- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1050–1010 BC
Samuel & King Saul
Israel demands a king; Samuel anoints Saul, whose disobedience leads to his rejection as God chooses a man after his own heart.
ဤကာလမှ အခန်းငယ်များ
- ဓမ္မရာဇဝင်ပဌမစောင် 26:8ခရစ်တော် မပေါ်မီ 1060 ခန့်
အဘိရှဲကလည်း၊ ဘုရားသခင်သည် ကိုယ်တော်၏ ရန်သူကို ကိုယ်တော်လက်၌ ယနေ့အပ်တော်မူပြီ။ ထိုကြောင့် ကျွန်တော်သည် မြေတိုင်အောင်လှံနှင့် တချက်တည်းထိုးပါရစေဟု ကျွန်တော် တောင်းပန်ပါ၏။ နှစ်ချက်တိုင်အောင် မထိုးပါဟု ဒါဝိဒ်ကို လျှောက်သော်လည်း၊
- ဓမ္မရာဇဝင်ပဌမစောင် 26:9ခရစ်တော် မပေါ်မီ 1060 ခန့်
ဒါဝိဒ်ကသူ့ကို မပြုနှင့်။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသော သူကို အဘယ်သူ အပြစ်လွှတ်လျက် ထိခိုက်နိုင်သနည်းဟု အဘိရှဲအား ပြန်ဆို၏။
- ဓမ္မရာဇဝင်ပဌမစောင် 26:10ခရစ်တော် မပေါ်မီ 1060 ခန့်
တဖန်ဒါဝိဒ်က၊ ထာဝရဘုရားအသက် ရှင်တော်မူသည်အတိုင်း၊ ဒဏ်ခတ်တော်မူမည်။ သို့မဟုတ် သူသေချိန်ရောက်လိမ့်မည်။ သို့မဟုတ် စစ်တိုက်ရာ၌ အသက်ဆုံးလိမ့်မည်။
- ဓမ္မရာဇဝင်ပဌမစောင် 26:11ခရစ်တော် မပေါ်မီ 1060 ခန့်
ထာဝရဘုရား ပေးတော်မူသော ဘိသိက်ခံသူကို ငါမထိခိုက်မည်အကြောင်း ထာဝရဘုရား ဆီးတားတော်မူပါစေသော။ သို့ရာတွင် ခေါင်းရင်းတော်နားမှာရှိသော လှံတော်နှင့် ရေဘူးကို ယူ၍ သွားကြကုန်အံ့ဟု ဆိုလျက်၊
- ဓမ္မရာဇဝင်ပဌမစောင် 26:12ခရစ်တော် မပေါ်မီ 1060 ခန့်
လှံတော်နှင့် ရေဘူးကို ရှောလုခေါင်းရင်းနားက ယူ၍ သွားကြ၏။ အဘယ်သူမျှ မသိမမြင်၊ အဘယ်သူမျှ မနိုး၊ ကြီးစွာသော အိပ်ခြင်းဖြင့် ထာဝရဘုရား အိပ်စေတော်မူသောကြောင့်၊ ထိုသူအပေါင်းတို့သည် အိပ်ပျော်ကြ၏။
- ဓမ္မရာဇဝင်ပဌမစောင် 26:13ခရစ်တော် မပေါ်မီ 1060 ခန့်
ထိုအခါ ဒါဝိဒ်သည် ကျယ်သောချိုင့် တဘက်သို့ကူး၍၊ ဝေးသော တောင်ထိပ် အပေါ်မှာရပ်လျက်၊
- ဓမ္မရာဇဝင်ပဌမစောင် 26:14ခရစ်တော် မပေါ်မီ 1060 ခန့်
အိုအာဗနာ၊ သင်သည် မထူးသလောဟု လူများနှင့် နေရသား အာဗနာကို ဟစ်လေ၏။ အာဗနာက၊ ရှင်ဘုရင်ကို ဟစ်သောသင်ကား အဘယ်သူနည်းဟု ပြန်၍မေးလျှင်၊
- ဓမ္မရာဇဝင်ပဌမစောင် 26:15ခရစ်တော် မပေါ်မီ 1060 ခန့်
ဒါဝိဒ်က၊ သင်သည်ယောက်ျားမဟုတ်လော။ ဣသရေလအမျိုး၌ သင်နှင့်အဘယ်သူ တူသနည်း။ သို့ဖြစ်၍ သင်၏သခင် ရှင်ဘုရင်ကို အဘယ်ကြောင့်မစောင့်သနည်း။ သင်၏သခင်ရှင်ဘုရင်ကို သတ်အံ့သောငှါ လူတယောက်ဝင်လေပြီ။
- ဓမ္မရာဇဝင်ပဌမစောင် 26:16ခရစ်တော် မပေါ်မီ 1060 ခန့်
