အကြောင်းအရာသို့ ကျော်သွားရန်

circa 1406–1380 BC

Conquest of Canaan

Joshua leads Israel across the Jordan into the promised land, defeating the Canaanite kingdoms one by one.

658 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ယောရှုမှတ်စာ 2:8ခရစ်တော် မပေါ်မီ 1451 ခန့်

    သူလျှိုတို့သည် မအိပ်မှီ မိန်းမသည် သူတို့ရှိရာ အိမ်မိုးပေါ်သို့တက်၍၊

  2. ယောရှုမှတ်စာ 2:9ခရစ်တော် မပေါ်မီ 1451 ခန့်

    ထာဝရဘုရားသည် သင်တို့အား ဤပြည်ကို ပေး တော်မူကြောင်းကို၎င်း၊ သင်တို့ကို ငါတို့ကြောက်လန့်အား ကြီး၍ သင်တို့ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက်ကြောင်းကို၎င်း ကျွန်မသိပါ၏။

  3. ယောရှုမှတ်စာ 2:10ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်တို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ၊ ဧဒုံပင်လယ်ရေကို ထာဝရဘုရား ခန်းခြောက်စေတော်မူ ကြောင်းကို၎င်း၊ ယော်ဒန်မြစ်တဘက်၌နေ၍ သင်တို့ ရှင်းရှင်းဖျက်ဆီးသော အာမောရိရှင်ဘုရင် ရှိဟုန်နှင့် ဩဃတို့၌ သင်တို့ပြုသောအမှုကို၎င်း၊ အကျွန်ုပ်တို့ကြား ရကြပြီ။

  4. ယောရှုမှတ်စာ 2:11ခရစ်တော် မပေါ်မီ 1451 ခန့်

    ထိုသိတင်းကိုကြားသောအခါ၊ အကျွန်ုပ်တို့သည် စိတ်ပျက်၍ သင်တို့ကြောင့် တစုံတယောက်သောသူ၌မျှ ရဲရင့်ခြင်းသတ္တိ အလျှင်းမကျန်ကြွင်းပါ။ အကြောင်းမူ ကား၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် အထက် ကောင်းကင်ဘုံ၌၎င်း၊ အောက်အရပ်မြေကြီး၌၎င်း၊ အစိုး ရသော ဘုရားသခင်ဖြစ်တော်မူ၏။

  5. ယောရှုမှတ်စာ 2:12ခရစ်တော် မပေါ်မီ 1451 ခန့်

    သို့ဖြစ်၍ သင်တို့၌ ကျွန်မသည် ကျေးဇူးပြုသော ကြောင့် သင်တို့သည် ကျွန်မပေါက်ဘော်တို့၌ ကျေးဇူးပြု ၍၊

  6. ယောရှုမှတ်စာ 2:13ခရစ်တော် မပေါ်မီ 1451 ခန့်

    ကျွန်မမိဘ၊ ညီအစ်မ၊ မောင်အစရှိသော သူတို့ နှင့်ဆိုင်သမျှသော သူတို့ကို မသတ်ဘဲ အသက်ချမ်းသာ ပေးမည်ဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုကြပါ။ မှန်သောလက္ခဏာသက်သေကိုလည်း ပေးခဲ့ကြပါဟုဆို လျှင်၊

  7. ယောရှုမှတ်စာ 2:14ခရစ်တော် မပေါ်မီ 1451 ခန့်

    ထိုသူတို့က၊ သင်သည် ငါတို့အမှုကို မဘော်မပြ လျှင် သင့်အသက်အတွက် ငါတို့အသက်သည် အာမခံ ဖြစ်စေတော့။ ဤပြည်ကို ထာဝရဘုရားပေးတော်မူသော အခါ၊ သင်၌ သစ္စာစောင့်၍ ကျေးဇူးပြုမည်ဟု ဝန်ခံကြ၏။

  8. ယောရှုမှတ်စာ 2:15ခရစ်တော် မပေါ်မီ 1451 ခန့်

    ထိုမိန်းမနေရာ အိမ်သည် မြို့ရိုးနားမှာရှိသော ကြောင့်၊ ထိုသူတို့ကို ပြတင်းပေါက်ကကြိုးနှင့် လျှော့ချ လျက်၊

