- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1050–1010 BC
Samuel & King Saul
Israel demands a king; Samuel anoints Saul, whose disobedience leads to his rejection as God chooses a man after his own heart.
ဤကာလမှ အခန်းငယ်များ
- ဓမ္မရာဇဝင်ပဌမစောင် 8:19ခရစ်တော် မပေါ်မီ 1112 ခန့်
သို့သော်လည်း လူများတို့က၊ မဟုတ်ပါ။ အုပ်စိုးသော ရှင်ဘုရင်ကို လိုချင်ပါ၏။
- ဓမ္မရာဇဝင်ပဌမစောင် 8:20ခရစ်တော် မပေါ်မီ 1112 ခန့်
အကျွန်ုပ်တို့သည် တပါးအမျိုးသားအပေါင်းတို့နှင့် တူမည်အကြောင်း အကျွန်ုပ်တို့ကို အုပ်စိုးသော ရှင်ဘုရင်ရှိရမည်။ အကျွန်ုပ်တို့ရှေ့မှာ ထွက်ကြွ၍ စစ်တိုက်ရမည်ဟု ရှမွေလ၏ စကားကို နားမထောင် ဘဲ ဆိုကြ၏။
- ဓမ္မရာဇဝင်ပဌမစောင် 8:21ခရစ်တော် မပေါ်မီ 1112 ခန့်
ထိုသူတို့၏ စကားများကို ရှမွေလသည် ကြားလျှင်၊ ထာဝရဘုရားရှေ့တော်၌ လျှောက်လေ၏။
- ဓမ္မရာဇဝင်ပဌမစောင် 8:22ခရစ်တော် မပေါ်မီ 1112 ခန့်
ထာဝရဘုရားကလည်း၊ သူတို့စကားကို နားထောင်၍ သူတို့အဘို့ ရှင်ဘုရင်ကို ချီးမြှောက်လော့ဟု မိန့်တော်မူသဖြင့်၊ ရှမွေလက၊ သင်တို့အသီးအသီး နေရာ မြို့ရွာသို့ ပြန်သွားကြလော့ဟု ဣသရေလ လူတို့အား ပြောဆိုလေ၏။
- ဓမ္မရာဇဝင်ပဌမစောင် 9:1ခရစ်တော် မပေါ်မီ 1095 ခန့်
ဗင်္ယာမိန်အမျိုးသား အာဖိ၊ ဗေခေါရတ်၊ ဇေရော်၊ အဗျေလမှ ဆင်းသက်၍ ကိရှအမည်ရှိသော ဗင်္ယာမိန် အမျိုးသားတယောက် ရှိ၏။ သူသည်အလွန် ခွန်အားကြီးသောသူဖြစ်၏။
- ဓမ္မရာဇဝင်ပဌမစောင် 9:2ခရစ်တော် မပေါ်မီ 1095 ခန့်
ထိုသူ၌ ရှောလုအမည်ရှိသော သားတယောက်ရှိ၏။ ထိုသားသည် အဆင်းလှ၍ ထူးဆန်းသော သူဖြစ်၏။ ဣသရေလအမျိုးသားတို့တွင် ထိုသူထက်သာ၍ အဆင်းလှသော သူတယောက်မျှ မရှိ။ သူသည် အခြားသောသူထက် ပခုံးအထက်မှာ အရပ်သာ၍ မြင့်၏။
- ဓမ္မရာဇဝင်ပဌမစောင် 9:3ခရစ်တော် မပေါ်မီ 1095 ခန့်
ရှောလုအဘကိရှ၏ မြည်းတို့သည် ပျောက်သောကြောင့်၊ ကိရှက၊ သင်သည် ငယ်သားတယောက်ကို ခေါ်၍ မြည်းတို့ကို ရှာအံ့သောငှါ ထသွားလော့ဟု မိမိသား ရှောလုအားဆိုသည်အတိုင်း၊
- ဓမ္မရာဇဝင်ပဌမစောင် 9:4ခရစ်တော် မပေါ်မီ 1095 ခန့်
သူတို့သည် ဧဖရိမ်တောင်အရပ်နှင့် ရှလိရှအရပ်တရှောက်လုံး၌ ရှာ၍ မတွေ့လျှင်၊ တဖန် ရှာလိမ် အရပ်မှသည် ဗင်္ယာမိန်အရပ်များ တရှောက်လုံး၌ မတွေ့။
