Skip to content

Jacob အကြောင်း ကျမ်းစာအခန်းငယ်များ

285 အခန်းငယ် · 49 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယာကုပ်ချွေးမများကို မဆိုဘဲ၊ ယာကုပ်မှဆင်းသက်၍၊ သူနှင့်အတူ အဲဂုတ္တုပြည်သို့သွားသော လူပေါင်း ကား၊ ခြောက်ဆယ်ခြောက်ယောက်တည်း။

  2. အဲဂုတ္တုပြည်၌ ယောသပ်ရနှင့်သော သားနှစ်ယောက်ရှိ၏။ သို့ဖြစ်၍ အဲဂုတ္တုပြည်သို့ရောက်သော ယာကုပ်၏အမျိုးသားအပေါင်းကား ခုနစ်ဆယ်တည်း။

  3. ယောသပ်ထံသို့ ဂေါရှင်ပြည်ကိုသွားစေခြင်းငှါ ယုဒကို အရင်စေလွှတ်ပြီးမှ ဂေါရှင်ပြည်သို့ရောက်ကြ၏။

  4. ယောသပ်သည် ရထားကိုပြင်၍ အဘဣသရေလကို ခရီးဦးကြိုပြုခြင်းငှါ ဂေါရှင်ပြည်သို့ သွား၍ အဘရှေ့သို့ရောက်သော်၊ အဘ၏လည်ပင်းကို ဘက်လျက် ကြာကြာငိုလေ၏။

  5. ဣသရေလကလည်း၊ ယခုငါသေပါစေသော။ သင်၏မျက်နှာကို ငါမြင်ရပြီ။ သင်သည် အသက်ရှင်သေး ၏ဟု ယောသပ်အား ဆိုလေ၏။

  6. ယောသပ်ကလည်း၊ ဖါရောမင်းထံသို့ ကျွန်ုပ် သွားဦးမည်။ ခါနာန်ပြည်၌နေသော ကျွန်တော်အစ်ကို များ၊ ကျွန်တော်အဘ၏ အိမ်သားများတို့သည် ကျွန်တော် ထံသို့ ရောက်ကြပါပြီ။

  7. ထိုသူတို့သည် သိုးထိန်းဖြစ်ပါ၏။ သိုးနွားတို့ကို မွေးသောသူဖြစ်ပါ၏။ သူတို့သိုးနွားမှစ၍ ရှိသမျှတို့ကို ဆောင်ခဲ့ကြပါပြီဟု လျှောက်မည်။

  8. နောက်တခါ သင်တို့ကို ဖါရောမင်းခေါ်၍ သင်တို့သည် အဘယ်သို့ လုပ်ဆောင်တတ်သနည်းဟု မေးတော်မူလျှင်၊

  9. ကိုယ်တော်ကျွန်တော်တို့သည် ဘိုးဘေးနှင့်တကွ၊ ငယ်သော အရွယ်မှစ၍ ယခုတိုင်အောင် သိုးနွားတို့ကို မွေးသောသူဖြစ်ကြပါ၏ဟု လျှောက်ရမည်။ သို့ဖြစ်၍ ဂေါရှင်ပြည်မှာ နေသောအခွင့်ကို ရကြလိမ့်မည်။ သိုး ထိန်းဖြစ်သောသူကို အဲဂုတ္တုလူတို့သည် ရွံရှာတတ်ကြ၏ ဟု အစ်ကိုများ အဘ၏အိမ်သားများတို့ကို ပြောဆို၏။

  10. ထိုစကားအတိုင်း ယောသပ်သည် ဖါရောမင်း ထံသို့သွား၍၊ ကျွန်တော်အဘနှင့်အစ်ကိုတို့သည် သိုးနွား၊ ဥစ္စရှိသမျှကို ဆောင်လျက် ခါနာန်ပြည်ကရောက်လာ၍၊ ဂေါရှင်ပြည်၌ရှိကြပါသည်ဟု လျှောက်သဖြင့်၊

  11. အစ်ကိုစုထဲက ရွေး၍ ငါးယောက်တို့ကို အထံ တော်သို့သွင်းလေ၏။

  12. ဖာရောမင်းကလည်း၊ သင်တို့သည် အဘယ်သို့ လုပ်ဆောင်လေ့ရှိကြသနည်းဟုမေးလျှင်၊ သူတို့က၊ ကိုယ်တော် ကျွန်တို့သည် ဘိုးဘေးနှင့်တကွ သိုးထိန်း ဖြစ်ကြပါ၏ဟူ၍၎င်း၊

