- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1050–1010 BC
Samuel & King Saul
Israel demands a king; Samuel anoints Saul, whose disobedience leads to his rejection as God chooses a man after his own heart.
ဤကာလမှ အခန်းငယ်များ
- ဓမ္မရာဇဝင်ပဌမစောင် 9:22ခရစ်တော် မပေါ်မီ 1095 ခန့်
ထိုအခါ ရှမွေလသည် ရှောလုနှင့် သူ၏ငယ်သားကိုခေါ်၍ အိမ်ခန်းထဲသို့ သွင်းပြီးလျှင်၊ ခေါ်ဘိတ်သော သူ သုံးဆယ်တို့တွင် အမြတ်ဆုံးသော အရပ်၌ ထိုင်စေ၏။
- ဓမ္မရာဇဝင်ပဌမစောင် 9:23ခရစ်တော် မပေါ်မီ 1095 ခန့်
ပွဲသူကြီးကိုလည်းခေါ်ပြီးလျှင်၊ သင်၌ ငါအပ်ပေး၍ အခြားစီထားစေခြင်းငှါ၊ ငါမှာခဲ့သောအဘို့ကို ယူခဲ့တော့ဟု ဆိုသည်အတိုင်း၊
- ဓမ္မရာဇဝင်ပဌမစောင် 9:24ခရစ်တော် မပေါ်မီ 1095 ခန့်
ပွဲသူကြီးသည် ပခုံးနှင့် ပခုံးပေါ်မှာ ခင်းသောအရာကိုယူ၍ ရှောလုရှေ့မှာထားလေ၏။ ရှမွေလက လည်း၊ ချန်ထားသောအရာကို ယူ၍ စားတော့။ ခေါ်ဘိတ်သော သူတို့အား ပြောနှင့်သည်အတိုင်း သင့်အဘို့ ယခုတိုင်အောင် သိုထားလျက်ရှိပြီဟု ဆို၍ ထိုနေ့၌ ရှောလုသည် ရှမွေလနှင့်အတူ စား သောက်လေ၏။
- ဓမ္မရာဇဝင်ပဌမစောင် 9:25ခရစ်တော် မပေါ်မီ 1095 ခန့်
ထိုသူတို့သည် မြင့်သောအရပ်မှဆင်း၍ မြို့ထဲသို့ဝင်ပြီးလျှင်၊ ရှမွေလနှင့်ရှောလုတို့သည် အိမ်မိုးပေါ် မှာ စကားပြောလျက် နေကြ၏။
- ဓမ္မရာဇဝင်ပဌမစောင် 9:26ခရစ်တော် မပေါ်မီ 1095 ခန့်
နံနက်စောစောထ၍ မိုဃ်းလင်းသောအခါ၊ ရှမွေလက၊ ထလော့။ သင့်ကို ငါလွှတ်လိုက်မည်ဟု ရှော လုကို အိမ်မိုးပေါ်မှာ ခေါ်ပြီးလျှင်၊ ရှောလုသည် ထ၍ ထိုသူနှစ်ယောက်တို့သည် ထွက်သွားကြ၏။
- ဓမ္မရာဇဝင်ပဌမစောင် 9:27ခရစ်တော် မပေါ်မီ 1095 ခန့်
မြို့စွန်းသို့ ရောက်သောအခါ ရှမွေလက၊ သင်၏ ငယ်သားကို ရှေ့သို့သွားစေခြင်းငှါ ပြောတော့ဟု ရှောလုအားဆိုသဖြင့်၊ ငယ်သားသည် ရှေ့သို့သွားလေ၏။ ရှမွေလကလည်း ရပ်နေတော့။ ဘုရား သခင်၏ အမိန့်တော်ကို ငါပြန်မည်ဟုဆိုလျက်၊
- ဓမ္မရာဇဝင်ပဌမစောင် 10:1ခရစ်တော် မပေါ်မီ 1095 ခန့်
ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်မှာ လောင်းလေ၏။ တဖန် သူ့ကိုနမ်းသဖြင့်၊ ထာဝရဘုရားသည် သင့်ကို အမွေတော်လူမျိုး၏ မင်းအရာ၌ ခန့်ထား၍ ဆီလောင်ခြင်း ဘိသိက်ကိုပေးတော်မူ၏။
- ဓမ္မရာဇဝင်ပဌမစောင် 10:2ခရစ်တော် မပေါ်မီ 1095 ခန့်