- ဓမ္မရာဇဝင်ပဌမစောင် 9:5ခရစ်တော် မပေါ်မီ 1095 ခန့်
ဇုဖအရပ်သို့ ရောက်သောအခါ၊ ရှောလုက၊ ပြန်ကြစို့။ သို့မဟုတ် အဘသည် မြည်းတို့ကြောင့် မစိုးရိမ်၊ ငါတို့ကြောင့် စိုးရိမ်လိမ့်မည်ဟု ငယ်သားကို ပြောဆိုလျှင်၊
- ဓမ္မရာဇဝင်ပဌမစောင် 9:6ခရစ်တော် မပေါ်မီ 1095 ခန့်
ငယ်သားက၊ ဤမြို့၌ အသရေ ထင်ရှားသော ဘုရားသခင်၏ လူတယောက်ရှိ၏။ သူပြောသမျှသော စကားသည် ဧကန်အမှန် ပြည့်စုံတတ်၏။ သူ့ထံသို့ သွားကြစို့။ ငါတို့ သွားရသောလမ်းကို သူပြကောင်း ပြလိမ့်မည်ဟု ဆို၏။
- ဓမ္မရာဇဝင်ပဌမစောင် 9:7ခရစ်တော် မပေါ်မီ 1095 ခန့်
ရှောလုကလည်း၊ သွားလျှင် အဘယ်အရာကို လှူရမည်နည်း။ ငါတို့၌ပါသော မုန့်ကုန်ပြီ။ ဘုရား သခင်၏ လူကို လှူစရာ အလှူတစုံတခုမျှ မရှိ။ ငါတို့၌ တစုံတခုရှိသေးသလောဟု ငယ်သားအား မေးသော်၊
- ဓမ္မရာဇဝင်ပဌမစောင် 9:8ခရစ်တော် မပေါ်မီ 1095 ခန့်
ငယ်သားက၊ ကျွန်တော်လက်၌ ငွေတမတ်ရှိပါ၏။ ငါတို့ကို လမ်းပြသည်အတွက် ဘုရားသခင်၏ လူအား ပေးပါမည်ဟု ရှောလုအား ပြန်ပြော၏။
- ဓမ္မရာဇဝင်ပဌမစောင် 9:9ခရစ်တော် မပေါ်မီ 1095 ခန့်
ရှေးကာလ၌ ဣသရေလအမျိုးသားတို့သည် ဘုရားသခင်ကို မေးမြန်းခြင်းငှါ သွားမည်ဟု အကြံရှိ လျှင်၊ မြင်သောသူထံသို့ သွားကြစို့ဟု ဆိုတတ်ကြ၏။ ပရောဖက်ဟူ၍ ခေါ်ဝေါ်သောသူကို ရှေး ကာလ၌ မြင်သောသူဟူ၍ ခေါ်ဝေါ်ကြသတည်း။
- ဓမ္မရာဇဝင်ပဌမစောင် 9:10ခရစ်တော် မပေါ်မီ 1095 ခန့်
ရှောလုကလည်း၊ ကောင်းပြီသွားကြစို့ဟု ငယ်သားအား ဆိုလျက်၊ ဘုရားသခင်၏ လူရှိရာမြို့သို့ သွားကြ၏။
- ဓမ္မရာဇဝင်ပဌမစောင် 9:11ခရစ်တော် မပေါ်မီ 1095 ခန့်
မြို့ပြင်ကုန်းပေါ်သို့ ရောက်သောအခါ၊ ရေခပ်လာသော မိန်းမပျိုတို့ကို တွေ့၍၊ ဤအရပ်၌ မြင်သောသူ ရှိသလောဟု မေးသော်၊-
- ဓမ္မရာဇဝင်ပဌမစောင် 9:12ခရစ်တော် မပေါ်မီ 1095 ခန့်
ရှိပါ၏။ သင်တို့ရှေ့မှာ ရှိပါ၏။ အလျင်အမြန်သွားတော့။ မြင်သောသူသည် ဤမြို့သို့ ယနေ့လာပြီ။ လူများ တို့သည် မြင့်သောအရပ်၌ ယနေ့ယဇ်ပွဲကို ဆောင်ကြ၏။
- ဓမ္မရာဇဝင်ပဌမစောင် 9:13ခရစ်တော် မပေါ်မီ 1095 ခန့်
ဆရာသည် မြင့်သောအရပ်၌ ယဇ်သားကို စားအံ့သောငှါ မတက်မှီ သင်တို့သည် မြို့ထဲသို့ဝင်လျှင် ချက်ခြင်း တွေ့လိမ့်မည်။ သူမရောက်မီ လူများတို့သည် မစားတတ်ကြ။ သူသည် ယဇ်ပွဲ၌ ဘုရားဝတ်ကို ပြုတတ်၏။ ဝတ်ပြုပြီးမှ ခေါ်ဘိတ်သော သူတို့သည် စားတတ်ကြ၏။ ယခုမှာ သွားလျှင် တွေ့ကြလိမ့် မည်ဟု ပြန်ပြောသည်နှင့်အညီ၊
