- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1406–1380 BC
Conquest of Canaan
Joshua leads Israel across the Jordan into the promised land, defeating the Canaanite kingdoms one by one.
ဤကာလမှ အခန်းငယ်များ
- ယောရှုမှတ်စာ 11:20ခရစ်တော် မပေါ်မီ 1450 ခန့်
အကြောင်းမူကား၊ ထာဝရဘုရားသည် မောရှေ ကို မှာထားတော်မူသည်အတိုင်း၊ ထိုလူမျိုးတို့ကို ကျေးဇူး မပြု အကုန်အစင် သုတ်သင်ပယ်ရှင်းစေမည် အကြောင်း၊ သူတို့သည် ဣသရေလအမျိုးသားတို့ကို ဆီး၍ တိုက်ဝံ့ သည်တိုင်အောင် သူတို့စိတ်နှလုံး ခိုင်မာစေခြင်းငှါ ထာဝရ ဘုရားအလိုရှိတော်မူသတည်း။
- ယောရှုမှတ်စာ 11:21ခရစ်တော် မပေါ်မီ 1450 ခန့်
ထိုကာလအခါ ယောရှုသည် ချီသွား၍၊ အာနက လူတို့ကို တောင်ပေါ်အရပ် ဟေဗြုန်မြို့၊ ဒေဗိရမြို့၊ အာ နပ်မြို့၊ ယုဒတောင်၊ ဣသရေလတောင် ရှိသမျှတို့မှ ပယ် ရှား၍၊ သူတို့မြို့များနှင့်တကွ ရှင်းရှင်းဖျက်ဆီးလေ၏။
- ယောရှုမှတ်စာ 11:22ခရစ်တော် မပေါ်မီ 1450 ခန့်
ဂါဇမြို့၊ ဂါသမြို့၊ အာဇုတ်မြို့မှတပါး၊ ဣသ ရေလတိုင်းနိုင်ငံတွင် ကျန်ကြွင်းသော အာနကလူတ ယောက်မျှမရှိ။
- ယောရှုမှတ်စာ 11:23ခရစ်တော် မပေါ်မီ 1450 ခန့်
ထာဝရဘုရားသည် မောရှေကို မိန့်တော်မူသမျှ အတိုင်း၊ ယောရှုသည် ထိုပြည်တရှောက်လုံးကို သိမ်းယူ၍ ဣသရေလအမျိုးအနွယ် အသီးသီးတို့အား အမွေပေး သဖြင့်၊ တပြည်လုံးစစ်ငြိမ်းလေ၏။
- ယောရှုမှတ်စာ 12:1ခရစ်တော် မပေါ်မီ 1450 ခန့်
ယော်ဒန်မြစ်အရှေ့ နေထွက်ရာဘက်၌၊ အာနုန် မြစ်မှစ၍ ဟေရမုန်တောင်တိုင်အောင်၊ အရှေ့လွင်ပြင်ရှိ သမျှပါလျက်၊ ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍ သိမ်းယူသောပြည်ကို အစိုးရသောမင်းကြီးများ ဟူမူကား၊
- ယောရှုမှတ်စာ 12:2ခရစ်တော် မပေါ်မီ 1450 ခန့်
အာနုန်မြို့အနားမှာ အာရော်မြို့၊ မြစ်တဝက်၊ ဂိလဒ်ပြည်တဝက်မှစ၍ အမ္မုန်ပြည်စွန်း အပိုင်းအခြား ယဗ္ဗုတ်မြစ်တိုင်အောင်၎င်း၊
- ယောရှုမှတ်စာ 12:3ခရစ်တော် မပေါ်မီ 1450 ခန့်
အရှေ့မျက်နှာ၌ လွင်ပြင်မှစ၍ ဂင်္နေသရက် အိုင်နှင့် လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်အရှေ့ ဘက် ဗက်ယေရှိမုတ်မြို့သို့ သွားရာလမ်း၊ အာဇုတ်ပိသဂါ မြို့အနား၊ တောင်မျက်နှာမှ လာရာလမ်းတိုင်အောင်၎င်း အစိုးရ၍၊ ဟေရှဘုန်မြို့၌နေသော အာမောရိရှင်ဘုရင် ရှိဟုန်တပါး၊
- ယောရှုမှတ်စာ 12:4ခရစ်တော် မပေါ်မီ 1450 ခန့်
ဟေရမုန်တောင်နှင့် သာလကပြည်ကို၎င်း၊
- ယောရှုမှတ်စာ 12:5ခရစ်တော် မပေါ်မီ 1450 ခန့်
