အကြောင်းအရာသို့ ကျော်သွားရန်

circa 970–930 BC

Solomon & The Temple

Solomon builds the great Temple in Jerusalem and rules with unprecedented wisdom and wealth before foreign gods divide his heart.

635 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဓမ္မရာဇဝင်တတိယစောင် 8:33ခရစ်တော် မပေါ်မီ 1004 ခန့်

    ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် ရန်သူရှေ့မှာ ရှုံးရသောအခါ၊ ကိုယ်တော်ထံသို့ ပြန်လာ၍၊ နာမတော် ကိုဝန်ခံလျက်၊ ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်း ပဌနာပြုလျှင်၊

  2. ဓမ္မရာဇဝင်တတိယစောင် 8:34ခရစ်တော် မပေါ်မီ 1004 ခန့်

    ကောင်းကင်ဘုံ၌ နားထောင်၍၊ ကိုယ်တော်၏ လူ ဣသရေလအမျိုးသားတို့ကို အပြစ်မှလွှတ်တော်မူပါ။ ဘိုးဘေးတို့အား ပေးသနားတော်မူသောပြည်သို့ တဖန် ပို့ဆောင်တော်မူပါ။

  3. ဓမ္မရာဇဝင်တတိယစောင် 8:35ခရစ်တော် မပေါ်မီ 1004 ခန့်

    ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကြောင့် မိုဃ်းမရွာ၊ မိုဃ်းခေါင်သဖြင့် ကိုယ်တော်သည် ဆုံးမတော် မူသောအခါ၊ သူတို့သည် ဤအရပ်ဌာနတော်ကို မှီခိုလျက် ဆုတောင်း၍၊ နာမတော်ကိုဝန်ခံလျက် မိမိဒုစရိုက်ကို စွန့်ပယ်လျှင်၊

  4. ဓမ္မရာဇဝင်တတိယစောင် 8:36ခရစ်တော် မပေါ်မီ 1004 ခန့်

    ကောင်းကင်ဘုံ၌နားထောင်၍၊ ကိုယ်တော်၏ ကျွန်၊ ကိုယ်တော်၏လူ ဣသရေလအမျိုးတို့ကို အပြစ်မှ လွှတ်တော်မူပါ။ သူတို့လိုက်ရသော လမ်းကောင်းကို ပြညွှန်၍၊ ကိုယ်တော်၏လူတို့အား အမွေပေးသော မြေပေါ်မှာ မိုဃ်းရွာစေတော်မူပါ။

  5. ဓမ္မရာဇဝင်တတိယစောင် 8:37ခရစ်တော် မပေါ်မီ 1004 ခန့်

    ပြည်တော်၌ အစာအာဟာရခေါင်းပါးသော်၎င်း၊ လေထိ၍ အပင်သေသော်၎င်း၊ အရည်ယို၍ သေသော်၎င်း၊ အရာဘကျိုင်း၊ ခါသိလ ကျိုင်း ကိုက်စားသော်၎င်း၊ ရန်သူတိုက်လာ၍ မြို့ကို ဝိုင်းထားသော်၎င်း၊ ဘေးဥပဒ်၊ အနာရောဂါတစုံတခု ရောက်သောအခါ၊

  6. ဓမ္မရာဇဝင်တတိယစောင် 8:38ခရစ်တော် မပေါ်မီ 1004 ခန့်

    ကိုယ်တော်၏လူ ဣသရေလအမျိုးသားအချို့တို့သည် အသီးအသီးခံရသောဘေးဒဏ်ကိုသိလျက်၊ ဤအိမ် တော်သို့ မိမိတို့လက်ဝါးကို ဖြန့်၍၊ တစုံတခုသော ပဌနာ စကားအားဖြင့် ဆုတောင်းလျှင်၊

  7. ဓမ္မရာဇဝင်တတိယစောင် 8:39ခရစ်တော် မပေါ်မီ 1004 ခန့်

    ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နား ထောင်တော်မူပါ။

  8. ဓမ္မရာဇဝင်တတိယစောင် 8:40ခရစ်တော် မပေါ်မီ 1004 ခန့်

    ဘိုးဘေးတို့အား ပေးသနားတော်မူသော ပြည်၌ သူတို့သည် အသက်ရှင်သော ကာလပတ်လုံးကိုယ်တော် ကို ကြောက်ရွံပါမည်အကြောင်း၊ ကိုယ်တော်သာလျှင် လူသတ္တဝါအပေါင်းတို့၏ စိတ်နှလုံးသဘောကို သိတော် မူသည်ဖြစ်၍၊ ဆုတောင်းသော သူတို့၏ စိတ်နှလုံး သဘောကိုသိလျက်၊ သူတို့အပြစ်ကိုလွှတ်တော်မူပါ။ အသီးအသီးပြုကြသည်အတိုင်း စီရင်တော်မူပါ။