  9. ယောရှုမှတ်စာ 2:16ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်တို့သည် လိုက်၍ရှာသောသူတို့နှင့် လွတ် မည်အကြောင်း တောင်ပေါ်သို့ပြေး၍ သုံးရက်ပုန်းနေကြ ပါ။ ရှာသောသူတို့သည် ပြန်သောနောက်မှ သွားကြပါဟု ဆိုလျှင်၊

  10. ယောရှုမှတ်စာ 2:17ခရစ်တော် မပေါ်မီ 1451 ခန့်

    ထိုသူတို့က၊ သင်သည် ကျိန်ဆိုစေသောအကျိန် ကြောင့်၊ ငါတို့၌ အပြစ်မရောက်ပါစေနှင့်။

  11. ယောရှုမှတ်စာ 2:18ခရစ်တော် မပေါ်မီ 1451 ခန့်

    ဤပြည်သို့ ငါတို့ရောက်လာသောအခါ၊ ယခု လျှော့ချသော ပြတင်းပေါက်၌ ဤကြိုးနီကို ချည်ထား၍၊ သင့်မိဘ၊ သင့်မောင်များနှင့် ပေါက်ဘော်များအပေါင်းတို့ ကို သင့်အိမ်၌ ခေါ်ထားရမည်။

  12. ယောရှုမှတ်စာ 2:19ခရစ်တော် မပေါ်မီ 1451 ခန့်

    ထိုအခါ သင့်အိမ်ထဲက လမ်းသို့ထွက်သွားသော သူမည်သည်ကား၊ သေလျှင်သေပြစ်ကို ကိုယ်တိုင်ခံစေ၊ ငါတို့သည် အပြစ်လွတ်စေ။ သင့်အိမ်၌ ရှိသောသူမည် သည်ကို အသေသတ်လျှင် သေပြစ်ကို ငါတို့သည် ခံစေ။

  13. ယောရှုမှတ်စာ 2:20ခရစ်တော် မပေါ်မီ 1451 ခန့်

    ငါတို့အမှုကိုလည်း သင်သည် ဘော်ပြလျှင်၊ သင်ယခုကျိန်ဆိုစေသော အကျိန်နှင့် ငါတို့သည် လွတ်စေ ဟုဆိုလျှင်၊

  14. ယောရှုမှတ်စာ 2:21ခရစ်တော် မပေါ်မီ 1451 ခန့်

    မိန်းမက၊ သင်တို့စကားရှိသည်အတိုင်း ဖြစ်ပါ စေတော့ဟု ဝန်ခံလျက် လွှတ်လိုက်၍ သူတို့သည် သွားကြ ၏။ မိန်းမသည်လည်း ထိုကြေးနီကို ပြတင်းပေါက်၌ ချည်ထားလေ၏။

  15. ယောရှုမှတ်စာ 2:22ခရစ်တော် မပေါ်မီ 1451 ခန့်

    ထိုသူတို့သည် တောင်ပေါ်သို့ရောက်အောင် သွား၍ လိုက်ရှာသောသူတို့ မပြန်မှီတိုင်အောင် သုံးရက် နေကြ၏။ ရှာသောသူတို့သည်လည်း လမ်းတရှောက်လုံး ရှာ၍ မတွေ့ကြ။

  16. ယောရှုမှတ်စာ 2:23ခရစ်တော် မပေါ်မီ 1451 ခန့်

    ထိုလူနှစ်ယောက်တို့သည် လှည့်၍ တောင်ပေါ် က ဆင်းပြီးမှ မြစ်ကို ကူးသဖြင့်၊ နုန်၏သား ယောရှုထံသို့ ရောက်၍၊ မိမိတို့၌ ဖြစ်သမျှတို့ကို ပြန်ကြားလျက်၊