သင်ပြုသောအမှုသည် မလျောက်ပတ်။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသော သင်၏သခင်ကို မစောင့်သောကြောင့်၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း သင်သည် အသေခံထိုက်ပေ၏။ ခေါင်းရင်းတော်နားမှာ ထားသော ရှင်ဘုရင်၏ လှံတော်နှင့် ရေဘူးတော်ရှိသည် မရှိသည်ကို ကြည့်ရှုလော့ဟု အာဗနာအားပြောဆို၏။
- ဓမ္မရာဇဝင်ပဌမစောင် 26:17ခရစ်တော် မပေါ်မီ 1060 ခန့်
ရှောလုသည် ဒါဝိဒ်စကားသံကို သိ၍ ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟု မေးလျှင် ဒါဝိဒ်က ကျွန်တော်စကားသံမှန်ပါ၏။ ကျွန်တော်သခင်အရှင်မင်းကြီးဟု လျှောက်လေ၏။
- ဓမ္မရာဇဝင်ပဌမစောင် 26:18ခရစ်တော် မပေါ်မီ 1060 ခန့်
တဖန်ဒါဝိဒ်က၊ သခင်သည် ကိုယ်တော်ကျွန်ကို အဘယ်ကြောင့် ဤသို့လိုက်၍ရှာတော်မူသနည်း။ ကျွန်တော်သည် အဘယ်သို့ပြုပါသနည်း။ ကျွန်တော်အဘယ်အပြစ် ရှိပါသနည်း။
- ဓမ္မရာဇဝင်ပဌမစောင် 26:19ခရစ်တော် မပေါ်မီ 1060 ခန့်
ယခုမှာ ကျွန်တော်သခင်ရှင်ဘုရင်၊ ကိုယ်တော်ကျွန်တော်စကားကို နားညောင်းတော်မူပါ။ ထာဝရဘုရားသည် ကိုယ်တော်ကို ကျွန်တော်တဘက်၌ နှိုးဆော်တော်မူသည် မှန်လျှင်၊ ယဇ်ပူဇော်ခြင်းကို လက်ခံတော်မူပါစေသော။ သို့မဟုတ် လူသားတို့ နှိုးဆော်သည် မှန်လျှင်၊ ထာဝရဘုရား ရှေ့တော်၌ ကျိန်ခြင်းကို ခံကြပါစေသော။ အကြောင်းမူကား၊ သူတို့က သွားတော့။ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုတော့ဟု ဆိုလျက် ကျွန်တော်ကို ထာဝရဘုရား၏ အမွေတော်မြေ၌ မနေစေခြင်းငှါ ယနေ့ပင် နှင်ထုတ်ကြပါသည်တကား။
- ဓမ္မရာဇဝင်ပဌမစောင် 26:20ခရစ်တော် မပေါ်မီ 1060 ခန့်
သို့ဖြစ်၍ ကျွန်တော်အသွေးသည် ထာဝရဘုရားရှေ့တော်၌ မြေသို့ မကျပါစေနှင့်။ အကြောင်းမူကား၊ လူသည် ငုံးကို တောင်ပေါ်မှာလိုက်၍ ရှာသကဲ့သို့ ဣသရေလရှင်ဘုရင်သည် ခွေးလှေးကို ရှာခြင်းငှါ ထွက်တော်မူပါပြီတကားဟု လျှောက်ဆို၏။
- ဓမ္မရာဇဝင်ပဌမစောင် 26:21ခရစ်တော် မပေါ်မီ 1060 ခန့်
ရှောလုကလည်း ငါပြစ်မှားပါပြီ။ ငါ့သားဒါဝိဒ် ပြန်လာပါ။ သင်သည် ယနေ့ငါ့အသက်ကို နှမြောသောကြောင့်၊ နောက်တဖန် သင့်ကို ငါမညှဉ်းဆဲ။ ငါသည် လူမိုက်ဖြစ်၏။ အလွန် မှားယွင်းပြီဟု ဆိုသော်၊
- ဓမ္မရာဇဝင်ပဌမစောင် 26:22ခရစ်တော် မပေါ်မီ 1060 ခန့်
ဒါဝိဒ်က၊ ရှင်ဘုရင်လှံတော်ရှိပါ၏။ လုလင်တယောက်လာ၍ ယူစေတော်မူပါ။
- ဓမ္မရာဇဝင်ပဌမစောင် 26:23ခရစ်တော် မပေါ်မီ 1060 ခန့်
