Skip to content

Cities အကြောင်း ကျမ်းစာအခန်းငယ်များ: Stormed

5 အခန်းငယ် · 73 ရှုထောင့်

Stormed အကြောင်း အခန်းငယ်များ

  1. ယောရှုနှင့် စစ်သူရဲအပေါင်းတို့သည် အာဣမြို့ ကို တိုက်ခြင်းငှါ ထကြ၏။ ယောရှုသည် ခွန်အားကြီးသော စစ်သူရဲသုံးသောင်းတို့ကို ရွေးချယ်၍ ညဉ့်အခါစေလွှတ် လျက်၊

  2. သင်တို့သည် ထိုမြို့ကို တိုက်ခြင်းငှါ မြို့နောက် မှာ ကင်းထိုလျက်နေကြလော့။ မြို့နှင့်ဝေးဝေးခွာ၍ မသွား ကြနှင့်။ တညီတညွတ်တည်း အသင့်နေကြလော့။

  3. ငါနှင့်တကွ ငါ၌ပါသောသူအပေါင်းတို့သည် မြို့အနီးသို့ ချဉ်းကပ်မည်။ သူတို့သည် ယမန်ကဲ့သို့ တိုက် ခြင်းငှါ ထွက်လာကြသောအခါ၊ ငါတို့သည် သူတို့ရှေ့မှာ ပြေးရကြမည်။

  4. သူတို့လည်း လိုက်ခြင်းငှါ မြို့ထဲကထွက်၍၊ မြို့ နှင့်ကွာမှန်းကိုမသိဘဲ ခွါ၍ လိုက်ကြလိမ့်မည်။ အကြောင်း မူကား၊ သူတို့ရှေ့မှာ ငါတို့သည် ပြေးသောအခါ၊ ယမန်ကဲ့ သို့ ငါတို့ရှေ့မှာ ပြေးကြပြီဟု သူတို့ဆိုကြလိမ့်မည်။

  5. ထိုအခါ သင်တို့သည် ကင်းထိုးလျက် နေရာအ ရပ်မှထ၍ မြို့ကိုတိုက်လျှင်၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့လက်၌ အပ်တော်မူမည်။