Skip to content

Jacob အကြောင်း ကျမ်းစာအခန်းငယ်များ: Meets Joseph

7 အခန်းငယ် · 49 ရှုထောင့်

Meets Joseph အကြောင်း အခန်းငယ်များ

  1. ယောသပ်ထံသို့ ဂေါရှင်ပြည်ကိုသွားစေခြင်းငှါ ယုဒကို အရင်စေလွှတ်ပြီးမှ ဂေါရှင်ပြည်သို့ရောက်ကြ၏။

  2. ယောသပ်သည် ရထားကိုပြင်၍ အဘဣသရေလကို ခရီးဦးကြိုပြုခြင်းငှါ ဂေါရှင်ပြည်သို့ သွား၍ အဘရှေ့သို့ရောက်သော်၊ အဘ၏လည်ပင်းကို ဘက်လျက် ကြာကြာငိုလေ၏။

  3. ဣသရေလကလည်း၊ ယခုငါသေပါစေသော။ သင်၏မျက်နှာကို ငါမြင်ရပြီ။ သင်သည် အသက်ရှင်သေး ၏ဟု ယောသပ်အား ဆိုလေ၏။

  4. ယောသပ်ကလည်း၊ ဖါရောမင်းထံသို့ ကျွန်ုပ် သွားဦးမည်။ ခါနာန်ပြည်၌နေသော ကျွန်တော်အစ်ကို များ၊ ကျွန်တော်အဘ၏ အိမ်သားများတို့သည် ကျွန်တော် ထံသို့ ရောက်ကြပါပြီ။

  5. ထိုသူတို့သည် သိုးထိန်းဖြစ်ပါ၏။ သိုးနွားတို့ကို မွေးသောသူဖြစ်ပါ၏။ သူတို့သိုးနွားမှစ၍ ရှိသမျှတို့ကို ဆောင်ခဲ့ကြပါပြီဟု လျှောက်မည်။

  6. နောက်တခါ သင်တို့ကို ဖါရောမင်းခေါ်၍ သင်တို့သည် အဘယ်သို့ လုပ်ဆောင်တတ်သနည်းဟု မေးတော်မူလျှင်၊

  7. ကိုယ်တော်ကျွန်တော်တို့သည် ဘိုးဘေးနှင့်တကွ၊ ငယ်သော အရွယ်မှစ၍ ယခုတိုင်အောင် သိုးနွားတို့ကို မွေးသောသူဖြစ်ကြပါ၏ဟု လျှောက်ရမည်။ သို့ဖြစ်၍ ဂေါရှင်ပြည်မှာ နေသောအခွင့်ကို ရကြလိမ့်မည်။ သိုး ထိန်းဖြစ်သောသူကို အဲဂုတ္တုလူတို့သည် ရွံရှာတတ်ကြ၏ ဟု အစ်ကိုများ အဘ၏အိမ်သားများတို့ကို ပြောဆို၏။