ယနေ့ ငါနှင့်ကွာ၍ သွားသောအခါ၊ ဗင်္ယာမိန်ခရိုင်စွန်း၊ ဇေလဇရွာ၊ ရာခေလသင်္ချိုင်းအနားမှာ လူနှစ်ယောက်ကို တွေ့လိမ့်မည်။ သူတို့က၊ သင်သွား၍ ရှာသောမြည်းတို့ကို တွေ့ပြီ။ သင်၏ အဘသည် မြည်းတို့ကို အမှုမထား၊ ငါ့သားအဘို့ အဘယ်သို့ ပြုရပါမည်နည်းဟု ဆိုလျက် စိုးရိမ်ကြောင်းကို ပြောကြလိမ့်မည်။
- ဓမ္မရာဇဝင်ပဌမစောင် 10:3ခရစ်တော် မပေါ်မီ 1095 ခန့်
ထိုအရပ်မှ လွန်၍ တာဗော်လွင်ပြင်သို့ ရောက်လျှင်၊ ဆိတ်သငယ်သုံးကောင်ကို ဆောင်သောသူ တယောက်၊ မုန့်သုံးလုံးကို ဆောင်သော သူတယောက်၊ စပျစ်ရည်ဘူးကိုဆောင်သောသူ တယောက်တည်းဟူသော ဗေသလမြို့ ဘုရားသခင့် ထံတော်သို့ သွားသောသူသုံးယောက်တို့နှင့် သင်သည် တွေ့ကြုံလိမ့်မည်။
- ဓမ္မရာဇဝင်ပဌမစောင် 10:4ခရစ်တော် မပေါ်မီ 1095 ခန့်
ထိုသူတို့သည် နှုတ်ဆက်ပြီးလျှင် မုန့်နှစ်လုံးကို ပေး၍၊ သင်သည် သူတို့လက်မှ ခံယူရလိမ့်မည်။
- ဓမ္မရာဇဝင်ပဌမစောင် 10:5ခရစ်တော် မပေါ်မီ 1095 ခန့်
ထိုနောက်မှ ဖိလိတ္တိတပ်ရှိရာ ဘုရားသခင်၏ တောင်သို့ ရောက်၍ မြို့သို့ ချဉ်းကပ်သောအခါ၊ ပရောဖက် အပေါင်းအသင်းသည် တယော၊ ပတ်သာ၊ ပုလွေ၊ စောင်းပါလျက် ပရောဖက်ပြုလျက်၊ မြင့်သောအရပ်မှ ဆင်းလာကြသည်ကို တွေ့လိမ့်မည်။
- ဓမ္မရာဇဝင်ပဌမစောင် 10:6ခရစ်တော် မပေါ်မီ 1095 ခန့်
ထိုအခါ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သင့်အပေါ်မှာ သက်ရောက်သဖြင့်၊ သင်သည် သူတို့နှင့် အတူ ပရောဖက်ပြု၍ ခြားနားသောသူ ဖြစ်လိမ့်မည်။
- ဓမ္မရာဇဝင်ပဌမစောင် 10:7ခရစ်တော် မပေါ်မီ 1095 ခန့်
ဤနိမိတ်လက္ခဏာတို့သည် သင်၌ ဖြစ်သောအခါ၊ အဆင်သင့်သည်အတိုင်း ပြုလော့။ ဘုရားသခင် သည် သင်နှင့်အတူ ရှိတော်မူ၏။
- ဓမ္မရာဇဝင်ပဌမစောင် 10:8ခရစ်တော် မပေါ်မီ 1095 ခန့်
သင်သည်လည်း ငါ့ရှေ့မှာ ဂိလဂါလမြို့သို့ သွားရမည်။ ငါသည်လည်း မီးရှို့ရာယဇ်၊ မိဿဟာယယဇ် တို့ကို ပူဇော်ခြင်းငှါ သင်ရှိရာသို့ လာမည်။ ငါလာ၍ သင်ပြုရသော အမှုကို မပြမှီတိုင်အောင် သင်သည် ငံ့နေရမည်ဟု ဆို၏။
- ဓမ္မရာဇဝင်ပဌမစောင် 10:9ခရစ်တော် မပေါ်မီ 1095 ခန့်
ရှောလုသည် ရှမွေလထံမှ ထွက်သွားမည်ဟု လှည့်သောအခါ၊ ခြားနားသော စိတ်နှလုံးကို ဘုရားသခင် ပေးတော်မူ၍၊ ထိုနိမိတ်လက္ခဏာ အလုံးစုံတို့သည် ထိုနေ့ခြင်းတွင် ဖြစ်လေ၏။
- ဓမ္မရာဇဝင်ပဌမစောင် 10:10ခရစ်တော် မပေါ်မီ 1095 ခန့်
တောင်တော်သို့ရောက်သောအခါ၊ ပရောဖက် အပေါင်းအသင်းတို့သည် ဆီး၍ ကြိုကြစဉ်တွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရှောလုအပေါ်သို့ သက်ရောက်တော်မူသဖြင့်၊ သူတို့နှင့်အတူ ပရောဖက် ပြုလေ၏။
