အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Sinai & The Law

God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.

1,657 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထွက်မြောက်ရာကျမ်း 22:10ခရစ်တော် မပေါ်မီ 1491 ခန့်

    လူသည် အိမ်နီးချင်းလယ်၌ မြည်း၊ နွား၊ သိုးအစရှိသော တိရစ္ဆာန်တစုံတခုကို အပ်နှံ၍၊ ထိုတိရစ္ဆာန် သေသော်၎င်း၊ ထိခိုက်၍နာသော်၎င်း၊ သက်သေမရှိဘဲ သူတပါးမောင်း၍သွားသော်၎င်း၊

  2. ထွက်မြောက်ရာကျမ်း 22:11ခရစ်တော် မပေါ်မီ 1491 ခန့်

    အပ်နှံခံသောသူသည် ငါ့အိမ်နီးချင်း၏ဥစ္စာကို ငါမယူဟု နှစ်ဦးသဘောတူလျက်၊ ထာဝရဘုရားရှေ့မှာ အကျိန်ခံရလျှင်၊ ဥစ္စာရှင်သည် ဝန်ခံရမည်။ အပ်နှံခံသူလည်း မလျော်ရ။

  3. ထွက်မြောက်ရာကျမ်း 22:12ခရစ်တော် မပေါ်မီ 1491 ခန့်

    သို့ရာတွင် သူတပါးခိုးသွားလျှင်၊ အပ်နှံခံသူသည် ဥစ္စာရှင်အား ပြန်ပေးရမည်။

  4. ထွက်မြောက်ရာကျမ်း 22:13ခရစ်တော် မပေါ်မီ 1491 ခန့်

    သားရဲကိုက်လျှင် သက်သေဘို့ အသေကောင်ကိုပြစေ။ ပြနိုင်လျှင် အလျော်မခံရ။

  5. ထွက်မြောက်ရာကျမ်း 22:14ခရစ်တော် မပေါ်မီ 1491 ခန့်

    လူသည် အိမ်နီးချင်း၌ တစုံတခုကို ငှါး၍ ဥစ္စာရှင်မပါဘဲ သေသော်၎င်း၊ ထိခိုက်၍ နာသော်၎င်း၊ အမှန်လျော်ရမည်။

  6. ထွက်မြောက်ရာကျမ်း 22:15ခရစ်တော် မပေါ်မီ 1491 ခန့်

    ဥစ္စာရှင်ပါလျှင်၊ ငှါးသောသူသည် မလျော်ရ။ အခနှင့် ငှါးလျှင်မူကား၊ ဥစ္စာရှင်သည် အခကိုသာ တောင်းရမည်။

  7. ထွက်မြောက်ရာကျမ်း 22:16ခရစ်တော် မပေါ်မီ 1491 ခန့်

    မပေးစားလိုသော အပျိုကို၊ အကြင်ယောက်ျားသည် ချော့မော့၍ သင့်နေလျှင်၊ ကန်တော့ဥစ္စာကို ပေး၍ ထိုမိန်းမကို မယားအရာ၌ မြှောက်ထားရမည်။

  8. ထွက်မြောက်ရာကျမ်း 22:17ခရစ်တော် မပေါ်မီ 1491 ခန့်

    မိန်းမ၏အဘ သဘောမတူမပေးစားလိုလျှင်၊ ကန်တော့ရသည်နှင့်အမျှ ငွေကို လျော်ရမည်။

  9. ထွက်မြောက်ရာကျမ်း 22:18ခရစ်တော် မပေါ်မီ 1491 ခန့်

    စုန်းမကို အသက်ရှင်စေခြင်းငှါ အခွင့်မပေးရ။

  10. ထွက်မြောက်ရာကျမ်း 22:19ခရစ်တော် မပေါ်မီ 1491 ခန့်

    တိရစ္ဆာန်နှင့်သင့်နေသော သူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။

  11. ထွက်မြောက်ရာကျမ်း 22:20ခရစ်တော် မပေါ်မီ 1491 ခန့်

    ထာဝရဘုရားမှတပါး အခြားသော ဘုရားရှေ့မှာ ယဇ်ပူဇော်သောသူကို ရှင်းရှင်းဖျက်ဆီးရမည်။

  12. ထွက်မြောက်ရာကျမ်း 22:21ခရစ်တော် မပေါ်မီ 1491 ခန့်

    တပြည်တနိုင်ငံသားဖြစ်သော ဧည့်သည်ကို မနှောင့်ရှက်မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဘူးပြီ။

  13. ထွက်မြောက်ရာကျမ်း 22:22ခရစ်တော် မပေါ်မီ 1491 ခန့်

    မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမကို သင်တို့သည် မနှောင့်ရှက်ရ။