  9. ဓမ္မရာဇဝင်တတိယစောင် 8:41ခရစ်တော် မပေါ်မီ 1004 ခန့်

    ကိုယ်တော်၏လူ ဣသရေလအမျိုးမဟုတ်၊ တပါးအမျိုးသားတို့သည် ကြီးမြတ်သော နာမတော်၏ သိတင်းနှင့်တန်ခိုးကြီး၍၊ ဆန့်တော်မူသော လက်ရုံးတော် ၏သိတင်းကိုကြားသောကြောင့်၊ နာမတော်ကို ထောက် သဖြင့် ဝေးသောပြည်မှ ရောက်လာ၍၊ ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင်၊

  10. ဓမ္မရာဇဝင်တတိယစောင် 8:42ခရစ်တော် မပေါ်မီ 1004 ခန့်

    ကိုယ်တော်၏လူ ဣသရေလအမျိုးမဟုတ်၊ တပါးအမျိုးသားတို့သည် ကြီးမြတ်သော နာမတော်၏ သိတင်းနှင့်တန်ခိုးကြီး၍၊ ဆန့်တော်မူသော လက်ရုံးတော် ၏သိတင်းကိုကြားသောကြောင့်၊ နာမတော်ကို ထောက် သဖြင့် ဝေးသောပြည်မှ ရောက်လာ၍၊ ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင်၊

  11. ဓမ္မရာဇဝင်တတိယစောင် 8:43ခရစ်တော် မပေါ်မီ 1004 ခန့်

    ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နား ထောင်တော်မူပါ။ ကိုယ်တော်၏လူဣသရေလ အမျိုးသားတို့သည် ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့ မြေကြီးသားအပေါင်းတို့သည် ကြောက်ရွံ့လျက်၊ နာမ တော်ကို သိစေခြင်းငှါ၎င်း၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့် သမုတ်ကြောင်းကို သိစေ ခြင်းငှါ၎င်း၊ ထိုတပါးအမျိုးသားတို့သည် ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါ။

  12. ဓမ္မရာဇဝင်တတိယစောင် 8:44ခရစ်တော် မပေါ်မီ 1004 ခန့်

    ကိုယ်တော်စေခိုင်းတော်မူသည်အတိုင်း၊ ကိုယ်တော်၏ လူတို့သည် ရန်သူတို့ရှိရာသို့ စစ်ချီသောအခါ၊ ရွေးတော်မူသောမြို့၊ နာမတော်အဘို့ အကျွန်ုပ် တည်ဆောက်သော အိမ်တော်ကို မှီခိုလျက်၊ ထာဝရဘုရားအား ဆုတောင်းကြလျှင်၊

  13. ဓမ္မရာဇဝင်တတိယစောင် 8:45ခရစ်တော် မပေါ်မီ 1004 ခန့်

    သူတို့ ဆုတောင်းပဌနာပြုသော စကားကို ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့အမှုကို စောင့်တော် မူပါ။

  14. ဓမ္မရာဇဝင်တတိယစောင် 8:46ခရစ်တော် မပေါ်မီ 1004 ခန့်

    မပြစ်မှားတတ်သော လူတယောက်မျှမရှိသည် ဖြစ်၍၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို ပြစ်မှား သောကြောင့်၊ အမျက်တော်ထွက်၍ ရန်သူလက်သို့ အပ်တော်မူသဖြင့်၊ ရန်သူတို့သည် ဝေးသောပြည်၊ နီးသောပြည်၊ အခြားတပါးသောပြည်သို့ သိမ်းသွားလျှင်၎င်း၊

  15. ဓမ္မရာဇဝင်တတိယစောင် 8:47ခရစ်တော် မပေါ်မီ 1004 ခန့်

    ထိုပြည်၌ အချုပ်ခံစဉ်၊ သူတို့သည် သတိရ၍၊ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ မဖြောင့်သောအမှု၊ ဆိုး ညစ်သောအမှုကို ပြုမိပါပြီဟု စိတ်ပြောင်းလဲ၍ တောင်းပန်သဖြင့်၊

  16. ဓမ္မရာဇဝင်တတိယစောင် 8:48ခရစ်တော် မပေါ်မီ 1004 ခန့်

    သိမ်းသွားသော ရန်သူတို့၏ ပြည်၌နေစဉ်၊ စိတ်နှလုံးအကြွင်းမဲ့ အထံတော်သို့ ပြန်လာ၍၊ ဘိုးဘေးတို့ အား ပေးတော်မူသောပြည်၊ ရွေးတော်မူသောမြို့၊ နာမတော်အဘို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ဆိုတောင်းလျှင်၎င်း၊

