- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa AD 48–96
Letters to the Churches
Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.
ဤကာလမှ အခန်းငယ်များ
- ရောမဩဝါဒစာ 11:22ခရစ်နှစ် 60 ခန့်
သို့ဖြစ်၍၊ လဲသောသူတို့၌ ပြင်းစွာ စီရင်တော်မူခြင်းကို၎င်း၊ ကျေးဇူးတော်၌သင်သည် တည်နေလျှင်၊ သင်၌ပြုတော်မူသော ကျေးဇူးတော်ကို၎င်း၊ ဤနှစ်ပါးကို အောက်မေ့လော့။ ကျေးဇူးတော်၌မတည်မနေလျှင်၊ သင်သည်လည်းခုတ်ပစ်ခြင်းကိုခံရမည်။
- ရောမဩဝါဒစာ 11:23ခရစ်နှစ် 60 ခန့်
သူတို့သည်မယုံကြည်သောစိတ်ပျောက်လျှင်၊ အပင်၌တဖန် ဆက်၍စိုက်သောအခွင့်ကို ရကြလိမ့်မည်။ သူတို့ကို တဖန်ဆက်၍ စိုက်ခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ၏။
- ရောမဩဝါဒစာ 11:24ခရစ်နှစ် 60 ခန့်
အဘယ်သို့နည်းဟူမူကား၊ ပကတိရိုင်းသော သံလွင်ပင်မှ သင့်ကိုခုတ်ယူ၍၊ ကောင်းသော သံလွင်ပင်၌ ပကတိကို မလိုက်ဘဲ ဆက်၍စိုက်သည် မှန်လျှင်၊ ပကတိအခက်ဖြစ်သော ထိုသူတို့သည် မိမိတို့ သံလွင်ပင်၌ ဆက်၍စိုက်သောအခွင့်ကို သာ၍ရကြမည် မဟုတ်လော။
- ရောမဩဝါဒစာ 11:25ခရစ်နှစ် 60 ခန့်
ညီအစ်ကိုတို့၊ သင်တို့သည် ဝါကြွားသောစိတ်မရှိစေမည်အကြောင်း၊ တပါးအမျိုးသားအပေါင်း တို့သည် မဝင်မှီတိုင်အောင်၊ ဣသရေလလူအချို့တို့ကို မှောင်မိုက်ဖုံးလွှမ်းခြင်းအကြောင်းတည်းဟူသော နက်နဲ သောအရာကို မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ။
- ရောမဩဝါဒစာ 11:26ခရစ်နှစ် 60 ခန့်
ထိုသို့ကျမ်းစာနှင့်အညီ၊ ဣသရေလလူ အပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ကျမ်းစာချက်ဟူမူကား၊ ကယ်လွှတ်သောသခင်သည် ဇိအုန်တောင်၌ ပေါ်ထွန်း၍၊ မတရားသော အမှုကို ယာကုပ်အမျိုးသားတို့မှ လွှဲတော်မူလတံ့၊
- ရောမဩဝါဒစာ 11:27ခရစ်နှစ် 60 ခန့်
သူတို့အပြစ်များကို ငါပယ်ရှင်းသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားသည် ထိုသို့သော တရားဖြစ်၏ဟု လာသတည်း။
- ရောမဩဝါဒစာ 11:28ခရစ်နှစ် 60 ခန့်
သူတို့သည် ဧဝံဂေလိတရားအားဖြင့်မူကား သင်တို့အကြောင်းကြောင့် ရန်သူဖြစ်ကြ၏။ ရွေးကောက် တော်မူခြင်းအားဖြင့်မူကား၊ ဘိုးဘေးများအကြောင်းကြောင့် ချစ်သူဖြစ်ကြ၏။
- ရောမဩဝါဒစာ 11:29ခရစ်နှစ် 60 ခန့်
အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင် ပေးသနားတော်မူခြင်း၊ ခေါ်ထားတော်မူခြင်း ကျေးဇူးသည် ဖောက်ပြန်ခြင်းသဘောမရှိ၊
- ရောမဩဝါဒစာ 11:30ခရစ်နှစ် 60 ခန့်
သင်တို့သည်အထက်က၊ ဘုရားသခင်၏ စကားတော်ကို နားမထောင်ဘဲနေသော်လည်း၊ ယခုတွင် သူတို့ နားမထောင်ခြင်းအမှုအားဖြင့်၊ သနားတော်မူခြင်း ကို ခံရသကဲ့သို့၊
- ရောမဩဝါဒစာ 11:31ခရစ်နှစ် 60 ခန့်
ထိုနည်းတူ၊ သင်တို့ခံရသော သနားတော်မူခြင်းအားဖြင့် သူတို့လည်းသနားတော်မူခြင်းကို ခံရမည် အကြောင်း၊ ယခုတွင်သူတို့သည် နားမထောင်ဘဲ နေရကြ၏။
- ရောမဩဝါဒစာ 11:32ခရစ်နှစ် 60 ခန့်
ဘုရားသခင်သည် လူအပေါင်းတို့ကို သနားတော်မူခြင်း အခွင့်ရှိစေခြင်းငှါ လူအပေါင်းတို့ကို နားမထောင်ခြင်းအဖြစ်၌ ချုပ်ထားတော်မူ၏။
- ရောမဩဝါဒစာ 11:33ခရစ်နှစ် 60 ခန့်
