အကြောင်းအရာသို့ ကျော်သွားရန်

Jerusalem

753 verses · 2 known names

အခြားအမည်: Jerusalem's

31.7700, 35.2300 Google Maps တွင် ကြည့်ရန်

Jerusalem ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထာဝရဘုရားသည် အကျွန်ုပ်ကို တဖန်ယေရုရှလင်မြို့သို့ ဆောင်တော်မူလျှင်၊ ထာဝရဘုရားဝတ်ကို အကျွနုပ်ပြုပါမည်ဟု ကိုယ်တော်ကျွန်သည် ရှုရိပြည် ဂေရှုရမြို့၌နေသောအခါ သစ္စာဂတိပြုပါပြီ။ သို့ဖြစ်၍ ကျွန်တော်သည် ထာဝရဘုရားအား သစ္စာဂတိပြုသည်အတိုင်း၊ ဟေဗြုန်မြို့သို့သွား၍ သစ္စာဝတ်ကိုဖြေရမည် အကြောင်း အခွင့်ပေးတော်မူပါဟု လျှောက်လျှင်၊

  2. အဗရှလုံခေါ်သော လူနှစ်ရာတို့သည် ယေရုရှလင်မြို့ထဲက ထွက်သွားကြ၏။ သူတို့သည် အဘယ် အမှုကိုမျှ မသိဘဲကောင်းသော စိတ်နှင့်လိုက်ကြ၏။

  3. ဒါဝိဒ်ကလည်း၊ ငါတို့သည် ထ၍ပြေးကြကုန်အံ့၊ မပြေးလျှင် အဗရှလုံလက်နှင့်မလွတ်၊ အလျင်အမြန် ထွက်ကြကုန်အံ့။ သို့မဟုတ်လျှင် သူသည် ချက်ခြင်းတိုက်လာသဖြင့်၊ ငါတို့ကို ဘေးပြု၍ မြို့ကိုလည်း ထားနှင့် လုပ်ကြံလိမ့်မည်ဟု ယေရုရှလင်မြို့တွင် အထံတော်၌ရှိသော ကျွန်အပေါင်းတို့အား မိန့်တော်မူ၏။

  4. ဇာဒုတ်နှင့် အဗျာသာတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို ယေရုရှလင်မြို့သို့ ပြန်ပို့၍ ထိုမြို့၌ နေကြ၏။

  5. ဒါဝိဒ်၏ အဆွေခင်ပွန်းဟုရှဲသည် မြို့သို့ပြန်သွား၏။ အဗေရှလုံသည်လည်း ယေရုရှလင်မြို့သို့ ဝင်လေ၏။

  6. ရှင်ဘုရင်ကလည်း၊ သင့်သခင်၏ သားသည် အဘယ်မှာရှိသနည်းဟုမေးလျှင် ဇိဘက၊ ယေရုရှလင်မြို့ ၌ နေရစ်ပါ၏။ ယနေ့မှာ ဣသရေလအမျိုးသည် ငါ့အဘ၏ နိုင်ငံကိုငါ့အား ပြန်ပေးလိမ့်မည်ဟု ဆိုကြောင်းကို လျှောက်လေသော်၊

  7. အဗရှလုံနှင့် လူအပေါင်းတို့သည် ယေရုရှလင်မြို့သို့ ရောက်၍ အဟိသောဖေလလည်း ပါ၏။

  8. အဗရှလုံ၏ ကျွန်တို့သည်ထိုအိမ်သို့ရောက်၍ အဟိမတ်နှင့်ယောနသန်တို့သည် အဘယ်မှာရှိသနည်းဟု မိန်းမအားမေးလျှင်၊ မိန်းမက၊ ချောင်းတဘက်သို့ ကူးကြပြီဟု ပြောသဖြင့် သူတို့သည် ရှာ၍မတွေ့သောအခါ ယေရုရှလင်မြို့သို့ပြန်သွားကြ၏။

  9. ကျွန်တော်အရှင်သည် ကျွန်တော်ကို အပြစ် ပေးတော်မမူပါနှင့်။ အရှင်မင်းကြီးသည် ယေရုရှလင်မြို့မှ ထွက်တော်မူသောနေ့၌ ကိုယ်တော်ကျွန်သည် လွန်ကျူး စွာ ပြုမိသောအမှုကို မှတ်တော်မမူပါနှင့်။ နှလုံးသွင်း တော်မမူပါနှင့်။

  10. ရှင်ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှါ ယေရုရှလင်မြို့ သို့ ရောက်လာသောအခါ၊ ရှင်ဘုရင်က မေဖိဗောရှက် ငါနှင့်အတူ အဘယ်ကြောင့် မလိုက်သနည်းဟု မေးတော် မူလျှင်၊

  11. ရှင်ဘုရင်ကလည်း ငါနှင့်အတူ လိုက်လော့။ ယေရုရှလင်မြို့၌ သင့်ကိုငါနှင့်အတူ ငါလုပ်ကျွေးမည်ဟု ဗာဇိလဲအား အမိန့်ရှိလျှင်၊

  12. ဗာဇိလဲက၊ အရှင်မင်းကြီးနှင့်အတူ ယေရုရှလင် မြို့သို့ သွားရမည်အကြောင်း ကျွန်တော်အသက်သည် အဘယ်မျှလောက်ကျန်ကြွင်းပါသေးသနည်း။

  13. ဣသရေလ အမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ထံတော်မှ ထွက်၍ဗိခရိသား ရှေဘနောက်သို့ လိုက်ကြ ၏။ ယုဒအမျိုးသားတို့မူကား၊ ယော်ဒန်မြစ်မှသည် ယေရုရှလင်မြို့တိုင်အောင် ရှင်ဘုရင်၌ ဆည်းကပ်ကြ၏။

