အကြောင်းအရာသို့ ကျော်သွားရန်

circa 1406–1380 BC

Conquest of Canaan

Joshua leads Israel across the Jordan into the promised land, defeating the Canaanite kingdoms one by one.

658 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ယောရှုမှတ်စာ 12:22ခရစ်တော် မပေါ်မီ 1450 ခန့်

    ကေဒေရှမင်းကြီးတပါး၊ ကရမေလတောင်ပေါ် မှာ ယောကနမ်မင်းကြီးတပါး၊

  2. ယောရှုမှတ်စာ 12:23ခရစ်တော် မပေါ်မီ 1450 ခန့်

    ဒေါရပြည်နယ်မှာ ဒေါရမင်းကြီးတပါး၊ ဂိလဂါ လပြည်မှာ ဂေါအိမ်မင်းကြီးတပါး၊

  3. ယောရှုမှတ်စာ 12:24ခရစ်တော် မပေါ်မီ 1450 ခန့်

    တိရဇမင်းကြီးတပါး၊ မင်းကြီးပေါင်း သုံးဆယ် တပါးတည်း။

  4. ယောရှုမှတ်စာ 13:1ခရစ်တော် မပေါ်မီ 1444 ခန့်

    ယောရှုသည် အို၍ အသက်ကြီးရင့်သောအခါ၊ ထာဝရဘုရားက၊ သင်သည် အို၍ အသက်ကြီးရင့်ပြီ။ သိမ်းယူရမည့်မြေလည်း အများကျန်သေး၏။

  5. ယောရှုမှတ်စာ 13:2ခရစ်တော် မပေါ်မီ 1444 ခန့်

    ကျန်သောမြေဟူမူကား၊ ဖိလိတ္တိပြည်မှစ၍ ဂေရှုရိပြည်တရှောက်လုံး၊

  6. ယောရှုမှတ်စာ 13:3ခရစ်တော် မပေါ်မီ 1444 ခန့်

    အဲဂုတ္တုပြည်အရှေ့၊ ရှိဟောရမြစ်မှစ၍ မြောက် မျက်နှာ၌ ဧကြုန်မြို့နယ်တိုင်အောင်၊ ခါနနိလူနေသော ပြည်၊ ဖိလိတ္တိမင်းငါးပါးတည်းဟူသော ဂါဇသိလူ၊ အာဇော တိလူ၊ ဧရှကလောနိလူ၊ ဂိတ္တိလူ၊ ဧကြောနိလူနှင့်တကွ၊ အာဝိလူနေသောပြည်၊

  7. ယောရှုမှတ်စာ 13:4ခရစ်တော် မပေါ်မီ 1444 ခန့်

    တောင်မျက်နှာမှစ၍ အာမောရိပြည် အာဖက် မြို့တိုင်အောင်၊ ခါနနိပြည်တရှောက်လုံးနှင့် ဇိဒုန်ပြည် အနားမှာရှိသော မာရာပြည်၊

  8. ယောရှုမှတ်စာ 13:5ခရစ်တော် မပေါ်မီ 1444 ခန့်

    နေထွက်ရာဘက်၊ ဟေရမုန်တောင်ခြေရင်း၌ ဗာလဂဒ်မြို့မှစ၍ ဟာမတ်ပြည်အဝင်တိုင်အောင် ဂေဗလပြည်၊ လေဗနုန်ပြည် တရှောက်လုံးကျန်သတည်း။

  9. ယောရှုမှတ်စာ 13:6ခရစ်တော် မပေါ်မီ 1444 ခန့်

    လေဗနုန်တောင်မှစ၍ မိသရဖေါသမိမ်မြို့တိုင် အောင်၊ တောင်ပေါ်၌နေသောသူနှင့် ဇိဒေါနိလူအပေါင်း တို့ကို ဣသရေလအမျိုးသားရှေ့မှ ငါနှင်ထုတ်မည်။ သို့ဖြစ်၍ ငါမှာထားသည်အတိုင်း စာရေးတံပြုလျက် ထိုမြေကို ဣသရေလလူတို့အား အမွေဝေဖန်လော့။

  10. ယောရှုမှတ်စာ 13:7ခရစ်တော် မပေါ်မီ 1444 ခန့်

    ယခုမှာ ဤပြည်ကို ဣသရေလအမျိုးကိုးမျိုးနှင့် မနာရှေအမျိုးတဝက်တို့အား အမွေဝေဖန်လော့။

  11. ယောရှုမှတ်စာ 13:8ခရစ်တော် မပေါ်မီ 1444 ခန့်

    ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့ သည် ယော်ဒန်မြစ်အရှေ့ဘက်၊ မောရှေပေးသည်အတိုင်း မိမိတို့အမွေမြေကို ခံကြပြီဟု မိန့်တော်မူ၏။

  12. ယောရှုမှတ်စာ 13:9ခရစ်တော် မပေါ်မီ 1444 ခန့်

    ထာဝရဘုရား၏ကျွန်မောရှေပေးသော မြေဟူမူ ကား၊ အာနုန်မြစ်နား၌ရှိသော အာရော်မြို့၊ မြစ်အကွေ့၌ ရှိသမျှသောမြို့တို့နှင့်တကွ၊ ဒိဘုန်မြို့တိုင်အောင် မေဒဘ လွင်ပြင်တရှောက်လုံး၊

