အကြောင်းအရာသို့ ကျော်သွားရန်

Jacob အကြောင်း ကျမ်းစာအခန်းငယ်များ: Descendants of

59 အခန်းငယ် · 49 ရှုထောင့်

Descendants of အကြောင်း အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. လေအာသည် အမုန်းခံရသည်ကို ထာဝရဘုရားသိမြင်၍၊ သားဘွားရသောအခွင့်ကို ပေးတော်မူ ၏။ ရာခေလမူကား မြုံ၏။

  2. လေအာသည် ပဋိသန္ဓေယူသဖြင့်၊ သားကို ဘွားမြင်၍ ရုဗင်အမည်ဖြင့် မှည့်လေ၏။ အကြောင်း မူကား၊ ထာဝရဘုရားသည် ငါ၏ဆင်းရဲခံခြင်းကို အမှန် ကြည့်မြင်တော်မူပြီ။ သို့ဖြစ်၍ ယခုငါ့လင်သည် ငါ့ကိုချစ် လိမ့်မည်ဟု ဆိုသတည်း။

  3. တဖန် ပဋိသန္ဓေယူပြန်၍ သားကိုဘွားမြင်သော်၊ ငါသည် အမုန်းခံရကြောင်းကို ထာဝရဘုရား ကြားသော ကြောင့်၊ ဤသားကိုလည်း ပေးသနားတော်မူပြီဟု ဆိုပြီး လျှင်၊ ထိုသားကို ရှိမောင်အမည်ဖြင့် မှည့်လေ၏။

  4. တဖန် ပဋိသန္ဓေယူပြန်၍ သားကိုဘွားမြင်သော်၊ ငါ့လင်အား သားသုံးယောက်ကို ငါဘွားမြင်သောကြောင့်၊ ယခုတခါသူသည် ငါနှင့်ပေါင်းဘော်လိမ့်မည်ဟု ဆို၍၊ ထိုသားကို လေဝိအမည်ဖြင့် မှည့်လေ၏။

  5. တဖန် ပဋိသန္ဓေယူပြန်၍ သားကို ဘွားမြင် သော်၊ ထာဝရဘုရားကို ယခုငါချီးမွမ်းမည်ဟု ဆိုသည် ဖြစ်၍၊ ထိုသားကို ယုဒအမည်ဖြင့် မှည့်လေ၏။ ထိုနောက်၊ သားပြတ်၍ မဘွားဘဲနေ၏။

  6. ရာခေလသည် ယာကုပ်အား သားမဘွား ကြောင်းကို မိမိသိမြင်သောအခါ၊ အစ်မကို ငြူစူသော စိတ်ရှိ၍၊ ငါ့အား သားကို ပေးပါ။ သို့မဟုတ် ငါသေတော့ အံ့ဟု ယာကုပ်ကို ဆိုလေ၏။

  7. ယာကုပ်ကလည်း၊ ငါသည် သင့်အား သားဘွား သောအခွင့်ကို ပေးတော်မမူသော ဘုရားသခင် ကိုယ်စား တော်ဖြစ်သလောဟု၊ ရာခေလကို အမျက်ထွက်၍ ပြန်ဆို ၏။

  8. ရာခေလကလည်း၊ အကျွန်ုပ်၌ ကျွန်မဗိလဟာ ရှိပါ၏။ သူ့ထံသို့ ဝင်ပါ။ သူသည် အကျွန်ုပ်ဒူးပေါ်မှာ သားဘွား၍၊ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက် ခြင်းရှိပါလိမ့်မည်ဟု ဆိုလျက်၊

  9. ကျွန်မဗိလဟာကို ယာကုပ်၏မယားဖြစ်စေခြင်း ငှါ အပ်၍၊ သူ့ထံသို့ ယာကုပ်ဝင်လေ၏။

  10. ဗိလဟာသည် ပဋိသန္ဓေယူ၍၊ ယာကုပ်အား သားကို ဘွားမြင်သည်ရှိသော်၊

  11. ရာခေလက၊ ဘုရားသခင်သည် ငါ့ဘက်၌ တရားစီရင်တော်မူပြီ။ ငါ့စကားကိုကြား၍ သားကို ပေးသနားတော်မူပြီဟု ဆိုသည်နှင့်အညီ၊ ထိုသားကို ဒန် အမည်ဖြင့် မှည့်လေ၏။

  12. တဖန် ရာခေလ၏ကျွန်မ ဗိလဟာသည် ပဋိသန္ဓေယူပြန်၍၊ ယာကုပ်အား နှစ်ကြိမ်မြောက်သော သားကိုဘွားမြင်သည်ရှိသော်၊

