အကြောင်းအရာသို့ ကျော်သွားရန်

circa AD 48–96

Letters to the Churches

Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.

2,767 အခန်းငယ် · 21 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရောမဩဝါဒစာ 10:18ခရစ်နှစ် 60 ခန့်

    သို့ရာတွင် လူအပေါင်းတို့သည် မကြားရကြပြီလော။ အမှန်ကြားရကြပြီ။ သူတို့၏အသံသည်မြေတပြင် လုံး၌ နှံပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေပြီဟုငါဆို၏။

  2. ရောမဩဝါဒစာ 10:19ခရစ်နှစ် 60 ခန့်

    တဖန်ငါဆိုသည်ကား၊ ဣသရေလလူတို့သည် ဤအမှုကို မသိကြသလော။ မောရှေက၊ မရေရသော လူမျိုးအားဖြင့် သင်တို့သည် ငြူစူသောစိတ်ရှိစေခြင်းငှါ၎င်း၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှါ ၎င်း၊ ငါပြုမည်ဟု ရှေ့ဦးစွာ ဆို၏။

  3. ရောမဩဝါဒစာ 10:20ခရစ်နှစ် 60 ခန့်

    ဟေရှာယသည် သာ၍ရဲရင့်စွာဆိုသည်ကား၊ ငါ့ကိုမရှာသော သူတို့သည် ငါ့ကိုတွေ့ရကြ၏။ ငါ၏ အကြောင်းကို မေးမြန်းသောသူတို့၌ ငါထင်ရှားသည်ဟု ဆို၏။

  4. ရောမဩဝါဒစာ 10:21ခရစ်နှစ် 60 ခန့်

    ဣသရေလလူတို့ကို ရည်မှတ်၍ တဖန်မိန့်တော်မူသည်ကား၊ နားမထောင်ငြင်းဆန်တတ်သော လူမျိုးသို့ တနေလုံးငါသည် လက်ဝါးကို ဖြန့်ရပြီဟု ဆိုသတည်း။

  5. ရောမဩဝါဒစာ 11:1ခရစ်နှစ် 60 ခန့်

    သို့ဖြစ်လျှင်၊ ဘုရားသခင်သည် မိမိလူမျိုးကို ပယ်တော်မူပြီလောဟုမေးသော်၊ ပယ်တော်မမူဟုဆိုရ၏။ ငါပင်ဣသရေလ လူဖြစ်၏။ အာဗြဟံအမျိုး၊ ဗင်္ယာမိန် အနွယ်ဖြစ်၏။

  6. ရောမဩဝါဒစာ 11:2ခရစ်နှစ် 60 ခန့်

    ဘုရားသခင်သည် အထက်က သိမှတ်တော်မူသော မိမိလူတို့ကို ပယ်တော်မမူ။ ပရောဖက်ဧလိယက၊ အိုထာဝရဘုရား၊

  7. ရောမဩဝါဒစာ 11:3ခရစ်နှစ် 60 ခန့်

    သူတို့သည်ကိုယ်တော်၏ ပရောဖက်များကို သတ်ကြပါပြီ။ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက် ကြပါပြီ။ အကျွန်ုပ်တယောက်တည်းကျန်ရစ်၍၊ အကျွန်ုပ် အသက်ကိုပင် ရှာကြပါ၏ဟု ဘုရားသခင်ရှေ့မှာ ဣသရေလအမျိုးတဘက်၌လျှောက်ထားသည်ဟု ကျမ်းစာ၌ ပါသော အကြောင်းကိုသင်တို့သည် မသိကြသလော။

  8. ရောမဩဝါဒစာ 11:4ခရစ်နှစ် 60 ခန့်

    ထိုသို့လျှောက်သောအခါ၊ အဘယ်သို့ ဗျာဒိတ် ထားတော်မူသနည်းဟူမူကား၊ ဗာလရှေ့၌ ဒူးမထောက် သောလူခုနစ်ထောင်တို့ကို ငါ့အဘို့ ငါကျန်ကြွင်းစေပြီ ဟုမိန့်တော်မူ၏။