  17. ဓမ္မရာဇဝင်တတိယစောင် 8:49ခရစ်တော် မပေါ်မီ 1004 ခန့်

    သူတို့ဆုတောင်းပဌနာပြုသော စကားကို ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌နားထောင်၍ သူတို့ အမှုကို စောင့်တော်မူပါ။

  18. ဓမ္မရာဇဝင်တတိယစောင် 8:50ခရစ်တော် မပေါ်မီ 1004 ခန့်

    ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကိုပြစ်မှား သော်လည်း၊ ကိုယ်တော်ကို ပြစ်မှားလွန်ကျူးခြင်းအပြစ် အလုံးစုံတို့ကို ဖြေရှင်းတော်မူပါ။ သိမ်းသွားသော သူတို့သည် ကိုယ်တော်၏လူတို့ကို သနားစေခြင်းငှါ၊ ကရုဏာ စိတ်သဘောကို ပေးတော်မူပါ။

  19. ဓမ္မရာဇဝင်တတိယစောင် 8:51ခရစ်တော် မပေါ်မီ 1004 ခန့်

    အကြောင်းမူကား၊ သူတို့သည် အဲဂုတ္တုပြည်၏ သံမီးဖိုထဲကနှုတ်ယူတော်မူသော ကိုယ်တော်၏လူ၊ အမွေခံရတော်မူသော အမျိုးဖြစ်ပါ၏။

  20. ဓမ္မရာဇဝင်တတိယစောင် 8:52ခရစ်တော် မပေါ်မီ 1004 ခန့်

    ကိုယ်တော်၏ ကျွန်မှစ၍ ကိုယ်တော်၏လူ ဣသရေလအမျိုးသား ဆုတောင်းပဌနာပြုသော စကား အလုံးစုံတို့ကို နားထောင်ခြင်းငှါ ကြည့်ရှုမှတ်ယူ တော်မူပါ။

  21. ဓမ္မရာဇဝင်တတိယစောင် 8:53ခရစ်တော် မပေါ်မီ 1004 ခန့်

    အကြောင်းမူကား၊ အကျွန်ုပ်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသောအခါ၊ ကိုယ်တော်၏ ကျွန်မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို ကိုယ်တော်အမွေခံရာဖြစ်စေ ခြင်းငှါ၊ မြေကြီးသားအမျိုးမျိုးထဲက ရွေးနှုတ်ခွဲထားတော်မူ ပြီအရှင် ထာဝရဘုရားဟု ပဌနာပြုလေ၏။

  22. ဓမ္မရာဇဝင်တတိယစောင် 8:54ခရစ်တော် မပေါ်မီ 1004 ခန့်

    ထိုသို့ရှောလမုန်သည် ထာဝရဘုရား ရှေ့တော်၌ ဆုတောင်းပဌနာပြု၍ ပြီးသောအခါ၊ ထာဝရဘုရား၏ ယဇ်ပလ္လင်ရှေ့မှာ ဒူးထောက်လျက်၊ လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်လျက်နေရာမှထ၍၊

  23. ဓမ္မရာဇဝင်တတိယစောင် 8:55ခရစ်တော် မပေါ်မီ 1004 ခန့်

    မတ်တတ်နေပြီးလျှင်၊ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို ကျယ်သောအသံနှင့် ကောင်းကြီးပေးသော စကားဟူမူကား၊

  24. ဓမ္မရာဇဝင်တတိယစောင် 8:56ခရစ်တော် မပေါ်မီ 1004 ခန့်

    ဂတိတော်ရှိသမျှအတိုင်း မိမိလူ ဣသရေလအမျိုးကို ငြိမ်ဝပ်စေခြင်းငှါ စီရင်တော်မူသော ထာဝရ ဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ မိမိကျွန် မောရှေအားဖြင့် ထားတော်မူသော ဂတိတော်ကောင်း တခွန်းမျှမပျက်၊

  25. ဓမ္မရာဇဝင်တတိယစောင် 8:57ခရစ်တော် မပေါ်မီ 1004 ခန့်

    ငါတို့ဘုရားသခင် ထာဝရဘုရားသည် ငါတို့ ဘိုးဘေးများနှင့်အတူ ရှိတော်မူသည်နည်းတူ ငါတို့နှင့် အတူ ရှိတော်မူပါစေသော။ ငါတို့ကို အလျှင်းစွန့်ပစ်တော် မမူပါစေနှင့်။