- ဓမ္မရာဇဝင်ပဌမစောင် 9:14ခရစ်တော် မပေါ်မီ 1095 ခန့်
သူတို့သည် မြို့ထဲသို့ဝင်၍ ရှမွေလသည် မြင့်သောအရပ်သို့ တက်သွားလျက် သူတို့ကို ဆီး၍ ကြိုလေ၏။
- ဓမ္မရာဇဝင်ပဌမစောင် 9:15ခရစ်တော် မပေါ်မီ 1095 ခန့်
ရှောလုမရောက်မှီ မနေ့၌ ထာဝရဘုရားက၊ နက်ဖြန်နေ့၊
- ဓမ္မရာဇဝင်ပဌမစောင် 9:16ခရစ်တော် မပေါ်မီ 1095 ခန့်
ဤအချိန်၌ ဗင်္ယာမိန်ပြည်မှ လူတယောက်ကို သင်ရှိရာသို့ ငါစေလွှတ်မည်။ သင်သည် ထိုသူကို ငါ၏လူ ဣသရေလအမျိုး၏ မင်းအရာ၌ ခန့်ထား၍ ဆီလောင်းခြင်းဘိသိက်ကို ပေးရမည်။ သူသည် ငါ၏ လူတို့ကို ဖိလိတ္တိ လူတို့လက်မှ ကယ်တင်ရလိမ့်မည်။ ငါသည် သူတို့အော်ဟစ်သံကိုကြား၍၊ သူတို့ကို ကြည့်ရှုသည်ဟု ရှမွေလနားအပါး၌ မိန့်တော်မူနှင့်ပြီ။
- ဓမ္မရာဇဝင်ပဌမစောင် 9:17ခရစ်တော် မပေါ်မီ 1095 ခန့်
ရှမွေလသည် ရှောလုကို မြင်သောအခါ၊ ထာဝရဘုရားက၊ ငါပြောသောသူကို ကြည့်လော့၊ ဤသူ သည် ငါ၏ လူတို့ကို အုပ်ချုပ်ရလိမ့်မည်ဟု မိန့်တော်မူ၏။
- ဓမ္မရာဇဝင်ပဌမစောင် 9:18ခရစ်တော် မပေါ်မီ 1095 ခန့်
ထိုအခါ ရှောလုသည် ရှမွေလရှိရာ တံခါးဝသို့ ချဉ်းကပ်လျှင်၊ မြင်သောသူ၏အိမ်ကို ပြပါလော့ဟု တောင်းပန်သော်၊-
- ဓမ္မရာဇဝင်ပဌမစောင် 9:19ခရစ်တော် မပေါ်မီ 1095 ခန့်
ရှမွေလက၊ ငါသည် မြင်သောသူ ဖြစ်၏။ ငါ့ရှေ့မှာ မြင့်သောအရပ်သို့ တက်သွားလော့။ ယနေ့ ငါနှင့်အတူ စားရမည်။ နက်ဖြန်နေ့ ငါလွှတ်လိုက်မည်။ သင့်စိတ်နှလုံးထဲမှာ ရှိသမျှကိုလည်း ငါဘော်ပြမည်။
- ဓမ္မရာဇဝင်ပဌမစောင် 9:20ခရစ်တော် မပေါ်မီ 1095 ခန့်
တမြန်နေ့က ပျောက်သော သင်၏ မြည်းတို့ကို မအောက်မေ့နှင့် တွေ့လျက်ရှိပြီ။ ဣသရေလအမျိုး သည် အဘယ်သူကို အလိုရှိသနည်း။ သင်နှင့် သင်၏ အဆွေအမျိုးအပေါင်းကို အလိုရှိသည် မဟုတ် လောဟု ရှောလုအား ပြောဆို၏။
- ဓမ္မရာဇဝင်ပဌမစောင် 9:21ခရစ်တော် မပေါ်မီ 1095 ခန့်
ရှောလုကလည်း၊ အကျွန်ုပ်သည် ဣသရေလအမျိုးတို့တွင် အငယ်ဆုံးသောအမျိုး၊ ဗင်္ယာမိန် အမျိုး သားဖြစ်ပါသည် မဟုတ်လော။ အကျွန်ုပ်အဆွေအမျိုးသည် ဗင်္ယာမိန်အဆွေအမျိုး အပေါင်းတို့တွင် အငယ်ဆုံးဖြစ်ပါသည် မဟုတ်လော။ ကိုယ်တော်သည် အကျွန်ုပ်အား အဘယ်ကြောင့် ဤသို့ ပြောပါသနည်းဟု လျှောက်လေ၏။