လူအသီးအသီးတို့သည် ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်းရှိသည်အတိုင်း၊ ထာဝရဘုရားသည် အကျိုးကို ဆပ်ပေးတော်မူပါစေသော။ ထာဝရဘုရားသည် ယနေ့ ကိုယ်တော်ကို ကျွန်တော်လက်၌ အပ်တော်မူသော်လည်း ထာဝရဘုရားပေးတော်မူသော ဘိသိက်ခံသူကို ကျွန်တော်မထိခိုက်ပါ။
- ဓမ္မရာဇဝင်ပဌမစောင် 26:24ခရစ်တော် မပေါ်မီ 1060 ခန့်
ယနေ့ ကိုယ်တော်အသက်ကို ကျွန်တော် နှမြောသည် နည်းတူ ကျွန်တော်အသက်ကို ထာဝရဘုရားနှမြော၍ ကျွန်တော်ကို ခပ်သိမ်းသော ဒုက္ခထဲက ကယ်နှုတ်တော်မူပါစေသောဟု ပြန်လျှောက်လျှင်၊
- ဓမ္မရာဇဝင်ပဌမစောင် 26:25ခရစ်တော် မပေါ်မီ 1060 ခန့်
ရှောလုက၊ ငါ့သားဒါဝိဒ်၊ သင်သည် မင်္ဂလာရှိပါစေသော။ ပြုလေရာရာ၌ အောင်မြင်ပါစေသောဟု ဒါဝိဒ်အားဆိုပြီးမှ ဒါဝိဒ်သည် ထွက်သွား၍ ရှောလုသည်လည်း မိမိနေရာသို့ ပြန်လေ၏။
- ဓမ္မရာဇဝင်ပဌမစောင် 27:1ခရစ်တော် မပေါ်မီ 1058 ခန့်
တဖန်ဒါဝိဒ်က၊ ငါသည် ရှောလုလက်ဖြင့် ဆုံးရှုံးရသော အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ ဖိလိတ္တိပြည်သို့ အလျင်အမြန် ပြေးကောင်း၏။ သည်ထက်ကောင်းသော အရာမရှိ။ သို့ပြုလျှင် ရှောလုသည် ဣသရေလပြည်နယ်တွင် ငါ့ကို ရှာ၍မတွေ့နိုင်ကြောင်းကို သိလျက်၊ အားလျော့၍ သူ့လက်မှ ငါလွတ်လိမ့်မည်ဟု အကြံရှိသည်အတိုင်း၊
- ဓမ္မရာဇဝင်ပဌမစောင် 27:2ခရစ်တော် မပေါ်မီ 1058 ခန့်
မိမိ၌ ပါသော လူခြောက်ရာနှင့်တကွ ထ၍ ဂါသမင်းမောခသားအာခိတ် ထံသို့ကူးသွားကြ၏။
- ဓမ္မရာဇဝင်ပဌမစောင် 27:3ခရစ်တော် မပေါ်မီ 1058 ခန့်
ဒါဝိဒ်နှင့် သူ၏လူများတို့သည် အသီးအသီး မိမိသားမယားပါလျက် ဂါသမြို့၊ အာခိတ်မင်းထံမှာ နေကြ၏။ ဒါဝိဒ်မယားနှစ်ယောက်၊ ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလမယား၊ ကရမေလမြို့သူ အဘိဂဲလပါသတည်း။
- ဓမ္မရာဇဝင်ပဌမစောင် 27:4ခရစ်တော် မပေါ်မီ 1058 ခန့်
ဒါဝိဒ်သည် ဂါသမြို့သို့ ပြေးသွားကြောင်းကို ရှောလုသည် ကြား၍ နောက်တဖန်မလိုက်မရှာဘဲ နေ၏။
- ဓမ္မရာဇဝင်ပဌမစောင် 27:5ခရစ်တော် မပေါ်မီ 1058 ခန့်
ဒါဝိဒ်သည် အာခိတ်မင်းထံသို့ဝင်၍၊ ကျွန်တော်သည် ရှေ့တော်၌မျက်နှာရသည်မှန်လျှင် ကျွန်တော်နေစရာ တောရွာတရွာကို သနားတော်မူပါ။ ကိုယ်တော် ကျွန်သည် မြို့တော်၌ ကိုယ်တော် နှင့်အတူ အဘယ်ကြောင့် နေရပါသနည်းဟု လျှောက်လေသော်၊
- ဓမ္မရာဇဝင်ပဌမစောင် 27:6ခရစ်တော် မပေါ်မီ 1058 ခန့်
ထိုနေ့၌ အာခိတ်မင်းသည် ဇိကလတ်မြို့ကို ပေး၏။ ထို့ကြောင့် ယနေ့တိုင်အောင် ယုဒရှင်ဘုရင်တို့သည် ဇိကလတ်မြို့ကို ပိုင်ကြ၏။
- ဓမ္မရာဇဝင်ပဌမစောင် 27:7ခရစ်တော် မပေါ်မီ 1058 ခန့်
ဒါဝိဒ်သည် ဖိလိတ္တိပြည်၌ နေသော နေ့ရက်ပေါင်းကား တနှစ်နှင့် လေးလစေ့သတည်း။