အကြောင်းအရာသို့ ကျော်သွားရန်

Jacob အကြောင်း ကျမ်းစာအခန်းငယ်များ: Prophecies concerning himself and descendants

15 အခန်းငယ် · 49 ရှုထောင့်

Prophecies concerning himself and descendants အကြောင်း အခန်းငယ်များ

  1. ထိုကြောင့် ဘုရားသခင်ပင် မိုယ်းကောင်းကင် နှင့်ကို၎င်း၊ မြေကြီး၏ဆီဥကို၎င်း၊ များစွာသော ဆန်စပါး၊ စပျစ်ရည်ကို၎င်း၊ သင့်အား ပေးတော်မူစေသတည်း။

  2. သူတပါးတို့သည် သင်၌ကျွန်ခံ၍၊ အပြည်ပြည် တို့သည် သင့်ရှေ့မှာ ဦးညွှတ်ကြရစေသတည်း။ သင်သည် သင်၏ညီအစ်ကိုတို့၌ အရှင်ဖြစ်၍၊ သင့်အမိသားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း။ သင့်ကို ကျိန်ဆဲ သောသူအပေါင်းတို့သည် ကျိတ်ဆဲခြင်းကို ခံရကြစေ သတည်း။ သင့်ကို ကောင်းကြီးပေးသောသူအပေါင်းတို့ သည် ကောင်းကြီးကို ခံရကြစေသတည်းဟု ကောင်းကြီး ပေးလေ၏။

  3. ယာကုပ်သည် ဗေရရှေဘရွာမှ ထွက်၍၊ ခါရန် ပြည်သို့ ခရီးသွားစဉ်တွင်၊

  4. တစုံတခုသောအရပ်သို့ရောက်၍၊ မိုဃ်းချုပ် သောကြောင့်၊ ညဉ့်ကို လွန်စေမည်အကြံရှိသည်နှင့်၊ ထိုအရပ်၌ ကျောက်ကိုယူ၍ ခေါင်းအုံးဘို့ ထားပြီးလျှင် အိပ်လေ၏။

  5. မြင်ရသော အိပ်မက်ဟူမူကား၊ မြေကြီးပေါ်၌ လှေကားထောင်လျက် အဖျားသည် မိုဃ်းကောင်းကင် တိုင်အောင်မှီ၏။ ဘုရားသခင်၏ ကောင်းကင်တမန်တို့ သည်၊ ထိုလှေကားဖြင့် ဆင်းလျက် တက်လျက်ရှိကြ၏။

  6. ထာဝရဘုရားသည် လှေကားထက်၌ ရပ်တော်မူ လျက်၊ ငါသည် သင်၏အဘ အာဗြဟံဘုရား၊ ဣဇာက်၏ ဘုရားတည်းဟူသော ထာဝရဘုရားဖြစ်၏။ သင်အိပ် သော မြေကို သင်နှင့်သင်၏ အမျိုးအနွယ်အား ငါပေး မည်။

  7. သင်၏အမျိုးအနွယ်သည် မြေမှုန့်ကဲ့သို့ များပြား လိမ့်မည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ အရပ်တို့သို့နှံ့ပြားကြလိမ့်မည်။ သင်နှင့်သင်၏အမျိုး အနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံကြရလိမ့်မည်။

  8. ငါသည် သင့်ဘက်မှာရှိ၏။ သင်သွားလေရာ ရာ၌ ငါစောင့်မမည်။ ဤပြည်သို့တဖန် ဆောင်ခဲ့ဦးမည်။ ဂတိထားသည်အတိုင်း မပြည့်စုံမှီ၊ သင့်ကိုငါမစွန့်ဟု မိန့်တော်မူ၏။

  9. ယာကုပ်သည် ပါဒနာရံအရပ်မှ ပြန်လာသော နောက်၊ တဖန်ဘုရားသခင်ထင်ရှား၍ ကောင်းကြီးပေး တော်မူပြီးလျှင်၊

  10. သင်သည် ယခုယာကုပ်အမည်ရှိ၏။ နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍မခေါ်ရ။ ဣသရေလဟူ ၍ ခေါ်ရမည်ဟု မိန့်တော်မူလျက် ဣသရေလအမည်ဖြင့် သမုတ်တော်မူ၏။

  11. တဖန် ဘုရားသခင်က၊ငါသည် အနန္တတန်ခိုး ရှင် ဘုရားသခင် ဖြစ်၏။ တိုးပွါးများပြားလော့။ လူတမျိုး မက၊ အမျိုးမျိုးတို့သည် သင်၌ဖြစ်ကြလိမ့်မည်။ ရှင်ဘုရင်တို့သည် သင်၏ အမျိုးအနွယ်၌ ဖြစ်ကြလိမ့်မည်။

  12. အာဗြဟံနှင့် ဣဇာက်အား ငါပေးသောမြေကို သင်နှင့်သင်၏ အမျိုးအနွယ်အား ငါပေးမည်ဟု မိန့်တော် မူ၏။

  13. ထိုသို့ ယာကုပ်နှင့်နှုတ်ဆက်၍ မိန့်မြွက်တော်မူ ရာအရပ်မှ၊ ဘုရားသခင် တက်ကြွတော်မူ၏။

  14. အာဗြဟံ၌ဂတိထား၍၊ ဣဇာက် ၌ ကျိန်ဆိုတော်မူလျက်၊

  15. ယာကုပ်၌ မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