Skip to content

Cities အကြောင်း ကျမ်းစာအခန်းငယ်များ

24 အခန်းငယ် · 73 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. သူ၏ နိုင်ငံအဦးကား၊ ရှိနာပြည်၌ ဗာဗုလုန်မြို့၊ ဧရက်မြို့၊ အက္ကမြို့ကာလနေမြို့တည်း။

  2. ထိုပြည်မှာအာရှရိပြည်သို့သွား၍ နိနေဝမြို့၊ ရဟောဘုတ်မြို့ ကာလမြို့ကို၎င်း၊

  3. နိနေဝေမြို့နှင့်၊ ကာလမြို့စပ်ကြားမှာ ကြီးစွာသော မြို့တည်းဟူသော ရေသင်မြို့ကို၎င်း တည်ဆောက် လေ၏။

  4. ထိုမြို့တို့သည် လေဝိသားနေစရာဘို့ဖြစ်၍၊ မြို့ ပတ်လည်နယ်တို့၌ သိုးနွား အစရှိသော တိရစ္ဆာန်များနှင့် ဥစ္စာများကို ထားရမည်။

  5. လေဝိသားတို့အားပေးသော မြို့နယ်တို့ကို မြို့ပြင်ပတ်လည်၌ အတောင် တထောင် ကျယ်စေရမည်။

  6. မြို့ပြင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ၌ နှစ်ထောင်စီ တိုင်းထွာ၍၊ ထိုမြေ အလယ်ချက်၌ မြို့တည်ရမည်။ ဤရွေ့ကား၊ မြို့နယ် အတိုင်း အရှည်ဖြစ်ရသတည်း။

  7. ယောရှုနှင့် စစ်သူရဲအပေါင်းတို့သည် အာဣမြို့ ကို တိုက်ခြင်းငှါ ထကြ၏။ ယောရှုသည် ခွန်အားကြီးသော စစ်သူရဲသုံးသောင်းတို့ကို ရွေးချယ်၍ ညဉ့်အခါစေလွှတ် လျက်၊

  8. သင်တို့သည် ထိုမြို့ကို တိုက်ခြင်းငှါ မြို့နောက် မှာ ကင်းထိုလျက်နေကြလော့။ မြို့နှင့်ဝေးဝေးခွာ၍ မသွား ကြနှင့်။ တညီတညွတ်တည်း အသင့်နေကြလော့။

  9. ငါနှင့်တကွ ငါ၌ပါသောသူအပေါင်းတို့သည် မြို့အနီးသို့ ချဉ်းကပ်မည်။ သူတို့သည် ယမန်ကဲ့သို့ တိုက် ခြင်းငှါ ထွက်လာကြသောအခါ၊ ငါတို့သည် သူတို့ရှေ့မှာ ပြေးရကြမည်။

  10. သူတို့လည်း လိုက်ခြင်းငှါ မြို့ထဲကထွက်၍၊ မြို့ နှင့်ကွာမှန်းကိုမသိဘဲ ခွါ၍ လိုက်ကြလိမ့်မည်။ အကြောင်း မူကား၊ သူတို့ရှေ့မှာ ငါတို့သည် ပြေးသောအခါ၊ ယမန်ကဲ့ သို့ ငါတို့ရှေ့မှာ ပြေးကြပြီဟု သူတို့ဆိုကြလိမ့်မည်။

  11. ထိုအခါ သင်တို့သည် ကင်းထိုးလျက် နေရာအ ရပ်မှထ၍ မြို့ကိုတိုက်လျှင်၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့လက်၌ အပ်တော်မူမည်။

  12. ရောဗောင်သည် ယေရုရှလင်မြို့၌နေ၍၊ ယုဒပြည် ၌ ခိုင်ခံ့သောမြို့ တို့ကိုပြုစုရာတွင်၊

  13. ဗက်လင်မြို့၊ ဧတံမြို့၊ တေကောမြို့၊

  14. ဗက်ဇုရမြို့၊ ရှောကောမြို့၊ အဒုလံမြို့၊

  15. ဂါသမြို့၊ မရေရှမြို့၊ ဇိဖမြို့၊

  16. အဒေါရိမ်မြို့၊ လာခိရှမြို့၊ အဇေကာမြို့၊

  17. ဇောရာမြို့၊ အာဇလုန်မြို့၊ ဟေဗြုန်မြို့တည်း ဟူသော ယုဒခရိုင် နှင့်ဗင်္ယာမိန်ခရိုင်တွင် ခိုင်ခံ့သော မြို့တို့ကို ပြုစုလေ၏။

  18. ရဲတိုက်များကိုလည်း ခိုင်ခံ့စေ၍၊ အကြီးအကဲ နှင့်တကွ ဆီ၊ စပျစ်ရည်များ၊ ရိက္ခာများကို သိုထားလေ၏။

  19. ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသည် အမှုတော် ကို ထမ်းရွက်သောကြောင့်၊ မြို့အသီးအသီးတို့၌ ဒိုင်းလွှား လှံလက်နက်များကို ထား၍ အလွန်ခိုင်ခံ့စေ၏။

  20. သူ့နောက်မှ၊ လေဝိအမျိုး ဗာနိသား ရေဟုံပြင် ၏။ သူ့နောက်မှ၊ ကိလမြို့တပိုင်းကို အုပ်သော ဟာရှဘိ သည် မိမိတာကိုပြင်၏။

  21. သူ့နောက်မှ၊ ကိလမြို့တပိုင်းကို အုပ်သော ဟေနဒဒ်သား ဟာရှဘိညီဗာဝဲပြင်၏။

  22. ငါတို့သည် အဘယ်ကြောင့် ထိုင်လျက်နေကြ သနည်း။ စုဝေးကြကုန်အံ့၊ ခိုင်ခံ့သော မြို့များအထဲသို့ ဝင်၍ တိတ်ဆိတ်စွာ နေကြကုန်အံ့။ ငါတို့သည် ထာဝရ ဘုရားကို ပြစ်မှားသောကြောင့်၊ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် ငါတို့ကို တိတ်ဆိတ်စွာနေစေ၍၊ ဆေးခါးနှင့် ရောသော ရေကိုတိုက်တော်မူ၏။ ငါတို့သည် ချမ်းသာရေကို တိုက်တော်မူ၏။

  23. ငါတို့သည် ချမ်းသာကိုမြော်လင့်သော်လည်း၊ ကောင်းသောအရာ မပေါ်လာ။ သက်သာချိန်ကို မြော်လင့်သော်လည်း၊ ဘေးသက်သက်ဖြစ်၏။

  24. သူ့မြင်းနှာခေါင်းရှုသံကို ဒန်ပြည်က ကြားရ၏။ သူ့မြင်းရဲဟီသံကိုကြား၍ တပြည်လုံးတုန်လှုပ်လေ၏။ သူတို့သည် ရောက်လာ၍၊ ပြည်နှင့် တကွပြည်၌ရှိသမျှကို၎င်း၊ မြို့နှင့်တကွ မြို့သားတို့ကို၎င်း စား၍မျိုကြ၏။