Skip to content

Commerce အကြောင်း ကျမ်းစာအခန်းငယ်များ

82 အခန်းငယ် · 64 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. လေပြင်းကို ပျောက်စေတော်မူ၍၊ လှိုင်းတံပိုး များလည်း ငြိမ်ဝပ်ကြ၏။

  2. ထိုသို့ ငြိမ်ဝပ်သောကြောင့် သူတို့သည် ဝမ်းမြောက်ကြ၏။ အလိုရှိရာ သင်္ဘောဆိပ်သို့ ပို့ဆောင် တော်မူ၏။

  3. ကုန်သည် သင်္ဘောကဲ့သို့ဖြစ်၍၊ စားစရာကို ဝေးသောအရပ်မှ ဆောင်ခဲ့တတ်၏။

  4. မိုဃ်းမလင်းမှီထလျက်၊ အိမ်သူအိမ်သားတို့အား စားစရာကို၎င်း၊ ကျွန်မတို့အား အငန်အတာကို၎င်း၊ ပေးဝေတတ်၏။

  5. ကောင်းမွန်စွာ ဆင်ခြင်၍၊ လယ်ကွက်ကိုဝယ်ယူ တတ်၏။ ကိုယ်တိုင်လုပ်၍ရသောငွေနှင့် စပျစ်ဥယျာဉ်ကို ပြုစုတတ်၏။

  6. မိမိခါးကို ခွန်အားနှင့်စည်း၍၊ မိမိလက်တို့ကို သတ်မြန်စေတတ်၏။

  7. မိမိလုပ်သောဥစ္စာကောင်းသည်ကို ရိပ်မိ၍၊ သူ၏မီး ခွက်သည် တညလုံးမသေတတ်။

  8. ပင်လယ်အလယ်၌ ဆုံးသောမြို့တည်းဟူသော တုရုမြို့နှင့် အဘယ်မြို့တူသနည်း။

  9. သင်၏ဥစ္စာတို့သည် ပင်လယ်လမ်းဖြင့် ထွက် သွားသောအခါ၊ လူမျိုးများတို့ကို ရောင့်ရဲစေ၍၊ များပြား သောဥစ္စာ။ ကုန်စလယ်တို့ဖြင့် လောကီရှင်ဘုရင်တို့ကို ကြွယ်ဝစေတတ်၏။

  10. ယခုမူကား၊ သင်သည် ပင်လယ်၌၎င်း၊ သင့် ကုန်သွယ်ရန် ဥစ္စာတို့သည် လှိုင်းတံပိုးအလယ်၌၎င်း၊ ကျိုးပဲ့၍၊ သင်နှင့်ပါသောသူအပေါင်းတို့သည် ဆုံးရှုံကြပြီ။

  11. ကျွန်းသူ ကျွန်းသားအပေါင်းတို့သည် သင်အမှု ကြောင့် မိန်းမောတွေဝေ၍၊ ရှင်ဘုရင်တို့သည် မျက်နှာ ပျက်လျက် ကြက်သီးမွေးညှင်းထကြ၏။

  12. အမျိုးမျိုးသောကုန်သည်တို့သည် သင့်အား ကဲ့ရဲ့သံကို ပြုကြ၏။ သင်သည် ကြောက်မက်ဘွယ်ဖြစ် လေပြီတကား။ နောက်တဖန်မပေါ်လာ ရပါတကားဟု ငိုကြွေးမြည်တမ်းကြလိမ့်မည်ဟု မိန့်တော်မူ၏။

  13. သို့ရာတွင်၊ ကုန်သွယ်ခြင်း များပြားသောအား ဖြင့်၊ အဓမ္မအမှုတို့နှင့်ပြည့်စုံ၍ ပြစ်မှားသောအပြစ် ရောက်လေပြီ။ ထိုကြောင့်၊ ဆိုးယုတ်သော သူကဲ့သို့၊ သင့်ကိုဘုရားသခင်၏ တောင်တော်ပေါ်က ငါနှင်ထုတ် မည်။ အိုလွှမ်းမိုးသော ခေရုဗိမ်၊ မီးတောက်သော ကျောက်တို့အထဲက သင့်ကိုငါ ပယ်ရှင်းမည်။

  14. သင်သည် ကိုယ်၌ တင့်တယ်ခြင်းအသရေ ကြောင့်၊ ဝါကြွားသော စိတ်ရှိလျက် ဂုဏ်ထွန်းတောက် သောကြောင့်၊ သင်၏ပညာသည် ဖေါက်ပြန်လျက်ရှိလေ ပြီ။ ငါသည်သင့်ကို မြေတိုင်အောင်နှိမ့်ချမည်။ ရှင်ဘုရင် တို့သည် သင့်ကိုကြည့်ရှု၍ ဝမ်းမြောက်စေခြင်းငှါ၊ သူတို့ ရှေ့မှာ သင့်ကို ငါချထားမည်။