  13. ခါနာန်ပြည်၌ အလွန်အစာခေါင်းပါး၍ သိုးနွား ကျက်စားရာမရှိသောကြောင့်၊ ကိုယ်တော်ကျွန်တို့သည် ပြည်တော်၌ တည်းခိုခြင်းငှါ လာကြပါ၏။ သို့ဖြစ်၍ ကိုယ်တော်ကျွန်တို့သည် ဂေါရှင်ပြည်၌ နေရမည် အကြောင်း အခွင့်ပေးတော်မူပါဟူ၍၎င်း လျှောက်ကြ၏။

  14. ဖါရောမင်းကလည်း၊ သင်၏အဘနှင့်အစ်ကို တို့သည် သင့်ထံသို့ ရောက်လာကြသည်ဖြစ်၍၊

  15. အဲဂုတ္တပြည်သည် သင့်ရှေ့မှာ ရှိ၏။ သင်၏ အဘနှင့် သင်၏အစ်ကိုတို့ကို အကောင်းဆုံးသော အရပ် ဂေါရှင်ပြည်၌ နေရာချလော့။ သူတို့တွင် အစွမ်းသတ္တိ ရှိသောသူအချို့တို့ကို တွေ့လျှင် ငါ၏သိုးနွားအုပ်အရာ၌ ခန့်ထားလော့ဟု ယောသပ်အား မိန့်တော်မူ၏။

  16. ယောသပ်သည် အဘယာကုပ်ကို သွင်း၍ ဖါရောမင်းရှေ့မှာ ထားသဖြင့်၊ ယာကုပ်သည် ဖါရောမင်း ကို ကောင်းကြီးပေး၏။

  17. ဖါရောမင်းက၊ သင်သည် အသက်အဘယ်မျှ လောက်ရှိပြီနည်းဟု ယာကုပ်အား မေးလျှင်၊

  18. ကျွန်တော်သည် ဧည့်သည်အာဂန္တုဖြစ်၍ လွန် သော အသက်သည် အနှစ်တရာသုံးဆယ်ရှိပါပြီ။ ကျွန်တော်အသက်ရှင်သော နှစ်ပေါင်းနည်း၍ဆိုးပါ၏။ ဧည့်သည် အာဂန္တုဖြစ်သော ဘိုးဘေးတို့၏ အသက်တန်း ကို မမှီပါဟု လျှောက်ဆိုပြီးလျှင်၊

  19. ဖါရောမင်းကို ကောင်းကြီးပေး၍ အထံတော်က ထွက်သွားလေ၏။

  20. ဖါရောမင်းအမိန့်တော်ရှိသည့်အတိုင်း၊ ယောသပ် သည် အဘနှင့် အစ်ကိုတို့ကို နေရာချ၍ အဲဂုတ္တုပြည်၌ အကောင်းဆုံးသောအရပ် ရာမသက်မြေကိုအပိုင်ပေး၏။

  21. အဘနှင့် အစ်ကိုများ၊ အဘ၏အိမ်သားရှိသမျှ တို့ကို အနည်းအများအလိုက် ကျွေးမွေး၏။

  22. ဣသရေလသည် သေရသောအချိန်နီးသော်၊ သားယောသပ်ကို ခေါ်၍ ငါ့ကိုသနားလျှင် သင်၏ လက်ကို ငါ့ပေါင်အောက်၌ ထားပါလော့။ ကရုဏာသစ္စာ နှင့်အညီ ငါ၌ပြုပါ။ အဲဂုတ္တုပြည်၌ ငါ့ကိုမသင်္ဂြိုဟ်ပါနှင့်။

  23. ငါသည်ဘိုးဘေးနှင့်အတူ အိပ်ချင်ပါ၏။ အဲဂုတ္တု ပြည်မှ ငါ့ကို ဆောင်သွား၍ သူတို့သင်္ချိုင်း၌ သင်္ဂြိုဟ် ရမည်ဟုဆို၏။ ယောသပ်ကလည်း၊ အဘဆိုသည် အတိုင်း အကျွန်ုပ်ပြုပါမည်ဟု ဝန်ခံလေ၏။

  24. ငါ့အားကျိန်ဆိုခြင်းကို ပြုပါဟု ဆိုပြန်လျှင်၊ ကျိန်ဆိုခြင်းကို ပြု၏။ ဣသရေလသည်လည်း ခုတင် ခေါင်းရင်းပေါ်မှာ ကိုးကွယ်လေ၏။

  25. ယောသပ်ကို ကောင်းကြီးပေးလျက်၊ ငါ့အဘ အာဗြဟံနှင့်ဣဇာက်ကိုးကွယ်သော ဘုရားသခင်၊ ငါ့ကို တသက်လုံး ယနေ့တိုင်အောင် ကျွေးမွေးတော်မူသော ဘုရားသခင်တည်းဟူသော၊