- ဓမ္မရာဇဝင်ပဌမစောင် 10:11ခရစ်တော် မပေါ်မီ 1095 ခန့်
ရှောလုသည် ပရောဖက်တို့နှင့်အတူ ပရောဖက်ပြုသည်ကို အထက်က သိကျွမ်းသောသူတို့သည် မြင်သောအခါ၊ ကိရှ၏သား၌ အဘယ်သို့ ဖြစ်သနည်း။ ရှောလုသည်လည်း ပရောဖက်တို့၌ ပါသလော ဟု တယောက်ကိုတယောက် မေးမြန်းကြ၏။
- ဓမ္မရာဇဝင်ပဌမစောင် 10:12ခရစ်တော် မပေါ်မီ 1095 ခန့်
ထိုအရပ်သား တယောက်က၊ သူတို့အဘကား အဘယ်သူနည်းဟုဆို၍၊ ရှောလုသည်လည်း ပရော ဖက်တို့၌ ပါသလောဟူသော စကားသည် ပုံစကားဖြစ်လေ၏။
- ဓမ္မရာဇဝင်ပဌမစောင် 10:13ခရစ်တော် မပေါ်မီ 1095 ခန့်
ရှောလုသည် ပရောဖက်ပြုပြီးမှ မြင့်သောအရပ်သို့ သွား၏။
- ဓမ္မရာဇဝင်ပဌမစောင် 10:14ခရစ်တော် မပေါ်မီ 1095 ခန့်
ရှောလု၏ ဘထွေးက၊ သင်တို့သည် အဘယ်အရပ်သို့ သွားသနည်းဟု ရှောလုနှင့် ငယ်သားကို မေးလျှင်၊ ရှောလုက၊ မြည်းတို့ကို ရှာရအောင် သွား၏။ မတွေ့သောအခါ ရှမွေလထံသို့ ရောက်သည်ဟု ပြန်ပြော၏။
- ဓမ္မရာဇဝင်ပဌမစောင် 10:15ခရစ်တော် မပေါ်မီ 1095 ခန့်
ဘထွေးကလည်း၊ ရှမွေလသည် အဘယ်သို့ ပြောသနည်း။ ငါ့အား ပြန်ပြောပါဟု တောင်းပန်သော်၊
- ဓမ္မရာဇဝင်ပဌမစောင် 10:16ခရစ်တော် မပေါ်မီ 1095 ခန့်
မြည်းတို့ကို တွေ့ပြီဟု ရှမွေလသည် အတပ်ပြောကြောင်းကိုသာ ရှောလုသည် ဘထွေးအာ ပြန်ပြော ၍၊ ရှမွေလပြောသော နိုင်ငံအမှုအရေးကို ဘထွေးအား မကြားမပြောဘဲနေ၏။
- ဓမ္မရာဇဝင်ပဌမစောင် 10:17ခရစ်တော် မပေါ်မီ 1095 ခန့်
တဖန် ရှမွေလသည် လူများတို့ကို မိဇပါမြို့ ထာဝရဘုရားထံတော်သို့ခေါ်၍ စည်းဝေးစေပြီးလျှင်၊
- ဓမ္မရာဇဝင်ပဌမစောင် 10:18ခရစ်တော် မပေါ်မီ 1095 ခန့်
ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးဖြစ်သော သင်တို့ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့၍၊ အဲဂုတ္တုမင်းအစရှိသော သင်တို့ကို ညှဉ်းဆဲသော မင်းအပေါင်း တို့ လက်မှ ကယ်နှုတ်သော်လည်း၊
- ဓမ္မရာဇဝင်ပဌမစောင် 10:19ခရစ်တော် မပေါ်မီ 1095 ခန့်
သင်တို့ကို ဒုက္ခဆင်းရဲဘေးဥပဒ် ရှိသမျှတို့အထဲက ကယ်တင်သော သင်တို့၏ ဘုရားသခင်ကို ယနေ့ သင်တို့သည် ပယ်ကြပြီ။ အကျွန်ုပ်တို့အပေါ်မှာ ရှင်ဘုရင်ရှိစေခြင်းငှါ ချီးမြှောက်တော်မူပါဟု လျှောက်ကြ ပြီ။ သို့ဖြစ်၍ အမျိုးအသီးအသီး၊ အဆွေအသီးအသီးအလိုက် ထာဝရဘုရားရှေ့တော်သို့ ချည်းကပ် ကြလော့ဟု ဣသရေလ အမျိုးသားတို့အား ဆိုသဖြင့်၊