- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 970–930 BC
Solomon & The Temple
Solomon builds the great Temple in Jerusalem and rules with unprecedented wisdom and wealth before foreign gods divide his heart.
ဤကာလမှ အခန်းငယ်များ
- ဓမ္မရာဇဝင်တတိယစောင် 10:14ခရစ်တော် မပေါ်မီ 1015 ခန့်
ရှောလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေအချိန်ကား အခွက်ခြောက်ရာခြောက်ဆယ်ခြောက် ပိဿာဖြစ်သတည်း။
- ဓမ္မရာဇဝင်တတိယစောင် 10:15ခရစ်တော် မပေါ်မီ 1015 ခန့်
ထိုမှတပါးကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ၊ မြို့ဝန်များဆက်သော ရွှေရှိသေး ၏။
- ဓမ္မရာဇဝင်တတိယစောင် 10:16ခရစ်တော် မပေါ်မီ 1015 ခန့်
ရှောလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းကြီးနှစ်ရာ၊ သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုတ်လုပ်၍ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သောနန်းတော်၌ ထားတော်မူ၏။
- ဓမ္မရာဇဝင်တတိယစောင် 10:17ခရစ်တော် မပေါ်မီ 1015 ခန့်
ရှောလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းကြီးနှစ်ရာ၊ သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုတ်လုပ်၍ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သောနန်းတော်၌ ထားတော်မူ၏။
- ဓမ္မရာဇဝင်တတိယစောင် 10:18ခရစ်တော် မပေါ်မီ 1015 ခန့်
ရှင်ဘုရင်သည်လည်း၊ ဆင်စွယ်ရာဇပလ္လင်ကြီး ကို လုပ်၍ရွှေစင်နှင့်မွမ်းမံလေ၏။
- ဓမ္မရာဇဝင်တတိယစောင် 10:19ခရစ်တော် မပေါ်မီ 1015 ခန့်
ရာဇပလ္လင်တော်သည် လှေကားခြောက်ထစ် ရှိ၏။ နောက်ဖေးဝိုင်း၏။ ထိုင်ရာတဘက်တချက်၌ မှီစရာလက်ရုံးတန်းနှင့်ပြည့်စုံ၍၊ လက်ရုံးတန်းအနားမှာ ခြင်္သေ့နှစ်ကောင်ရပ်နေ၏။
- ဓမ္မရာဇဝင်တတိယစောင် 10:20ခရစ်တော် မပေါ်မီ 1015 ခန့်
လှေကားခြောက်ထစ်အပေါ်တွင် တဘက်တချက်၌လည်း ခြင်္သေ့တဆယ်နှစ်ကောင်ရပ်နေ၏။ ထိုသို့သော ရာဇပလ္လင်သည် အဘယ်တိုင်းနိုင်ငံ၌မျှမရှိ။
- ဓမ္မရာဇဝင်တတိယစောင် 10:21ခရစ်တော် မပေါ်မီ 1015 ခန့်
ရှောလမုန်မင်းကြီးသောက်သော ဖလားတော် ရှိသမျှနှင့် လေဗနုန်နန်းတော်၌ သုံးသောဖလားတော် ရှိသမျှတို့သည် ငွေဖလားမဟုတ် ရွှေဖလားသက်သက် ဖြစ်၏။ ရှောလမုန်လက်ထက်၌ ငွေကို အလျှင်းပမာဏ မပြုတတ်ကြ။
- ဓမ္မရာဇဝင်တတိယစောင် 10:22ခရစ်တော် မပေါ်မီ 1015 ခန့်
ရှင်ဘုရင်သည် တာရှုသင်္ဘောကို ဟိရံမင်း သင်္ဘောနှင့်အတူ စေလွှတ်သဖြင့်၊ သုံးနှစ်တခါ တာရှု သင်္ဘောသည် ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ မျောက်များ၊ ဒေါင်းများကို ဆောင်ခဲ့တတ်၏။
- ဓမ္မရာဇဝင်တတိယစောင် 10:23ခရစ်တော် မပေါ်မီ 1015 ခန့်
ထိုသို့ရှောလမုန်သည် မြေကြီးပေါ်မှာ ရှိသမျှသော ရှင်ဘုရင်တို့ထက် ပညာနှင့် စည်းစိမ်အားဖြင့် လွန်ကဲ၏။
- ဓမ္မရာဇဝင်တတိယစောင် 10:24ခရစ်တော် မပေါ်မီ 1015 ခန့်
ရှောလမုန်၏ နှလုံး၌ ဘုရားသခင် သွင်းပေးတော်မူသော ပညာကို မြေကြီးသားအပေါင်းတို့သည် ကြားရအံ့သောငှါ၊ မျက်နှာတော်ကို ဖူးလာကြ၏။
- ဓမ္မရာဇဝင်တတိယစောင် 10:25ခရစ်တော် မပေါ်မီ 1015 ခန့်
လာသောသူအသီးအသီးတို့သည် ရွှေဖလား၊ ငွေဖလား၊ အဝတ်တန်ဆာ၊ စစ်တိုက်လက်နက်၊ နံ့သာမျိုး၊ မြင်း၊ လားတို့ကို နှစ်တိုင်းအခွန် ဆက်ရကြ၏။
- ဓမ္မရာဇဝင်တတိယစောင် 10:26ခရစ်တော် မပေါ်မီ 1015 ခန့်