  14. ထွက်မြောက်ရာကျမ်း 22:23ခရစ်တော် မပေါ်မီ 1491 ခန့်

    နှောင့်ရှက်ခြင်းတစုံတခုကို ပြု၍ သူတို့သည် ငါ့အား အနည်းငယ်အော်ဟစ်လျှင်၊ ငါသည် ထိုအသံကို အမှန်ကြား၍၊

  15. ထွက်မြောက်ရာကျမ်း 22:24ခရစ်တော် မပေါ်မီ 1491 ခန့်

    ငါအမျက်ပြင်းစွာ ထွက်လျှက် သင်တို့ကို ထားဘေးဖြင့် ကွပ်မျက်မည်။ သင်တို့မယားများသည်လည်း မုတ်ဆိုးမဖြစ်၍၊ သားသမီးများသည်လည်း မိဘမရှိသော သူငယ်ဖြစ်ကြလိမ့်မည်။

  16. ထွက်မြောက်ရာကျမ်း 22:25ခရစ်တော် မပေါ်မီ 1491 ခန့်

    ငါ့လူဖြစ်သော ဆင်းရဲသား အိမ်နီးချင်းအား သင်သည် ငွေကို ချေးလျှင်၊ အတိုးစားသော သူကဲ့သို့ သူ၌မပြု၊ အတိုးကို မတောင်းရ။

  17. ထွက်မြောက်ရာကျမ်း 22:26ခရစ်တော် မပေါ်မီ 1491 ခန့်

    အိမ်နီးချင်းသည် မိမိစောင်ကို သင်၌ ပေါင်ထားလျှင်၊ မိုဃ်းမချုပ်မှီ ပြန်ပေးရမည်။

  18. ထွက်မြောက်ရာကျမ်း 22:27ခရစ်တော် မပေါ်မီ 1491 ခန့်

    အကြောင်းမူကား၊ အခြားသောခြုံစရာမရှိ။ ကိုယ်ခြုံဘို့ ဖြစ်၏။ သူသည် အဘယ်သို့ အိပ်နိုင်သနည်း။ ငါ့အား အော်ဟစ်လျှင် ငါကြားမည်။ ငါသည် သနားသော သဘောရှိ၏။

  19. ထွက်မြောက်ရာကျမ်း 22:28ခရစ်တော် မပေါ်မီ 1491 ခန့်

    ဘုရားသခင်ကို လွန်ကျူး၍ မပြောရ။ သင်၏အမျိုးကို အုပ်စိုးသော မင်းကို မကျိန်ဆဲရ။

  20. ထွက်မြောက်ရာကျမ်း 22:29ခရစ်တော် မပေါ်မီ 1491 ခန့်

    အဦးမှည့်သောအသီး၊ အဦးညှစ်သောအရည်ကို မထိမ်မဝှက်ဘဲ ဆက်ကပ်ရမည်။ အဦးဘွားသော သားယောက်ျားကိုလည်း ငါ့အား ဆက်ကပ်ရမည်။

  21. ထွက်မြောက်ရာကျမ်း 22:30ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုနည်းတူ သိုးနွားတို့ကို ပြုရမည်။ ခုနစ်ရက်ပတ်လုံး သိုးနွားသငယ်ကို အမိနှင့်အတူ နေစေ၍၊ အဋ္ဌမနေ့ရောက်မှ ငါ့အား ဆက်ကပ်ရမည်။

  22. ထွက်မြောက်ရာကျမ်း 22:31ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့သည် ငါ့ထံ၌ သန့်ရှင်းသောသူ ဖြစ်ရကြမည်။ တော၌ သားရဲကိုက်သော အမဲသားကို မစားရ။ ခွေးတို့အား ပစ်ပေးရမည်။

  23. ထွက်မြောက်ရာကျမ်း 23:1ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်သည် မှားသော သိတင်းစကားကို မကြားမပြောရ။ မတရားသောသူတို့နှင့် ဝိုင်းညီ၍ မမှန်သော သက်သေကို မခံရ။

  24. ထွက်မြောက်ရာကျမ်း 23:2ခရစ်တော် မပေါ်မီ 1491 ခန့်

    လူများနောက်သို့ လိုက်၍ မတရားသဖြင့် မပြုရ။ တရားတွေ့သည်အမှုမှာ ကြီးသောသူဘက်၌ နေ၍၊ တရားလမ်းမှ လွဲစေခြင်းငှါ မပြောရ။

  25. ထွက်မြောက်ရာကျမ်း 23:3ခရစ်တော် မပေါ်မီ 1491 ခန့်

    ဆင်းရဲသောသူဘက်၌လည်း မငဲ့ကွက်ရ။