အကြောင်းအရာသို့ ကျော်သွားရန်

Young Men အကြောင်း ကျမ်းစာအခန်းငယ်များ

347 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မှန်သောစကားကို ပြန်ပြောတတ်သောသူ၏ နှုတ်ကို လူတိုင်းနမ်းလိမ့်မည်။

  2. ပြင်အရပ်မှာ သင်၏အလုပ်ကိုပြင်လော့။ လယ်တော၌ ကိုယ်အဘို့ ပြင်ဆင်လော့။ နောက်မှ သင်၏ နေရာအိမ်ကို ဆောက်လော့။

  3. သင်၏အိမ်နီးချင်းတဘက်၌ အကြောင်းမရှိဘဲ သက်သေမခံနှင့်။ ကိုယ်နှုတ်နှင့် သူတပါးကို မလှည့်စား နှင့်။

  4. သူသည် ငါ၌ပြုသည်အတိုင်း သူ၌ငါပြုမည်။ သူ့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ်ပေး မည်ဟု မဆိုနှင့်။

  5. ပျင်းရိသောသူ၏ လယ်ယာအနားနှင့်၊ ဉာဏ်မရှိ သောသူ၏ စပျစ်ဥယျာဉ်အနားမှာ ငါရှောက်သွားစဉ်၊

  6. ဆူးပင်များပြား၍၊ မြေတပြင်လုံး၌ ဆူးလေပင် အနှံ့အပြား လွှမ်းမိုးလျက်၊ ကျောက်ရိုးပြိုလျက်ရှိသည်ကို၊

  7. ငါမြင်၍ စေ့စေ့ဆင်ခြင်၏။ ကြည့်ရှု၍ သွန်သင် ခြင်းကို ခံရ၏။

  8. ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်ခြင်း ငှါ၊ ခဏ လက်ချင်းပိုက်လျက်နေစဉ်တွင်၊

  9. ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာလိမ့် မည်။

  10. ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင်၊ ငါ့စိတ်ကို ရွှင်လန်းစေလော့။

  11. တရားကိုစောင့်သောသူသည် ပညာရှိသော သားဖြစ်၏။ စားကြူးသောသူတို့နှင့် ပေါင်းဘော်သောသူ မူကား၊ မိမိအဘကို အရှက်ခွဲတတ်၏။

  12. ပညာတရားကို နှစ်သက်သောသူသည် မိမိ အဘကို ဝမ်းမြောက်စေ၏။ ပြည်တန်ဆာတို့နှင့် ပေါင်း ဘော်သောသူမူကား၊ ဥစ္စာပြုန်းတီးတတ်၏။

  13. လေမွေလမင်းကြီး၏ မယ်တော်သည်သားကို ဆုံးမသွန်သင်သော တရားစကားဟူမူကာ၊

  14. ငါ့သားအဘယ်သို့နည်း။ ငါဘွားသောသား၊ အဘယ်သို့နည်း။ ငါ့၏သစ္စာဂတိနှင့်ဆိုင်သောသား အဘယ်သို့နည်းဟု မေးမြန်းသော်၊

  15. သင်၏အစွမ်းသတ္တိကို မိန်မတို့အားမပေးနှင့်။ ရှင်ဘုရင်တို့ကိုဖျက်ဆီးတတ်သာအရာ၌ သင့်၏အကျင့် အကြံ အပြုအမူတို့ကို မအပ်နှင့်။

  16. ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောရှိမင်းကြီး၏သား ယောယကိမ်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထိုမင်းသေသောအခါ လူများတို့က၊ ဩငါ့အစ်ကို၊ ဩ ငါ့နှမ ဟူ၍ မငိုကြွေးရကြ။ သူ၏ အတွက်လည်း၊ ဩ သခင်၊ ဩ အရှင်မ၏ ဘုန်းဟူ၍ မမြည်တမ်းရကြ။

  17. ယေရုရှလင်မြို့ပြင်သို့ ဆွဲသွား၍ ပစ်ထားသဖြင့်၊ မြည်းကို သင်္ဂြိုဟ်သကဲ့သို့ ထိုမင်းကို သင်္ဂြိုဟ်ရလိမ့်မည်။

  18. လေဗနုန်တောင်ပေါ်သို့ တက်၍ ကြွေးကြော် လော့။ ဗာရှန်ပြည်၌ အော်ဟစ်လော့။ အာဗရိမ်အရပ်မှာ အသံကိုလွှင့်လော့။ အကြောင်းမူကား၊ သင်၏မိတ်ဆွေ အပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။

  19. သင်သည် ကောင်းစားသောအခါ ငါသတိ ပေး၏။ သင်က၊ ငါနားမထောင်ဟု ပြန်ပြော၏။ ငယ်သောအရွယ်မှစ၍ ငါ့စကားကို နားမထောင်ဘဲ နေမြဲရှိ၏။

  20. ထိုနောက်လူတယောက်သည် ချဉ်းကပ်၍၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို ရအံ့သောငှာ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊

  21. ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ် တော်မူ၏။ အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင်ပညတ်တော်တို့ကို စောင့်ရှောက်လော့ဟု မိန့်တော်မူ၏။

  22. အဘယ်ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက်ပြန်သော်၊ လူအသက်ကိုမသတ်နှင့်။ သူ့ မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။

  23. မိဘကိုရိုသေစွာပြုလော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု မိန့်တော်မူ၏။

  24. ထိုလုလင်ကလည်း၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည်ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီ။ အဘယ်အကျင့်လိုသေးသနည်းဟု လျှောက်ပြန်လေ၏။

  25. ယေရှုကလည်း၊ သင်သည်စုံလင်ခြင်းသို့ ရောက်လိုလျှင်သွားလော့။ ကိုယ်ဥစ္စာများကိုရောင်း၍ ဆင်းရဲ သောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှ ငါ့နောက်သို့ လိုက် လော့ဟု မိန့်တော်မူ၏။