  13. ရာခေလက၊ ငါသည် ငါ့အစ်မနှင့် ကျပ်ကျပ် လုံးထွေး၍ နိုင်ခဲ့ပြီဟု ဆို၍၊ ထိုသားကို နဿလိအမည်ဖြင့် မှည့်လေ၏။

  14. လေအာသည် သားပြတ်၍ မဘွားဘဲနေ ကြောင်းကို မိမိသိမြင်သောအခါ၊ မိမိကျွန်မ ဇိလပကို ယူ၍၊ ယာကုပ်၏မယားဖြစ်စေခြင်းငှါ အပ်လေ၏။

  15. လေအာ၏ ကျွန်မဇိလပသည်လည်း ယာကုပ် အား သားကိုဘွားမြင်သည်ရှိသော်၊

  16. လေအာက၊ ကောင်းကျိုးလာသည်ဟု ဆို၍၊ ထိုသားကို ဂဒ်အမည်ဖြင့် မှည့်လေ၏။

  17. တဖန်လေအာ၏ ကျွန်မဇိလပသည် ယာကုပ် အား နှစ်ကြိမ်မြောက်သောသားကို ဘွားမြင်သည် ရှိသော်၊

  18. လေအားက၊ ငါ၌ မင်္ဂလာရှိ၏။ လူသမီးတို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်ဟု ဆိုသဖြင့်၊ ထိုသားကို အာရှာအမည်ဖြင့် မှည့်လေ၏။

  19. ထိုနောက်၊ ဂျုံစပါးကို စုသိမ်းသော အချိန် ကာလ၌၊ ရုဗင်သည် လယ်ပြင်သို့ထွက်သွားပြီးလျှင်၊ အနု ဆေးသီးကိုတွေ့၍၊ မိမိအမိလေအာထံသို့ ဆောင်ခဲ့လေ ၏။ ရာခေလကလည်း၊ သင်၏သား ရခဲ့သော အနုဆေးသီး အချို့ကို ပေးပါလော့ဟု၊ လေအာကိုတောင်းလျှင်၊

  20. လေအာက၊ သင်သည် ငါ့လင်ကိုယူ၍ အတွက် မရှိထင်သလော။ ငါ့သား၏ အနုဆေးသီးကိုလည်း ယူချင် သေးသည်တကားဟု ဆိုလေသော်၊ ရာခေလက၊ သို့ဖြစ် လျှင်၊ သင့်သား၏ အနုဆေးသီးအတွက်၊ လင်သည် ယနေ့ ညဉ့်တွင် သင်နှင့်အိပ်ရမည်ဟု ဆို၏။

  21. ညဦးအချိန်၌၊ လယ်ပြင်မှယာကုပ်လာသော အခါ၊ လေအာသည် ခရီးဦးကြိုပြုခြင်းငှါ သွား၍၊ သင် သည် အကျွန်ုပ်ထံသို့ ဝင်ရမည်။ အကျွန်ုပ် ၏သားရခဲ့ သော အနုဆေးသီးနှင့် သင့်ကို အကျွန်ုပ်ငှါးသည် မှန်ပါ ၏ဟုဆိုသဖြင့်၊ ထိုနေ့ညဉ့်တွင် သူနှင့်အိပ်ရလေ၏။

  22. လေအာစကားကို ဘုရားသခင်နားထောင် တော်မူသဖြင့်၊ သူသည် ပဋိသန္ဓေယူ၍၊ ယာကုပ်အား ပဉ္စမသားကို ဘွားမြင်လေသော်၊

  23. ငါ့ကျွန်မကို ငါ့လင်အား ပေးသောကြောင့်၊ ဘုရားသခင်သည် ငါ့အား အခကို ပေးတော်မူပြီဟုဆို၍၊ ထိုသားကို ဣသခါအမည်ဖြင့် မှည့်လေ၏။

  24. တဖန် လေအာသည် ပဋိသန္ဓေယူပြန်၍၊ ယာကုပ်အား ဆဌမသားကို ဘွားမြင်လေသော်၊

  25. ဘုရားသခင်သည် ကောင်းသောလက်ဖွဲ့ကို ပေးသနားတော်မူပြီ။ ငါ့လင်အား သားခြောက်ယောက်ကို ဘွားမြင်သောကြောင့်၊ ယခုငါနှင့် အမြဲနေလိမ့်မည်ဟု ဆို၍၊ ထိုသားကို ဇာဗုလုန် အမည်ဖြင့် မှည့်လေ၏။