- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 970–930 BC
Solomon & The Temple
Solomon builds the great Temple in Jerusalem and rules with unprecedented wisdom and wealth before foreign gods divide his heart.
ဤကာလမှ အခန်းငယ်များ
- ဓမ္မရာဇဝင်တတိယစောင် 9:17ခရစ်တော် မပေါ်မီ 1015 ခန့်
သို့ဖြစ်၍ ဂေဇာမြို့ကို ရှောလမုန်တည်လေ၏။ ထိုမှတပါး၊ အောက်ဗေသောရုန်မြို့၊
- ဓမ္မရာဇဝင်တတိယစောင် 9:18ခရစ်တော် မပေါ်မီ 1015 ခန့်
ဗာလက်မြို့၊ တောအရပ်၊ ပြည်ထဲမှာ တာဒမော်မြို့တို့ကိုလည်း တည်လေ၏။
- ဓမ္မရာဇဝင်တတိယစောင် 9:19ခရစ်တော် မပေါ်မီ 1015 ခန့်
ဘဏ္ဍာတော် သိုထားသောမြို့များ၊ ရထားတော်ထိန်းသောမြို့များ၊ မြင်းတော်ကျွေးသောမြို့များ၊ ယေရုရှလင်မြို့ပတ်လည်၊ လေဗနုန်တောင်ပေါ်၊ နိုင်ငံတော်အရပ်ရပ်၌ တည်ချင်သောမြို့များတို့ကိုလည်း တည်လေ၏။
- ဓမ္မရာဇဝင်တတိယစောင် 9:20ခရစ်တော် မပေါ်မီ 1015 ခန့်
ဣသရေလအမျိုးသား အကုန်အစင် မဖျက်ဆီးနိုင်သောကြောင့်၊
- ဓမ္မရာဇဝင်တတိယစောင် 9:21ခရစ်တော် မပေါ်မီ 1015 ခန့်
ပြည်တော်၌ကျန်ကြွင်းသော တပါးအမျိုးသား၊ အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိအမျိုးအနွယ် သားစဉ်မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင်အောင် လူခွဲ၍ ကျွန်ခံစေ၏။
- ဓမ္မရာဇဝင်တတိယစောင် 9:22ခရစ်တော် မပေါ်မီ 1015 ခန့်
ဣသရေလအမျိုးသားတို့ကိုကား၊ ရှောလမုန်သည် ကျွန်မခံစေ။ စစ်သူရဲ၊ အမှုတော်စောင့်၊ မှူးမတ်၊ စစ်ကဲ၊ ရထားတော်အုပ်၊ မြင်းတော်အုပ်အရာ၌ ခန့်ထား တော်မူ၏။
- ဓမ္မရာဇဝင်တတိယစောင် 9:23ခရစ်တော် မပေါ်မီ 1015 ခန့်
တည်ဆောက်ခြင်းအမှုတော်ကို စီရင်သောသူ အမှုတော်အုပ် ငါးရာငါးဆယ်ရှိ၏။
- ဓမ္မရာဇဝင်တတိယစောင် 9:24ခရစ်တော် မပေါ်မီ 1015 ခန့်
ဖာရောရှင်ဘုရင်၏ သမီးတော်သည် ဒါဝိဒ်မြို့မှ ထွက်၍၊ သူ့အဘို့ ရှောလမုန်တည်ဆောက်သော နန်း တော်သို့ ပြောင်းပြီးမှ၊ ရှောလမုန်သည် မိလ္လောမြို့ကို ပြုပြင်လေ၏။
- ဓမ္မရာဇဝင်တတိယစောင် 9:25ခရစ်တော် မပေါ်မီ 1015 ခန့်
ထာဝရဘုရားရှေ့တော်၌ရှိသော ယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့သဖြင့် အိမ်တော်ကို လက်စသတ်လေ၏။
- ဓမ္မရာဇဝင်တတိယစောင် 9:26ခရစ်တော် မပေါ်မီ 1015 ခန့်
တဖန်ရှောလမုန် မင်းကြီးသည် ဧဒုံပြည်တွင်၊ ဧဒုံပင်လယ်ကမ်းနား၌၊ ဧလုတ်မြို့နှင့် နီးစပ်သော ဧဇယုန်ဂါဗာမြို့မှာ သင်္ဘောတို့ကို တည်လုပ်၏။
- ဓမ္မရာဇဝင်တတိယစောင် 9:27ခရစ်တော် မပေါ်မီ 1015 ခန့်
ပင်လယ်ကူးသော အမှုကိုနားလည်သော မိမိကျွန်၊ သင်္ဘောသားတို့ကို ဟိရံမင်းသည် ထိုသင်္ဘော ပေါ်မှာ ရှောလမုန်၏ လူတို့နှင့်အတူ စီးစေ၏။
- ဓမ္မရာဇဝင်တတိယစောင် 9:28ခရစ်တော် မပေါ်မီ 1015 ခန့်
သူတို့သည် ဩဖိရမြို့သို့သွား၍ ရွှေအခွက်လေးရာနှစ်ဆယ်ကို ရှောလမုန်မင်းကြီးထံသို့ ဆောင်ခဲ့ ကြ၏။
- ဓမ္မရာဇဝင်တတိယစောင် 10:1ခရစ်တော် မပေါ်မီ 990 ခန့်
ရှေဘပြည်ကို အစိုးရသော မိဖုရားသည် ရှောလမုန်၏ ဂုဏ်အသရေနှင့် ထာဝရဘုရား၏ နာမတော် သိတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿနာအားဖြင့် သူ့ကို စုံစမ်းခြင်းငှါ လာ၏။
- ဓမ္မရာဇဝင်တတိယစောင် 10:2ခရစ်တော် မပေါ်မီ 990 ခန့်
နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဘိုးထိုက်သော ကျောက်တို့ကိုဆောင်သော ကုလားအုပ်များ၊ လိုက်သော သူများနှင့်တကွ ယေရုရှလင်မြို့သို့ရောက်၍၊ ရှောလမုန်မင်းကြီးထံတော်သို့ ဝင်သောအခါ၊ မိမိအလိုဆန္ဒရှိသမျှကို ဆွေးနွေးမေးမြန်းလေ၏။
- ဓမ္မရာဇဝင်တတိယစောင် 10:3ခရစ်တော် မပေါ်မီ 990 ခန့်
သူမေးမြန်းသော ပြဿနာရှိသမျှတို့ကို ရှောလမုန်မင်းကြီးသည် ဖြေလေ၏။ နားမလည်၍ မဖြေနိုင် သောအရာ တစုံတခုမျှမရှိ။
- ဓမ္မရာဇဝင်တတိယစောင် 10:4ခရစ်တော် မပေါ်မီ 990 ခန့်
ရှေဘမိဖုရားသည် ရှောလမုန်၏ ပညာအလုံးစုံကို၎င်း၊ တည်ဆောက်သောအိမ်တော်ကို၎င်း၊
- ဓမ္မရာဇဝင်တတိယစောင် 10:5ခရစ်တော် မပေါ်မီ 990 ခန့်
စားပွဲတော်တန်ဆာကို၎င်း၊ အမှုတော်စောင့်တို့နေရာထိုင်ရာကို၎င်း၊ လုလင်တို့ ခစားသည် အခြင်းအရာ ကို၎င်း၊ သူတို့ဝတ်သောအဝတ်တန်ဆာကို၎င်း၊ ဝန်စာရေးများကို၎င်း၊ ထာဝရဘုရား၏ အိမ်တော်၌ မီးရှို့ရာ ယဇ်ပူဇော်ခြင်းကို၎င်း မြင်သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊
- ဓမ္မရာဇဝင်တတိယစောင် 10:6ခရစ်တော် မပေါ်မီ 990 ခန့်
ကိုယ်တော်၏ အခြင်းအရာနှင့်ကိုယ်တော်၏ပညာကို အကျွန်ုပ်သည် ကိုယ်ပြည်၌ကြားရသော သိတင်းစကားမှန်ပါ၏။
- ဓမ္မရာဇဝင်တတိယစောင် 10:7ခရစ်တော် မပေါ်မီ 990 ခန့်
သို့သော်လည်း၊ ကိုယ်တိုင်ရောက်၍မမြင်မှီ ထိုစကားကိုမယုံ။ ယခုမူကား၊ အရင်ကြားသော စကား သည် တဝက်ကိုမျှမမှီ။ ကိုယ်တော်၏ ပညာနှင့်ကိုယ်တော်၏စည်းစိမ်သည် အကျွန်ုပ်ကြားရသော သိတင်းကို လွန်ကဲ ပါ၏။
- ဓမ္မရာဇဝင်တတိယစောင် 10:8ခရစ်တော် မပေါ်မီ 990 ခန့်
ရှေ့တော်၌ အစဉ်နေ၍ ပညာတော်ကိုကြားရသော ကိုယ်တော်၏လူ၊ ကိုယ်တော်၏ကျွန်တို့သည် မင်္ဂလာရှိကြပါ၏။
- ဓမ္မရာဇဝင်တတိယစောင် 10:9ခရစ်တော် မပေါ်မီ 990 ခန့်
ကိုယ်တော်ကို နှစ်သက်၍၊ ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် ဣသရေလအမျိုးကို အစဉ်ချစ်သောကြောင့်၊ ဖြောင့်မတ်စွာတရားစီရင်စေခြင်းငှါ ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူ ပြီဟု ရှင်ဘုရင်အား ပြောဆို၍၊
- ဓမ္မရာဇဝင်တတိယစောင် 10:10ခရစ်တော် မပေါ်မီ 990 ခန့်
ရွှေအခွက်တရာနှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအား ဆက်သော နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအား ဆက်သောနံ့သာမျိုးနှင့်အမျှ များပြားသော နံ့သာမျိုးသည် နောက်တဖန်မရောက်။
- ဓမ္မရာဇဝင်တတိယစောင် 10:11ခရစ်တော် မပေါ်မီ 990 ခန့်
ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံသင်္ဘောတို့သည် အာလဂုံသစ်သားများ၊ ကျောက်မြတ်များကို လည်း ဆောင်ခဲ့ကြ၏။
- ဓမ္မရာဇဝင်တတိယစောင် 10:12ခရစ်တော် မပေါ်မီ 990 ခန့်
ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန်တော်ပွတ်လုံးတန်းနှင့် နန်းတော်ပွတ်လုံးတန်းကို၎င်း၊ သီချင်းဆိုသော သူတို့စောင်းနှင့် တယောတို့ကို၎င်း လုပ်လေ၏။ ထိုသို့သော အာလဂုံသစ်သားသည်နောက် တဖန်မရောက်၊ ယနေ့တိုင်အောင် မပေါ်လာ။
- ဓမ္မရာဇဝင်တတိယစောင် 10:13ခရစ်တော် မပေါ်မီ 990 ခန့်
ရှောလမုန်မင်းကြီးသည် အလိုလိုပေးသော လက်ဆောင်မှတပါး၊ ရှေဘမိဖုရား၏ အလိုဆန္ဒပြည့်စုံစေ ခြင်းငှါ၊ သူတောင်းသမျှကိုလည်း ပေးတော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့်တကွ မိမိပြည်သို့ ပြန်သွားလေ၏။