  9. ရောမဩဝါဒစာ 11:5ခရစ်နှစ် 60 ခန့်

    ထိုနည်းတူ၊ ယခုကာလတွင်ပင် ကျေးဇူးတော်အတိုင်း ရွေကောက်တော်မူသော အကြွင်းအကျန် ရှိသေး၏။

  10. ရောမဩဝါဒစာ 11:6ခရစ်နှစ် 60 ခန့်

    ကျေးဇူးတော်အားဖြင့်ရှိလျှင်၊ ကိုယ်ကျင့်သောအကျင့်အားဖြင့်မရှိ၊ ရှိလျှင်ကျေးဇူးသည် ကျေးဇူးမဟုတ်။ ကိုယ်ကျင့်သောအကျင့်အားဖြင့်ရှိလျှင်၊ ကျေးဇူးအားဖြင့်မရှိ၊ ရှိလျှင်ကိုယ်ကျင့်သောအကျင့်သည် အကျင့် မဟုတ်။

  11. ရောမဩဝါဒစာ 11:7ခရစ်နှစ် 60 ခန့်

    သို့ဖြစ်လျှင်အဘယ်သို့နည်း၊ ဣသရေလလူတို့သည် ရှာသောအရာကို မတွေ့မရကြ။ ရွေးကောက်တော်မူသော သူတို့သာ တွေ့ရကြ၏။ ကြွင်းသောသူတို့ကို မှောင်မိုက်ဖုံးလွှမ်း၏။

  12. ရောမဩဝါဒစာ 11:8ခရစ်နှစ် 60 ခန့်

    ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ဘုရားသခင်သည် အိပ်ချင်သောသဘောကို၎င်း၊ မမြင်နိုင်သော မျက်စိကို၎င်း၊ မကြားနိုင်သော နားကို၎င်း၊ ထိုသူတို့အား ပေးတော်မူပြီဟုလာ၏။ ထိုကျမ်းစာချက်သည် ယနေ့ တိုင်အောင်ပြည့်စုံသတည်း။

  13. ရောမဩဝါဒစာ 11:9ခရစ်နှစ် 60 ခန့်

    ဒါဝိဒ်၏စကားဟူမူကား၊ သူတို့စားပွဲသည် သူတို့၌ ကျော့ကွင်းသော်၎င်း၊ ဂျမ်းသော်၎င်း၊ ထောင် ချောက်သော်၎င်း၊ ခံထိုက်သော အပြစ်သော်၎င်း ဖြစ်ပါစေ။

  14. ရောမဩဝါဒစာ 11:10ခရစ်နှစ် 60 ခန့်

    သူတို့သည်မမြင်နိုင်အောင်မျက်စိကွယ်ပါစေ။ သူတို့ကျောသည်လည်း အစဉ်ကုန်းပါစေဟု လာ သတည်း။

  15. ရောမဩဝါဒစာ 11:11ခရစ်နှစ် 60 ခန့်

    သို့ဖြစ်လျှင်၊ ဣသရေလလူတို့သည်လဲ၍ နေရသည်တိုင်အောင် ထိမိကြပြီလောဟု မေးသော်၊ လဲ၍မနေရကြ။ သူတို့၏စိတ်ကို နှိုးဆော်စရာအကြောင်း ရှိစေခြင်းငှါ၊ သူတို့၏လဲခြင်းအားဖြင့် ကယ်တင်တော် မူခြင်း ကျေးဇူးသည်တပါးအမျိုးသားတို့၌ သက်ရောက် လေ၏။

  16. ရောမဩဝါဒစာ 11:12ခရစ်နှစ် 60 ခန့်

    သူတို့၏လဲခြင်းအရာသည် လောကီသားတို့၏ စီးပွါးကို၎င်း၊ သူတို့၏ရှုံးခြင်းအရာသည်တပါး အမျိုးသား တို့၏ စီးပွါးကို၎င်း ပြုစုလျှင်၊ သူတို့၏ ပြည့်စုံခြင်းအရာသည်သာ၍ ပြုစုမည်မဟုတ်လော။