ဘုရားသခင်၏ပညာနှင့် ဉာဏ်တော်သည် အလွန်ကျယ်ဝန်း နက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှစစ်၍ မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်းမတွေ့မမှီနိုင်။
- ရောမဩဝါဒစာ 11:34ခရစ်နှစ် 60 ခန့်
ထာဝရဘုရား၏စိတ်တော်ကို အဘယ်သူသိသနည်း။ ထာဝရဘုရားနှင့်အဘယ်သူသည် တိုင်ပင် ဘက်ပြုသနည်း။
- ရောမဩဝါဒစာ 11:35ခရစ်နှစ် 60 ခန့်
ကျေးဇူးဆပ်တော်မူရမည်အကြောင်း၊ ထာဝရ ဘုရား၌ အဘယ်သူသည် ကျေးဇူးပြုဘူးသနည်း။
- ရောမဩဝါဒစာ 11:36ခရစ်နှစ် 60 ခန့်
ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲက၎င်း၊ ကိုယ်တော်အားဖြင့်၎င်း၊ ကိုယ်တော်အဘို့ အလိုငှါ၎င်း ဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။
- ရောမဩဝါဒစာ 12:1ခရစ်နှစ် 60 ခန့်
ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူ ဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သော ဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏။
- ရောမဩဝါဒစာ 12:2ခရစ်နှစ် 60 ခန့်
သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့။
- ရောမဩဝါဒစာ 12:3ခရစ်နှစ် 60 ခန့်
သင်တို့သည် ကိုယ်ကိုထင်သင့်သည် အတိုင်းထက်လွန်၍ မထင်ဘဲ၊ ဘုရားသခင်သည် လူအသီးအသီး တို့အား ယုံကြည်ခြင်းကို ဝေပေးတော်မူသည်နှင့်အညီ၊ ကိုယ်ကိုလျောက်ပတ်စွာထင်ရမည် အကြောင်း ငါသည် ကိုယ်ခံရသော ကျေးဇူးတော်ကိုအမှီပြုလျက်၊ သင်တို့တွင် ရှိသမျှသောသူတို့ကိုမှာထား၏။
- ရောမဩဝါဒစာ 12:4ခရစ်နှစ် 60 ခန့်
ဥပမာကား၊ ကိုယ်တခု၌ အင်္ဂါအများရှိသည်ဖြစ်၍၊ ထိုအင်္ဂါအများသည် ဆောင်ရွက်စရာအမှုတခု တည်း မရှိသကဲ့သို့၊
- ရောမဩဝါဒစာ 12:5ခရစ်နှစ် 60 ခန့်
ထိုအတူ၊ အများဖြစ်သောငါတို့သည် ခရစ်တော်၌တကိုယ်တည်းဖြစ်၍၊ အသီးအသီးအင်္ဂါချင်း ဖြစ်ကြ၏။
- ရောမဩဝါဒစာ 12:6ခရစ်နှစ် 60 ခန့်
ထိုသို့ပေးတော်မူသော ကျေးဇူးတော်အတိုင်း ငါတို့သည် အသီးသီးအပြားပြားသော ဆုများကိုခံရသည် ဖြစ်၍၊ ပရောဖက်အရာရှိလျှင်၊ ယုံကြည်ခြင်း၏ပမာဏကို ရသည်အတိုင်း ပရောဖက်ပြုကြကုန်အံ့။
- ရောမဩဝါဒစာ 12:7ခရစ်နှစ် 60 ခန့်
ဓမ္မဆရာအရာရှိလျှင်၊ ဓမ္မဆရာ၏အမှုကို ဆောင်ရွက်ကြကုန်အံ့။ ဆုံးမဩဝါဒပေးသောသူသည် ထိုအမှုကိုဆောင်ရွက်စေ။
- ရောမဩဝါဒစာ 12:8ခရစ်နှစ် 60 ခန့်
နှိုးဆော်သွေးဆောင်သောသူသည် ထိုအမှုကို ဆောင်ရွက်စေ။ အစွန့်အကြဲဝေငှသောသူသည် လျစ်လျူသောစိတ်နှင့်ဝေငှစေ။ အုပ်ချုပ်သောသူသည် လုံ့လဝိရိယနှင့် အုပ်ချုပ်စေ။ မစသနားခြင်း အမှုကိုပြုသောသူသည် စေတနာစိတ်နှင့်ပြုစေ။
- ရောမဩဝါဒစာ 12:9ခရစ်နှစ် 60 ခန့်
မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေလော့။ ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံ့ရှာကြလော့။ ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်ကြလော့။
- ရောမဩဝါဒစာ 12:10ခရစ်နှစ် 60 ခန့်
ညီအစ်ကိုချစ်ခြင်းအရာမှာ၊ ပကတိပေါက်ဘော်ကဲ့သို့ တယောက်ကိုတယောက်စုံမက်ကြလော့။ ချီးမွမ်း ခြင်းအရာမှာ၊ သူတပါးကို ကိုယ်ထက်ချီးမြှောက်ကြလော့။