  17. ယောရှုမှတ်စာ 2:24ခရစ်တော် မပေါ်မီ 1451 ခန့်

    အကယ်စင်စစ် ထာဝရဘုရားသည် ထိုပြည် တရှောက်လုံးကို ငါတို့လက်သို့ အပ်တော်မူပြီ။ ငါတို့ ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက် လျက် ရှိကြပါ၏ဟု ယောရှုအား လျှောက်ဆို၏။

  18. ယောရှုမှတ်စာ 3:1ခရစ်တော် မပေါ်မီ 1451 ခန့်

    ယောရှုသည် နံနက်စောစောထ၍ ဣသရေလ အမျိုးသားအပေါင်းတို့နှင့်တကွ ရှိတ္တိမ်မြို့မှပြောင်း၍ ယော်ဒန်မြစ်ကို မကူးမှီ မြစ်နားတွင် စားခန်းချကြ၏။

  19. ယောရှုမှတ်စာ 3:2ခရစ်တော် မပေါ်မီ 1451 ခန့်

    သုံးရက်စေ့သောအခါ၊ တပ်မှူးတို့သည် တပ်တ ရှောက်လုံးသို့သွား၍၊

  20. ယောရှုမှတ်စာ 3:3ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာကို၎င်း၊ သေတ္တာထမ်းသော ယဇ်ပုရောဟိတ် လေဝိသားတို့ကို၎င်း မြင်လျှင်၊ သင်တို့သည် နေရာ ပြောင်း၍ လိုက်ရကြမည်။

  21. ယောရှုမှတ်စာ 3:4ခရစ်တော် မပေါ်မီ 1451 ခန့်

    သေတ္တာတော်နှင့် သင်တို့စပ်ကြားကို အတောင် နှစ်ထောင်ခြား၍ ခရီးကွာစေရမည်။ လိုက်ရသောလမ်း ကို သိမည်အကြောင်း၊ သေတ္တာတော်အနီးသို့ မချဉ်းဘဲ လိုက်ရမည်။ ဤလမ်းသို့ သင်တို့သည် တခါမျှမလိုက်ကြ သေးဟု လူအပေါင်းတို့အား မှာထားကြ၏။

  22. ယောရှုမှတ်စာ 3:5ခရစ်တော် မပေါ်မီ 1451 ခန့်

    ယောရှုကလည်း၊ သင်တို့သည် ကိုယ်ကိုကိုယ် သန့်ရှင်းစေကြလော့။ အကြောင်းမူကား၊ နက်ဖြန်နေ့၌ ထားဝရဘုရားသည် အံ့ဘွယ်သောအမှုတို့ကို သင်တို့တွင် ပြုတော်မူမည်ဟု လူများတို့အား မှာထားလေ၏။

  23. ယောရှုမှတ်စာ 3:6ခရစ်တော် မပေါ်မီ 1451 ခန့်

    တဖန် ယဇ်ပုရောဟိတ်တို့ကို ခေါ်၍ သင်တို့ သည် ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက်၊ လူများရှေ့ သို့ကူးသွားကြလော့ဟု ယောရှုဆိုသည့်အတိုင်း သူတို့သည် ပဋိညာဉ်သေတ္တာတော် ကိုထမ်း၍လူများရှေ့သို့ သွားကြ၏။

  24. ယောရှုမှတ်စာ 3:7ခရစ်တော် မပေါ်မီ 1451 ခန့်

    ထာဝရဘုရားကလည်း၊ ယောရှုကိုခေါ်၍ ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိသည် ကို ဣသရေလအမျိုးသားအပေါင်းတို့သည် သိကြမည် အကြောင်း၊ သူတို့မျက်မှောက်၌ သင့်ကို ယနေ့ ငါချီးမြှင့် စပြုမည်။

  25. ယောရှုမှတ်စာ 3:8ခရစ်တော် မပေါ်မီ 1451 ခန့်

    ပဋိညာဉ်သေတ္တာကို ထမ်းသော ယဇ်ပုရော ဟိတ်တို့သည်၊ ယော်ဒန်မြစ်ရေနားသို့ ရောက်သောအခါ၊ ယော်ဒန်မြစ်၌ ရပ်နေရမည်အကြောင်းကို ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။