  17. ရောမဩဝါဒစာ 11:13ခရစ်နှစ် 60 ခန့်

    ထိုသို့ဆိုသော်၊

  18. ရောမဩဝါဒစာ 11:14ခရစ်နှစ် 60 ခန့်

    ငါသည်တပါးအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်ဖြစ်သည်နှင့်အညီ၊ ထိုတမန်တော် ၏ အရာကို ချီးမွမ်းလျက်၊ ငါ့အမျိုးသားချင်းတို့၏ စိတ်ကို တခုခုအားဖြင့်နှိုးဆော်၍၊ အချို့တို့ကို ကယ်တင်ခြင်းငှါ၊ တပါးအမျိုးသားဖြစ်သော သင်တို့အားဆိုရသတည်း။

  19. ရောမဩဝါဒစာ 11:15ခရစ်နှစ် 60 ခန့်

    ထိုသူတို့ကို ပယ်တော်မူခြင်းအရာသည် လောကီသားတို့၏ မိဿဟာယဖွဲ့ခြင်းအကြောင်း ဖြစ်လျှင်၊ သူတို့ကို သိမ်းဆည်းတော်မူခြင်းအရာသည် သေခြင်းမှထမြောက်ရှင်ပြန်ခြင်းကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်လော။

  20. ရောမဩဝါဒစာ 11:16ခရစ်နှစ် 60 ခန့်

    အဦးနယ်သော မုန့်စိမ်းသည်သန့်ရှင်းလျှင်၊ တပုံလုံးသန့်ရှင်းလိမ့်မည်။ အမြစ်သန့်ရှင်းလျှင်၊ အခက် အလက်များလည်း သန့်ရှင်းကြလိမ့်မည်။

  21. ရောမဩဝါဒစာ 11:17ခရစ်နှစ် 60 ခန့်

    အချို့သောအခက်တို့ကို ချိုးဖဲ့ပြီးမှ၊ ရိုင်းသော သံလွင့်ပင်တည်းဟူသော သင်ကို အထက်ငုတ်၌ ဆက်၍ စိုက်သဖြင့်၊ အခက်များနှင့် အတူသံလွင်ပင်အမြစ်ကို၎င်း၊ အဆီဩဇာကို၎င်း ဆက်ဆံလျှင်၊ ချိုးဖဲ့သော အခက်တို့ကို ကဲ့ရဲ့ဝါကြွားခြင်းမရှိနှင့်။

  22. ရောမဩဝါဒစာ 11:18ခရစ်နှစ် 60 ခန့်

    ဝါကြွားလျှင်မူကား၊ သင်သည်အမြစ်ကို မဆောင်၊ အမြစ်သည် သင့်ကိုဆောင်၏။

  23. ရောမဩဝါဒစာ 11:19ခရစ်နှစ် 60 ခန့်

    ငါ့ကိုဆက်၍စိုက်ခြင်းငှါထိုအခက်တို့ကို ချိုးဖဲ့ ပြီဟု သင်ဆိုပြန်လျှင်၊ မှန်စေတော့။

  24. ရောမဩဝါဒစာ 11:20ခရစ်နှစ် 60 ခန့်

    မယုံကြည်သောစိတ်ရှိသောကြောင့် သူတို့ ကိုချိုးဖဲ့သည်ဖြစ်၍၊ သင်သည်ယုံကြည်ခြင်းအားဖြင့်သာ တည်၏။ မာနစိတ်မရှိစေနှင့်။ ကြောက်ခြင်းစိတ်ရှိစေလော့။

  25. ရောမဩဝါဒစာ 11:21ခရစ်နှစ် 60 ခန့်

    အကြောင်းမူကား၊ ဘုရားသခင်သည် ပကတိ အခက်များကို နှမြောတော်မမူလျှင်၊ သင်တို့ကို နှမြော တော်မူမည်လော။