ဂေရှုရိလူ၊ မာခါသိလူနေသော ပြည်စွန်းတိုင် အောင် ဗာရှန်ပြည်တရှောက်လုံးကို၎င်း၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန်ပိုင်သော နိုင်ငံစွန်းတိုင်အောင် ဂိလဒ် ပြည်တဝက်ကို၎င်း အစိုးရ၍၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌ နေသော အလွန်ကြီးမားသော လူမျိုးထဲက ကျန်ကြွင်း သောသူ ဗာရှန်ရှင်ဘုရင်ဩဃတပါး၊
- ယောရှုမှတ်စာ 12:6ခရစ်တော် မပေါ်မီ 1450 ခန့်
ထိုရှင်ဘုရင်နှစ်ပါးကို ထာဝရဘုရား၏ကျွန် မောရှေနှင့် ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍၊ ထာဝရဘုရား၏ကျွန်မောရှေသည် သူတို့ပြည်ကို ရုဗင် အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့အား အပိုင်ပေး လေ၏။
- ယောရှုမှတ်စာ 12:7ခရစ်တော် မပေါ်မီ 1450 ခန့်
ယော်ဒန်မြစ်အနောက်ဘက်မှာ လေဗနုန်ချိုင့်၌ ရှိသော ဗာလဂဒ်မြို့မှစ၍၊
- ယောရှုမှတ်စာ 12:8ခရစ်တော် မပေါ်မီ 1450 ခန့်
စိရလမ်းတွင်ရှိသော ဟာလက်တောင်တိုင် အောင် တောင်ပေါ်အရပ်၊ ချိုင့်ထဲအရပ်၊ လွင်ပြင်အရပ်၊ စမ်းရေတွင်းအရပ်၊ တောအရပ်၊ တောင်မျက်နှာအရပ်၊ ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူနေရာ၊ ယောရှုနှင့်ဣသရေလအမျိုးသား လုပ် ကြံ၍၊ ယောရှုသည် ဣသရေလအမျိုးအနွယ် အသီးသီး တို့အား အပိုင်ပေးသောပြည်ကို အစိုးရသောမင်းကြီးများ ဟူမူကား၊
- ယောရှုမှတ်စာ 12:9ခရစ်တော် မပေါ်မီ 1450 ခန့်
ယေရိခေါမင်းကြီးတပါး၊ ဗေသလမြို့အနားမှာ၊ အာဣမင်းကြီးတပါး၊
- ယောရှုမှတ်စာ 12:10ခရစ်တော် မပေါ်မီ 1450 ခန့်
ယေရုရှလင်မင်းကြီးတပါး၊ ဟေဗြုန်မင်းကြီး တပါး၊
- ယောရှုမှတ်စာ 12:11ခရစ်တော် မပေါ်မီ 1450 ခန့်
ယာမုတ်မင်းကြီးတပါး၊ လာခိရှမင်းကြီးတပါး၊
- ယောရှုမှတ်စာ 12:12ခရစ်တော် မပေါ်မီ 1450 ခန့်
ဧဂလုန်မင်းကြီးတပါး၊ ဂေဇာမင်းကြီးတပါး၊
- ယောရှုမှတ်စာ 12:13ခရစ်တော် မပေါ်မီ 1450 ခန့်
ဒေဗိရမင်းကြီးတပါး၊ ဂေဒါမင်းကြီးတပါး၊
- ယောရှုမှတ်စာ 12:14ခရစ်တော် မပေါ်မီ 1450 ခန့်
ဟောမာမင်းကြီးတပါး၊ အာရဒ်မင်းကြီးတပါး၊
- ယောရှုမှတ်စာ 12:15ခရစ်တော် မပေါ်မီ 1450 ခန့်
လိဗနမင်းကြီးတပါး၊ အဒုလံမင်းကြီးတပါး၊
- ယောရှုမှတ်စာ 12:16ခရစ်တော် မပေါ်မီ 1450 ခန့်
မက္ကဒါမင်းကြီးတပါး၊ ဗေသလမင်းကြီးတပါး၊
- ယောရှုမှတ်စာ 12:17ခရစ်တော် မပေါ်မီ 1450 ခန့်
တာပွါမင်းကြီးတပါး၊ ဟေဖါမင်းကြီးတပါး၊
- ယောရှုမှတ်စာ 12:18ခရစ်တော် မပေါ်မီ 1450 ခန့်
အာဖက်မင်းကြီးတပါး၊ လာရှရုန်မင်းကြီးတပါး၊
- ယောရှုမှတ်စာ 12:19ခရစ်တော် မပေါ်မီ 1450 ခန့်
မာဒုန်မင်းကြီးတပါး၊ ဟာဇော်မင်းကြီးတပါး၊
- ယောရှုမှတ်စာ 12:20ခရစ်တော် မပေါ်မီ 1450 ခန့်
ရှိမရုန်မင်းကြီးတပါး၊ အာခရှပ်မင်းကြီးတပါး၊
- ယောရှုမှတ်စာ 12:21ခရစ်တော် မပေါ်မီ 1450 ခန့်
တာနက်မင်းကြီးတပါး၊ မေဂိဒ္ဒေါမင်းကြီးတပါး၊