ရှောလမုန်သည်လည်း၊ ရထားများ၊ မြင်းစီးသူရဲ များကို ဆည်းဖူး၍၊ ရထားတထောင်နှင့် လေးရာ၊ မြင်းစီးသူရဲတသောင်းနှစ်ထောင်ရှိ၏။ ရထားထိန်း မြို့တို့၌ ၎င်း၊ ယေရုရှလင်မြို့ အထံတော်၌၎င်းထား၏။
- ဓမ္မရာဇဝင်တတိယစောင် 10:27ခရစ်တော် မပေါ်မီ 1015 ခန့်
ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ ငွေကို ကျောက်ခဲကဲ့သို့၎င်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ ပေါက် သော သဖန်းပင်ကဲ့သို့၎င်း များပြားစေ၏။
- ဓမ္မရာဇဝင်တတိယစောင် 10:28ခရစ်တော် မပေါ်မီ 1015 ခန့်
ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တုပြည်၊ ကောမြို့မှဆောင်ခဲ့ရ၏။ ရှင်ဘုရင်၏ ကုန်သည်တို့သည် အဘိုးပေးလျက် ကောမြို့၌ ခံယူရကြ၏။
- ဓမ္မရာဇဝင်တတိယစောင် 10:29ခရစ်တော် မပေါ်မီ 1015 ခန့်
အဲဂုတ္တုပြည်မှ ရထားတခုကို ငွေခြောက်ပိဿာ နှင့်၎င်း၊ မြင်းတစီးကို တပိဿာငါးဆယ်နှင့်၎င်း ရောင်းမြဲ ရှိ၏။ ထိုသို့ဟိတ္တိမင်းကြီးနှင့် ရှုရိမင်းကြီးအပေါင်းတို့သည် အဲဂုတ္တုရထားနှင့် မြင်းတို့ကို ရတတ်ကြ၏။
- ဓမ္မရာဇဝင်တတိယစောင် 11:1ခရစ်တော် မပေါ်မီ 984 ခန့်
ရှောလမုန်မင်းကြီးသည် ဖာရောဘုရင်၏ သမီးမှတပါး၊ ဣသရေလအမျိုးသားမဟုတ်သော မောဘအမျိုး၊ အမ္မုန်အမျိုး၊ ဧဒုံအမျိုး၊ ဇိဒုန်အမျိုး၊ ဟိတ္တိအမျိုးသား မိန်းမအများတို့ကို ချစ်တတ်၏။
- ဓမ္မရာဇဝင်တတိယစောင် 11:2ခရစ်တော် မပေါ်မီ 984 ခန့်
ထာဝရဘုရားက၊ သင်တို့သည် တပါးအမျိုးသားတို့နှင့်စုံဘက်ခြင်းကိုမပြုရ။ အကယ်စင်စစ်သူတို့သည် မိမိတို့ဘုရားများနောက်သို့ သင်တို့၏ စိတ်နှလုံးကို လွဲစေကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား မိန့်တော် မူသော်လည်း၊ ရှောလမုန်သည် တပါးအမျိုးသား မိန်းမတို့ကို တပ်မက်သောစိတ်ရှိ၏။
- ဓမ္မရာဇဝင်တတိယစောင် 11:3ခရစ်တော် မပေါ်မီ 984 ခန့်
မင်းသမီးဖြစ်သော ခင်ပွန်းခုနစ်ရာ၊ မောင်းမ မိဿံသုံးရာရှိ၍၊ သူတို့သည် စိတ်နှလုံးတော်ကို လွဲစေ ကြ၏။
- ဓမ္မရာဇဝင်တတိယစောင် 11:4ခရစ်တော် မပေါ်မီ 984 ခန့်
ရှောလမုန်သည် အသက်ကြီးသောအခါ၊ မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတပါးသော ဘုရား နောက်သို့ လွဲစေသဖြင့်၊ စိတ်နှလုံးတော်သည် ခမည်းတော် ဒါဝိဒ်၏ စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စုံလင်ခြင်းမရှိ။
- ဓမ္မရာဇဝင်တတိယစောင် 11:5ခရစ်တော် မပေါ်မီ 984 ခန့်
ဇိဒုန်နတ်သမီးအာရှတရက်၊ ရွံရှာဘွယ်သော အမ္မုန်ဘုရား မိလကုံနောက်သို့ လိုက်၍၊
- ဓမ္မရာဇဝင်တတိယစောင် 11:6ခရစ်တော် မပေါ်မီ 984 ခန့်
ခမည်းတော်ဒါဝိဒ်ကဲ့သို့ ထာဝရဘုရား၌ လုံးလုံး မဆည်းကပ်၊ ရှေ့တော်၌ဒုစရိုက်ကိုပြုလေ၏။
- ဓမ္မရာဇဝင်တတိယစောင် 11:7ခရစ်တော် မပေါ်မီ 984 ခန့်
ထိုအခါရှောလမုန်သည် ရွံရှာဘွယ်သောမောဘဘုရားခေမုရှနှင့် ရွံရှာဘွယ်သော အမ္မုန်ဘုရားမောလုတ်အဘို့၊ ယေရုရှလင်မြို့ ရှေ့တော်၌ရှိသော တောင်ပေါ်တွင် ကုန်းတို့ကို တည်လေ၏။
- ဓမ္မရာဇဝင်တတိယစောင် 11:8ခရစ်တော် မပေါ်မီ 984 ခန့်
မိမိတို့ဘုရားအား နံ့သာပေါင်းကိုမီးရှို့၍၊ ယဇ် ပူဇော်သော တပါးအမျိုးသားခင်ပွန်းအပေါင်းတို့အဘို့ ထိုသို့ပြု၏။
- ဓမ္မရာဇဝင်တတိယစောင် 11:9ခရစ်တော် မပေါ်မီ 984 ခန့်
အခြားတပါးသော ဘုရားနောက်သို့ မလိုက်ရ မည်အကြောင်း ပညတ်တော်မူသောဘုရား၊နှစ်ကြိမ် ထင်ရှားတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားထံတော်မှ၊