Skip to content

Keilah

15 verses

31.6100, 35.0000 Google Maps တွင် ကြည့်ရန်

Keilah ကို ဖော်ပြသော အခန်းငယ်များ

  1. ကိလမြို့၊ အောခဇိပ်မြို့၊ မရေရှမြို့၊ ရွာနှင့်တကွ ကိုးမြို့တည်း။

  2. ဖိလိတ္တိလူတို့သည် ကိလမြို့ကို တိုက်၍ ကောက်နယ်တလင်းတို့ကို လုယူကြောင်းကို ဒါဝိဒ်သည် ကြားသောအခါ

  3. အကျွန်ုပ်သည် ထိုဖိလိတ္တိလူတို့ကို သွား၍ လုပ်ကြံရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့။ ဖိလိတ္တိလူတို့ကို လုပ်ကြံ၍ ကိလမြို့ကို ကယ်တင် လော့ဟု ဒါဝိဒ်အား မိန့်တော်မူ၏။

  4. ဒါဝိဒ်၏လူတို့ကလည်း၊ ငါတို့သည် ယုဒပြည်၌ပင် ကြောက်ကြ၏။ ထိုမျှမက ကိလမြို့သို့ရောက်၍ ဖိလိတ္တိဗိုလ်ခြေတို့နှင့် စစ်ပြိုင်သောအခါသာ၍ ကြောက်စရာရှိပါသည်တကားဟု ဆိုကြ၏။

  5. တဖန်ဒါဝိဒ်သည် ထပ်၍ ထာဝရဘုရားအား မေးလျှောက်လျှင်၊ ထာဝရဘုရားက၊ ထ၍ ကိလမြို့သို့ သွားလော့။ ဖိလိတ္တိလူတို့ကို သင့်လက်၌ ငါအပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊

  6. ဒါဝိဒ်နှင့် သူ၏လူတို့သည် ကိလမြို့သို့သွား၍ ဖိလိတ္တိလူတို့နှင့် တိုက်သဖြင့်၊ ထိုသူတို့၏ တိရစ္ဆာန်များကို ယူ၍ သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်ကြ၏။ ထိုသို့ဒါဝိဒ်သည် ကိလမြို့ကို ကယ်တင်လေ၏။

  7. အဟိမလက်၏သား အဗျာသာသည်၊ ဒါဝိဒ်ရှိရာ ကိလမြို့သို့ ပြေးလာသောအခါ သင်တိုင်းတော် ပါလျက်ရောက်လာသတည်း။

  8. ဒါဝိဒ်သည် ကိလမြို့သို့ ရောက်ကြောင်းကို ရှောလုကြားလျှင်၊ ဘုရားသခင်သည် သူ့ကို ငါ့လက်သို့ အပ်တော်မူပြီ။ တံခါးနှင့် ကန့်လန့်ကျင်ရှိသော မြို့ထဲသို့ ဝင်သဖြင့်၊ အချုပ်ခံလျက် နေရသည်ဟု ဆိုလျက်၊

  9. ကိလမြို့သို့ စစ်ချီ၍ ဒါဝိဒ်နှင့် သူ၏လူတို့ကို ဝိုင်းထားခြင်းငှါ မိမိလူအပေါင်းတို့ကို စုဝေးစေ၏။

  10. ထိုအခါ ဒါဝိဒ်က၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ ရှောလုသည် ကိလမြို့သို့ လာ၍ ကိုယ်တော်ကျွန်အတွက် ဖျက်ဆီးမည်ဟု အကြံရှိသည်ကို ဆက်ဆက်ကြားပါ၏။

  11. ကိလမြို့သားတို့သည် အကျွန်ုပ်ကို သူ၏လက်၌ အပ်ကြပါလိမ့်မည်လော။ ကိုယ်တော်၏ ကျွန်ကြားသည်အတိုင်း ရှောလုသည် လာပါလိမ့်မည်လော။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏ကျွန်အား အမိန့်ရှိတော်မူမည်အကြောင်း တောင်းပန်ပါ၏ဟု မေးလျှောက်သော်၊ ထာဝရဘုရားက၊ ရှောလုသည် လာလိမ့်မည်ဟု မိန့်တော်မူ၏။

  12. တဖန် ဒါဝိဒ်က၊ ကိလမြို့သားတို့သည် အကျွန်ုပ်နှင့် အကျွန်ုပ်၏လူတို့ကို ရှောလုလက်သို့ အပ်ကြလိမ့်မည်လောဟု မေးလျှောက်သော်၊ ထာဝရဘုရားက၊ အပ်ကြပါလိမ့်မည်ဟု မိန့်တော်မူ၏။

  13. ထိုအခါ ဒါဝိဒ်သည် ခြောက်ရာခန့် ရှိသော မိမိလူတို့နှင့် ထ၍ ကိလမြို့မှ ထွက်ပြီးလျှင်၊ သွားနိုင် ရာအရပ်ရပ်သို့ သွားကြ၏။ ဒါဝိဒ်သည် ကိလမြို့မှ အလွတ်ပြေးကြောင်းကို ရှောလုသည်ကြား၍ ကိုယ်တိုင်မသွားဘဲ နေ၏။

  14. သူ့နောက်မှ၊ လေဝိအမျိုး ဗာနိသား ရေဟုံပြင် ၏။ သူ့နောက်မှ၊ ကိလမြို့တပိုင်းကို အုပ်သော ဟာရှဘိ သည် မိမိတာကိုပြင်၏။

  15. သူ့နောက်မှ၊ ကိလမြို့တပိုင်းကို အုပ်သော ဟေနဒဒ်သား ဟာရှဘိညီဗာဝဲပြင်၏။