  13. ယောရှုမှတ်စာ 13:10ခရစ်တော် မပေါ်မီ 1444 ခန့်

    အမ္မုန်ပြည်စွန်းတိုင်အောင်၊ ဟေရှဘုန်မြို့၌ မင်းပြုသော အာမောရိရှင်ဘုရင်ရှိဟုန် အစိုးရသောမြို့ ရှိသမျှ၊

  14. ယောရှုမှတ်စာ 13:11ခရစ်တော် မပေါ်မီ 1444 ခန့်

    ဂိလဒ်ပြည်၊ ဂေရှုရိလူ၊ မာခါသိလူနေသောပြည်၊ ဟေရမုန်တောင်ရှိသမျှ၊ သာလကပြည်တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး၊

  15. ယောရှုမှတ်စာ 13:12ခရစ်တော် မပေါ်မီ 1444 ခန့်

    အလွန်ကြီးမားသောလူမျိုးထဲက ကျန်ကြွင်း သောသူ၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌ မင်းပြုသော ဗာရှန် ရှင်ဘုရင်ဩဃ၏ နိုင်ငံတရှောက်လုံးပါသတည်း။ ထိုမင်း တို့ကို မောရှေသည် လုပ်ကြံ၍ ပယ်ရှားလေ၏။

  16. ယောရှုမှတ်စာ 13:13ခရစ်တော် မပေါ်မီ 1444 ခန့်

    သို့ရာတွင် ဣသရေလလူတို့သည် ဂေရှုရိလူ၊ မာခါသိလူတို့ကို မနှင်ထုတ်ကြ။ ထိုလူမျိုးတို့သည် ယနေ့ တိုင်အောင် ဣသရေလအမျိုးသားတို့နှင့် အတူနေကြ၏။

  17. ယောရှုမှတ်စာ 13:14ခရစ်တော် မပေါ်မီ 1444 ခန့်

    လေဝိအမျိုးသား အမွေကိုမပေး။ ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရားအား မီးဖြင့်ပူဇော် သောယဇ်တို့သည် အမိန့်တော်ရှိသည်အတိုင်း သူတို့အမွေ ဖြစ်သတည်း။

  18. ယောရှုမှတ်စာ 13:15ခရစ်တော် မပေါ်မီ 1444 ခန့်

    မောရှေသည်၊ ရုဗင်အမျိုးသား အဆွေအမျိုး အသီးသီးတို့အား အမွေပေးသောပြည်များ ဟူမူကား၊

  19. ယောရှုမှတ်စာ 13:16ခရစ်တော် မပေါ်မီ 1444 ခန့်

    အာနုန်မြစ်နား၌ရှိသော အာရော်မြို့၊ မြစ်အ ကွေ့၌ ရှိသမျှသောမြို့တို့နှင့်တကွ၊ မေဒဘလွင်ပြင် တရှောက်လုံး၊

  20. ယောရှုမှတ်စာ 13:17ခရစ်တော် မပေါ်မီ 1444 ခန့်

    ဟေရှဘုန်မြို့နှင့်တကွ လွင်ပြင်၌ ရှိသမျှသော မြို့၊ ဒိဘုန်မြို့၊ ဗာမုတ်ဗာလမြို့၊ ဗက်ဗာလမောင်မြို့၊

  21. ယောရှုမှတ်စာ 13:18ခရစ်တော် မပေါ်မီ 1444 ခန့်

    ယဟာဇမြို့၊ ကေဒမုတ်မြို့၊ မေဖတ်မြို့၊

  22. ယောရှုမှတ်စာ 13:19ခရစ်တော် မပေါ်မီ 1444 ခန့်

    ကိရယသိမ်မြို့၊ စိဗမာမြို့၊ ချိုင့်တွင်တောင်ပေါ် မှာရှိသော ဇာရက်ရှာဟာမြို့၊

  23. ယောရှုမှတ်စာ 13:20ခရစ်တော် မပေါ်မီ 1444 ခန့်

    ဗက်ပေဂုရမြို့၊ အာဇုတ်ပိသကာမြို့၊ ဗက်ယေရှိ မုတ်မြို့၊

  24. ယောရှုမှတ်စာ 13:21ခရစ်တော် မပေါ်မီ 1444 ခန့်

    လွင်ပြင်၌ရှိသမျှသော မြို့တို့နှင့်တကွ၊ ဟေရှဘုန် မြို့၌မင်းပြုရသော အာမောရိရှင်ဘုရင် ရှိဟုန်၏နိုင်ငံ တရှောက်လုံးကို ပေးသတည်း။ ထိုရှင်ဘုရင်ကို၎င်း၊ ထိုရှင်ဘုရင်ချီးမြှောက်၍ သူ့ပြည်၌နေသော မိဒျန်မင်းကြီး ငါးပါး၊ ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘတို့ကို၎င်း၊ မောရှေ သည် လုပ်ကြံလေ၏။

  25. ယောရှုမှတ်စာ 13:22ခရစ်တော် မပေါ်မီ 1444 ခန့်

    ပရောဖက်လုပ်သော ဗောရသား ဗာလမ်ကို လည်း၊ အသေခံရသောသူတို့နှင့်ရော၍ ဣသရေလလူတို့ သည် ထားနှင့်ကွပ်မျက်ကြ၏။