  14. ဒါဝိဒ်မင်းကြီးသည် ယေရုရှလင်မြို့ နန်းတော်သို့ ရောက်သောအခါ၊ နန်းတော်ကို စောင့်စေခြင်းငှါ ထားခဲ့ သော ကိုယ်လုပ်တော်တကျိပ်တို့ကိုယူ၍ လှောင်အိမ်၌ ထား၏။ ထိုသူတို့ကို ကျွေးမွေးသော်လည်း မပေါင်းဘော်။ သူတို့သည် သေသည်တိုင်အောင် အချုပ်ခံ၍ မုတ်ဆိုးမ ကဲ့သို့ နေရကြ၏။

  15. အဘိရှဲနောက်မှာ ယွာဘ၏လူများနှင့်ခေရသိ လူ၊ ပေလသိလူများမှစ၍ ခွန်အားကြီးသောသူအပေါင်း တို့သည် ဗိခရိသားရှေဘကို လိုက်အံ့သောငှါ ယေရုရှလင် မြို့မှထွက်သွားကြ၏။

  16. ထိုမိန်းမသည် ပညာရှိသည်အတိုင်း မြို့သားတို့ရှိရာသို့ သွားပြီးလျှင်၊ သူတို့သည် ဗိခရိသားရှေဘ၏ ဦးခေါင်းကို ဖြတ်၍ ယွာဘရှေ့သို့ ပစ်ချကြ၏။ ယွာဘသည်လည်း တံပိုးမှုတ်သဖြင့်၊ လူများတို့သည် ထိုမြို့မှ မိမိတို့ နေရာသို့ ပြန်သွားကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့၊ ရှင်ဘုရင်ထံတော်သို့ ပြန်သွား၏။

  17. ထိုသို့တပြည်လုံး ရှောက်သွား၍ ကိုးလနှင့် အရက်နှစ်ဆယ်လွန်မှ ယေရုရှလင်မြို့သို့ ရောက်ကြ၏။

  18. ကောင်းကင်တမန်သည် ယေရုရှလင်မြို့ကို ဖျက်ဆီးမည်ဟု လက်ကိုဆန့်သောအခါ၊ ထာဝရဘုရား သည် ထိုဘေးကြောင့် နောင်တရတော်မူ၍၊ တန်ပြီ။ သင့်လက်ကို ရုပ်သိမ်းလော့ဟု လူတို့ကိုဖျက်ဆီးသော ကောင်းကင်တမန်အား မိန့်တော်မူ၏။ ထိုအခါ ထာဝရ ဘုရား၏ ကောင်းကင်တမန်သည် ယေဗုသိလူအရောန၏ ကောက်နယ်တလင်းအနားမှာ ရှိ၏။

  19. ဟေဗြုန်မြို့၌ခုနစ်နှစ်၊ ယေရုရှလင်မြို့၌ သုံး ဆယ်သုံးနှစ် မင်းပြု၍ ဣသရေလနိုင်ငံကို အနှစ် လေးဆယ်စိုးစံတော်မူ၏။

  20. တဖန်ရှင်ဘုရင်သည် ရှိမိကို ခေါ်ပြီးလျှင်၊ သင်သည် ယေရုရှလင်မြို့ထဲမှာ အိမ်ကိုဆောက်၍ နေရ မည်။ မြို့ပြင်သို့ထွက်၍ အဘယ်အရပ်ကို မျှမသွားနှင့်။

  21. ရှိမိက၊ အမိန့်တော်ကောင်းပါ၏။ အရှင်မင်းကြီး မိန့်တော်မူသည်အတိုင်း ကိုယ်တော်ကျွန်ပြုပါမည်ဟု ပြန် လျှောက်၍ ယေရုရှလင်မြို့၌ ကြာမြင့်စွာနေလေ၏။

  22. ထိုသို့ရှိမိသည် ယေရုရှလင်မြို့မှ ဂါသမြို့သို့ သွား၍ ပြန်လာကြောင်းကို ရှောလမုန်မင်းကြီး ကြား လေသော်၊

  23. ရှောလမုန်သည် အဲဂုတ္တုဖာရောဘုရင်နှင့် မိတ်ဆွေဖွဲ့လျက်၊ သမီးတော်နှင့်စုံဘက်၍ နန်းတော်၊ ဗိမာန်တော်၊ ယေရုရှလင်မြို့ရိုးကို မပြီးမှီတိုင်အောင် ဒါဝိဒ်မြို့၌ နေရာပေးတော်မူ၏။

  24. ရှောလမုန်သည် နိုး၍အိပ်မက်ဖြစ်မှန်းကိုသိ၏။ တဖန် ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ရှေ့မှာ ရပ်လျက်၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်၍ ကျွန်အပေါင်းတို့အဘို့ ပွဲကို စီရင်တော်မူ၏။

  25. ထိုအခါ ထာဝရဘုရား၏ ပဋိညာဉ်သည် သေတ္တာတော်ကို ဇိအုန်မည်သော ဒါဝိဒ်မြို့မှ ဆောင်ခဲ့ လိုသောငှါ၊ ရှောလမုန်သည် ဣသရေလအမျိုးအသက် ကြီးသူအပေါင်းတို့နှင့် ဣသရေလအဆွေအမျိုးအသီး အသီးကို အုပ်သော ခေါင်းမင်းအပေါင်းတို့ကို ယေရု ရှလင်မြို့၊ ရှင်ဘုရင်ထံသို့ ခေါ်တော်မူသည်အတိုင်း၊