အကြောင်းအရာသို့ ကျော်သွားရန်

Young Men အကြောင်း ကျမ်းစာအခန်းငယ်များ

347 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သားအကြီးကလည်း၊ အကျွန်ုပ်သည် ကာလတာရှည်စွာ အဘ၏ အစေကိုခံပါပြီ။ အဘ၏အလိုကို တခါမျှ မလွန်ကျူးပါ။ သို့သော်လည်း အကျွန်ုပ်သည် အဆွေတို့နှင့်အူပျော်မွေ့ခြင်းကို ပြုစေခြင်းငှါ၊ အဘသည် ဆိတ်ကလေးတကောင်ကို တခါမျှ မပေး။

  2. ပြည်တန်ဆာမိန်းမတို့နှင့် ပေါင်းဘော်၍ မိမိဥစ္စာကိုဖြုန်းသော ဤသားငယ်ရောက်လာသောအခါ မူကား၊ အဘသည် ဆူအောင်ကျွေးသော နွားကလေးကို သတ်လေပြီတကားဟု ဆို၏။

  3. အဘကလည်း၊ ငါ့သား၊ သင်သည် ငါ့ထံမှာ အစဉ်နေ၏။ ငါ၏ဥစ္စာရှိသမျှသည် သင်၏ဥစ္စာဖြစ်၏။

  4. သင်၏ညီမူကား အထက်ကသေ၏။ ယခုရှင်ပြန်၏။ အထက်ကပျောက်၏။ ယခုတွေ့ပြန်၏။ ထိုကြောင့် ပျော်မွေ့ဝမ်းမြောက်စရာအကြောင်းရှိ၏။ အဘဆိုသည်ဟု မိန့်တော်မူ၏။

  5. အရာရှိတယောက်က၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ် သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊

  6. ယေရှုက၊ ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသော ကောင်းမြတ်တော်မူ၏။

  7. သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ မမှန်သော သက်သေ ကို မခံနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊

  8. အရှင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို ငယ်သောအရွယ်မှစ၍ အကျွန်ုပ်စောင့်ရှောက်ပါပြီဟု လျှောက် ပြန်သည်ကို ယေရှုသည်ကြားလျှင် သင်သည် တခုလိုသေး၏။

  9. ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးဝေလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှ လာ၍ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။

  10. ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် အလွန်စိတ်မသာသည် နှင့် သွားလေ၏။

  11. သင်၏ အသက်အရွယ်နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင် မပြုစေနှင့်။ စကားပြောခြင်း၊ ကျင့်ကြံပြုမူ ခြင်း၊ သူတပါးကိုချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ၊ ယုံကြည်သောသူတို့အား ပုံသက်သေကို ပြလော့။

  12. လူပျိုတို့၏ တပ်မက်ခြင်း ကိလေသာစိတ်ကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း၊ စင်ကြယ်သောစိတ်ရှိ၍၊ သခင်ဘုရားကိုပဌနာပြုသော သူတို့နှင့် အသင့်အတင့်နေခြင်းတို့ကို မှီအောင်လိုက် လော့။

  13. မိုက်မဲ၍ ပညာကင်းသောပုစ္ဆာအမေးတို့သည် ရန်ပွါးစေတတ်သည်ဟု သိမှတ်၍ပယ်ရှားလော့။

  14. ထိုနည်းတူ၊ အသက်ပျိုသောယောက်ျားတို့သည်လည်း၊ ဣန္ဒြေစောင့်ရကြမည်အကြောင်း တိုက်တွန်း သွေးဆောင်လော့။

  15. မောရှေသည် အသက်အရွယ်ကြီးသောအခါ အပြစ်ရှိသော ကာမဂုဏ်ကို ခဏခံစားခြင်းထက်၊ ဘုရားသခင်၏လူတို့နှင့် အတူညှဉ်းဆဲခံရခြင်းကိုသာ၍ အလိုရှိသဖြင့်၎င်း၊

  16. အဲဂုတ္တုပြည်၏ စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သော စည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်၎င်း၊ ယုံကြည်ခြင်းစိတ်ရှိ၍ ဖါရောဘုရင်သမီး၏သားဟူ၍ ခေါ်ဝေါ်ခြင်းအခွင့်ကိုပယ်၏။

  17. အကြောင်းမူကား၊ နောက် ရလတံ့သောအကျိုးကို ထောက်စာမြော်လင့်လျက်နေ၏။

  18. အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကိုသိသောကြောင့်၊ သင်တို့အားငါရေး၍ ပေးလိုက်၏။ လူပျိုတို့၊ သင်တို့သည် မာရ်နတ်ကိုအောင်သောကြောင့်၊ သင်တို့အားငါရေး၍ ပေးလိုက်၏။ သူငယ်တို့၊ သင်တို့သည် ခမည်းတော်ကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ပေးလိုက်၏။

  19. အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။ လူပျိုတို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍၊ ဘုရားသခင်၏နှုတ်ကပတ်တော်၌ မှီဝဲဆည်းကပ် သဖြင့် မာရ်နတ်ကိုအောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။

  20. လောကကို၎င်း၊ လောက၌ရှိသောအရာတို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကိုချစ်သောသူမည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။

  21. လောက၌ရှိသမျှသော အရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီ စည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။

  22. လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။