အကြောင်းအရာသို့ ကျော်သွားရန်

Urim and Thummin အကြောင်း ကျမ်းစာအခန်းငယ်များ

19 အခန်းငယ် · 6 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ဗျာဒိတ်ရင်ဖုံးအထဲ၌ ဥရိမ်နှင့် သုမိမ်ကို သွင်းထားရမည်။ အာရုန်သည် ထာဝရဘုရား ရှေ့တော်သို့ ဝင်သောအခါ မိမိနှလုံးအပေါ်မှာ ဥရိမ်နှင့် သုမိမ်ပါသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အမှု၌ စီရင်တော်မူချက်ကို ထာဝရဘုရားရှေ့၊ မိမိနှလုံးပေါ်မှာ ဆောင်ရမည်။

  2. ရင်ဖုံးကိုလည်း ဆင်စေ၍၊ ရင်ဖုံးအထဲ၌ ဥရိမ်နှင့် သုမိမ်ကို သွင်းထားလေ၏။

  3. ထိုသူသည် ယဇ်ပုရောဟိတ် ဧလာဇာရှေ့မှာ ရပ်သောအခါ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့တော်၌ ဥရိမ်စီရင်ဆုံးဖြတ်သော တရားအတိုင်း၊ သူ့အတွက် မေးမြန်းရမည်။ သူစီရင်သည်အတိုင်း၊ သူနှင့်အတူ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့ သည် ထွက်ဝင်ရကြမည်ဟု ထာဝရဘုရားသည် မောရှေ အား မှာထားတော်မူသည်အတိုင်း မောရှေပြုလျှက်၊ ယောရှုကိုခေါ်၍ ယဇ်ပုရောဟိတ် ဧလာဇာရှေ့၊ ပရိသတ် အပေါင်းတို့ရှေ့၌ ထားပြီးလျှင်၊

  4. လေဝိအမျိုးကိုကား၊ သင်၏သုမိမ်နှင့် ဥရိမ် သည် မဿာအရပ်၌ သင်စုံစမ်း၍၊ မေရိဘစမ်းရေ အနားမှာ သင်ဆန့်ကျင်ဘက်ပြုသော သင်၏ သန့်ရှင်းသူ ၌ ရှိပါစေသော၊

  5. ယောရှု အနိစ္စရောက်သောနောက်၊ ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ခါနနိလူတို့ရှိရာသို့ ရှေ့ဦးစွာ ချီသွားရပါမည်နည်းဟု ထာဝရဘုရားအား မေးလျှောက်ကြလျှင်၊

  6. ဣသရေလ အမျိုးသားတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ထ၍ သွားပြီးလျှင်၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ဗင်္ယာမိန် အမျိုးကို အဦး ချီသွားရပါမည်နည်းဟု ဘုရားသခင်ထံတော်၌ မေးလျှောက် ကြသော်၊ ထာဝရဘုရားက၊ ယုဒသည် အဦးချီသွားရမည်ဟု မိန့်တော်မူ၏။

  7. ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့ ညီဗင်္ယာမိန်အမျိုးသားတို့ကို တဖန်သွား၍ တိုက်ရပါမည်လော၊ မသွားဘဲနေရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရ ဘုရားက သွားကြလော့။ နက်ဖြန်နေ့တွင် သူတို့ကို သင်တို့လက်၌ ငါအပ်မည်ဟု မိန့်တော်မူ၏။

  8. ရှောလုသည် မကောင်းသော အကြံနှင့် ကြိုးစားသည်ကို ဒါဝိဒ်သည် သိ၍၊ ယဇ်ပုရောဟိတ် အဗျာသာအား၊ သင်တိုင်းတော်ကို ယူခဲ့ပါဟု ဆို၏။

  9. ထိုအခါ ဒါဝိဒ်က၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ ရှောလုသည် ကိလမြို့သို့ လာ၍ ကိုယ်တော်ကျွန်အတွက် ဖျက်ဆီးမည်ဟု အကြံရှိသည်ကို ဆက်ဆက်ကြားပါ၏။

  10. ကိလမြို့သားတို့သည် အကျွန်ုပ်ကို သူ၏လက်၌ အပ်ကြပါလိမ့်မည်လော။ ကိုယ်တော်၏ ကျွန်ကြားသည်အတိုင်း ရှောလုသည် လာပါလိမ့်မည်လော။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏ကျွန်အား အမိန့်ရှိတော်မူမည်အကြောင်း တောင်းပန်ပါ၏ဟု မေးလျှောက်သော်၊ ထာဝရဘုရားက၊ ရှောလုသည် လာလိမ့်မည်ဟု မိန့်တော်မူ၏။

  11. ထာဝရဘုရားကို မေးလျှောက်သော်လည်း ထာဝရဘုရားသည် ထူးတော်မမူ။ အိပ်မက်အားဖြင့်၎င်း၊ ဥရိမ်အားဖြင့်၎င်း၊ ပရာဖက်အားဖြင့်၎င်း ထူးတော်မူ။

  12. သင်တိုင်းတော်ကို ငါ့ထံသို့ဆောင်ခဲ့ပါလော့ဟု အဟိမလက်၏သား အဗျာသာကို ဆိုလျှင်၊ အဗျာသာသည် သင်တိုင်းတော်ကို ဒါဝိဒ်ထံသို့ ဆောင်ခဲ့လေ၏။

  13. ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ထိုအလုံးအရင်းကို လိုက်ရပါမည်လော။ လိုက်လျှင် မှီနိုင်ပါမည်လောဟု ထာဝရဘုရားကို မေးလျှောက်သော်၊ လိုက်လော့။ ဆက်ဆက်မှီ၍ အလုံးစုံတို့ကို ရပြန်မည်ဟု မိန့်တော်မူသည်အတိုင်း၊

  14. ဥရိမ်နှင့် သုမိမ်ပါသော ယဇ်ပုရောဟိတ်မပေါ်မှီတိုင်အောင် သူတို့သည်အလွန်သန့်ရှင်းသောအရာတို့ကို မစားရဟု ပြည်အုပ်မင်းစီရင်၏။

  15. ဥရိမ်နှင့် သုမိမ်ပါသော ယဇ်ပုရောဟိတ်မပေါ်မှီ တိုင်အောင် သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို မစားရဟု ပြည်အုပ်မင်းစီရင်၏။

  16. ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏။

  17. ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသောလူအပေါင်းတို့အား အလင်း ကို ပေးသောသူဖြစ်သတည်း။

  18. အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာ တရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။

  19. ထိုနက်နဲသောအရာ၌ ပညာဘဏ္ဍာ၊ ဉာဏ်ဘဏ္ဍာရှိသမျှတို့သည် ဝှက်ထားလျက်ရှိကြ၏။