  15. သင့်အပြစ်သည်များပြား၍ ကုန်သွယ်ခြင်း အဓမ္မအားဖြင့်၊ သန့်ရှင်းရာဌာနတို့ကို ညစ်ညူးစေသော ကြောင့်၊ သင့်ကိုမီးရှို့ဘို့ သင့်အလယ်၌ မီးကိုငါညှိမည်။ သင့်ကိုမြင်သော သူအပေါင်းတို့ရှေ့မှာ၊ သင်၏ ပြာကို မြေပေါ်သို့ ငါချထားမည်။

  16. အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည် သူ၏ မတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူ သော စပျစ်ရည်ကိုသောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ လောကီကုန်သည်တို့သည် သူ၏ ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ်ကြပြီဟု ပြောဆို၏။

  17. အခြားသော ကောင်းကင်အသံကား၊ ငါ၏ လူမျိုးတို့၊ သူ၏ အပြစ်တို့ကို ဆက်ဆံခြင်းနှင့်၎င်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်၎င်း၊ ကင်းလွတ်အံ့သောငှါ၊ သူ၏အထဲကထွက်ကြလော့။

  18. သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မှီကြသည်ဖြစ်၍၊ သူ၏မတရားသောအမှုတို့ကို ဘုရား သခင် သတိရတော်မူပြီ။

  19. သူသည် အကျိုးအပြစ်ကို ဆပ်ပေးသည်နည်းတူ သူ၌ ဆပ်ပေးကြလော့။ သူ၏အကျင့်အတိုင်း နှစ်ဆထပ်၍ စီရင်ကြလော့။ သူလောင်းသော ဖလား၌ သူ့အဘို့ နှစ်ဆတိုး၍ လောင်းကြလော့။

  20. သူသည်ကိုယ်ကို ချီးမြှောက်၍ ကာမဂုဏ်၌ ပျော်မွေ့သည်အတိုင်း သူ၌ ပြင်းစွာသော ဆုံးမခြင်း၊ စိတ်မသာ ညည်းတွားခြင်းကို ဖြစ်စေကြလော့။ ငါကား မိဖုရားဖြစ်၏။ မုတ်ဆိုးမ မဟုတ်။ စိတ်မသာညည်း တွားခြင်းကို မသိရဟု သူသည် အောက်မေ့တတ်၏။

  21. ထိုကြောင့်၊ သူခံရသောသေခြင်းဘေး၊ စိတ်မသာညည်းတွားခြင်းဘေး၊ မွတ်သိပ်ခြင်း ဘေးဒဏ်များ တို့နှင့် တနေ့ခြင်းတွင်တွေ့၍၊ မီးဖြင့်လည်း ကျွမ်းလောင်ခြင်းကို ခံရလိမ့်မည်။ သူ့ကို စီရင်တော်မူသော ထာဝရ အရှင်ဘုရားသည် ခွန်အားဗလကြီးတော်မူ၏။

  22. မတရားသောမေထုန်ကို သူနှင့်ပြု၍ ကာမဂုဏ်၌ ပျော်မွေ့သော လောကီရှင်ဘုရင်တို့သည်၊ သူကျွမ်း လောင်ရာ မီးခိုးကို မြင်သောအခါ၊

  23. သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ဗာဗုလုန်မြို့ကြီး၊ မြို့စွမ်း၊ သင်သည်တနာရီခြင်းတွင် အပြစ်စီရင်ခြင်းသို့ ရောက်ပါပြီတကားဟူ၍ သူ့ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။

  24. လောကီကုန်သည်တို့သည် ထိုအတူ ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။ အကြောင်းမူကား ၊ သူတို့ ကုန်သွယ်ဥစ္စာတည်း ဟူသော၊

  25. ရွှေ၊ငွေ ၊ ကျောက်ကောင်း ၊ ပုလဲ ၊ ပိတ်ချော ၊ ကတ္တီပါ ၊ ဖဲ၊ ပုဆိုးနီ ၊ အမျိုးမျိုးသောသွိန်သစ်သား၊ အမျိုးမျိုးသောဆင်စွယ်တန်ဆာ၊ အမျိုးမျိုးသော သစ်ကောင်း တန်ဆာ၊ ကြေးဝါတန်ဆာ၊ သံတန်ဆာ၊ ကျောက်ဖြူ တန်ဆာ၊