုယ်တိုင်ပြစ်မှားသော အပြစ်နှင့် ဣသရေလ အမျိုးကိုလည်း ပြစ်မှားစေသော အပြစ်အားဖြင့်၎င်း၊ မိစ္ဆာဒိဌိအားဖြင့်၎င်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်သော အကြောင်းတည်း။

  8. အမျက်တော် အရှိန်အားဖြင့်သူတို့၌ ဆိုးသော တမန်တို့ကို စေလွှတ်၍ လွှမ်းမိုးခြင်း၊ ဒဏ်ခတ်ခြင်း၊ နှောင့်ရှက်ခြင်းအမှုကိုဖြစ်စေတော်မူ၏။

  9. အမျက်တော်ဘို့ လမ်းကိုပြင်ဆင်တော်မူ၏။ သူတို့အသက်ကို မနှမြော၊ သေစေခြင်းငှါ ကာလနာသို့ အပ်နှံသဖြင့်၊

  10. ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍၊ ကရုဏာ ကြွယ်ဝသော သဘောရှိတော်မူ၏။

  11. အစဉ်မပြတ် အပြစ်တင်တော်မူသည်မဟုတ်။ အငြိုးကို အမြဲထားတော်မူသည်မဟုတ်။

  12. သမ္မာသတိရှိသော သူသည် မိမိအမျက်ဒေါသ ကို ချုပ်တည်းတတ်၏။ သူတပါးပြစ်မှားခြင်းကို သည်းခံ သောသူသည်လည်း ဘုန်းအသရေရှိ၏။

  13. ရှင်ဘုရင်၏အမျက်တော်သည် ခြင်္သေ့ဟောက် သကဲ့သို့ဖြစ်၏။ ကျေးဇူးတော်မူကား၊ မြက်ပေါ်မှာ ကျသော နှင်းရည်ကဲ့သို့ ဖြစ်၏။

  14. စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက် ပြင်းထန်သော သူနှင့် အတူမလိုက်နှင့်။

  15. လိုက်လျှင် သူ၏ထုံးစံဓလေ့တို့ကိုသင်၍၊ ကိုယ် အသက်ကျော့မိရာဖြစ်လိမ့်မည်။

  16. ကျောက်နှင့်သဲသည်လေး၏။ မိုက်သောသူ၏ ဒေါသသည် ထိုနှစ်ပါးထက် သာ၍လေး၏။

  17. မာနသည်ကြမ်းကြုတ်သော သဘောရှိ၏။ ဒေါသသည် ပြင်းထန်တတ်၏။ ငြူစူသောစိတ်ကိုကား၊ အဘယ်သူဆီး၍ ခံနိုင်သနည်း။

  18. မထီမဲ့မြင်ပြုသော သူတို့သည် မြို့ကို မီးရှို့တတ် ၏။ ပညာရှိသော သူတို့မူကား၊ ဒေါသအမျက်ကို လွှဲတတ် ၏။

  19. ပညာရှိသောသူသည် မိုက်သောသူနှင့် အမှု တွေ့လျှင်၊ စိတ်ဆိုးသည်ဖြစ်စေ၊ ပြုံးရယ်သည်ဖြစ်စေ၊ အားရစရာအကြောင်းမရှိ။

  20. ငါသည် အစဉ်မပြတ်တရားတွေ့မည်မဟုတ်။ အစဉ်မပြတ်အမျက်ထွက်မည်မဟုတ်။ ထိုသို့ဟုတ်လျှင်၊ အသက်သည် ငါ့ရှေ့မှာ ပျောက်၍၊ ငါဖန်ဆင်းသော ဝိညာဉ်သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။

  21. သူ၏လောဘလွန်ကျူးခြင်း အပြစ်ကြောင့်၊ ငါသည် အမျက်ထွက်၍ ဒဏ်ခတ်လေ၏။ အမျက်ထွက်၍ မျက်နှာကို လွှဲလေ၏။ သူသည်လည်း မိမိအလိုရှိရာ လမ်း သို့ လွှဲသွားလေ၏။

  22. စပျစ်သီးကို ငါတယောက်တည်းနင်းနယ်ရပြီ။ လူများအထဲကတယောက်မျှမပါ။ သူတို့ကို ငါအမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာအမျက်ထွက်၍ နှိပ်နင်းပြီ။ သူတို့အသွေးသည် ငါ့အဝတ်ပေါ်မှာ ဖျန်းလျက်ရှိပြီ။ ငါ့ အဝတ်တန်ဆာရှိသမျှကို ငါဆိုးပြီ။

  23. အပြစ်ပေးသော နေ့ရက်ကို ငါအောက်မေ့ပြီ။ ငါရွေးနှုတ်သော သူတို့၏ နှစ်သည် ရောက်လာပြီ။

  24. ငါကြည့်ရှု၍ မစသော သူမရှိ။ မှိုင်တွေသော် လည်း ထောက်ပင့်သောသူမရှိ။ ထိုကြောင့်၊ ကိုယ်လက် သည် ကိုယ်အဘို့ ကယ်တင်ခြင်းကို ပြုပြီ။ ကိုယ်ဒေါသ အမျက်သည် ကိုယ်ကို ထောက်ပင့်ပြီ။

  25. လူများကို အမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာ အမျက်ထွက်၍ ကျပ်ကျပ်နှိပ်နင်းပြီ။ သူတို့အသွေးကို မြေပေါ်မှာ သွန်ပြီ။