Skip to content

Repentance အကြောင်း ကျမ်းစာအခန်းငယ်များ

343 အခန်းငယ် · 65 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုနောက်မှ ဣသရေလ အမျိုးသားတို့သည် ပြန်လာ၍၊ သူတို့ဘုရားသခင် ထာဝရဘုရားကို၎င်း၊ သူတို့ရှင်ဘုရင်ဒါဝိဒ်ကို၎င်း ရှာ၍၊ နောင်ကာလ၌ ကျေးဇူးတော်ကို ခံအံ့သောငှါ၊ ထာဝရ ဘုရားထံတော်သို့ တုန်လှုပ်လျက် ပြေးကြလိမ့်မည်။

  2. သူတို့သည် ကိုယ်အပြစ်ကို ဝန်မချ။ ငါ့မျက်နှာ ကို မရှာမှီတိုင်အောင် ငါသည် ကိုယ်နေရာသို့ ပြန်သွား၍ နေမည်။ အမှုရောက်သောအခါ သူတို့သည် ငါ့ကိုကြိုးစား ၍ ရှာကြလိမ့်မည်။

  3. ကိုယ်အဘို့ ဖြောင့်မတ်ခြင်းမျိုးစေ့ကို ကြဲ၍၊ ကရုဏာတော် အသီးအနှံကို ရိတ်ကြလော့။ မလုပ်သေး သော လယ်ကို ထွန်ကြလော့။ ထာဝရဘုရားသည် ကြွလာ ၍၊ သင်တို့အပေါ်သို့ ဖြောင့်မတ်ခြင်း မိုဃ်းကို ရွာစေ တော်မမူမှီတိုင်အောင်၊ ကိုယ်တော်ကို ရှာရသောအချိန် ရောက်လေပြီ။

  4. သို့ဖြစ်၍၊ သင်၏ဘုရားသခင့်ထံတော်သို့ ပြန်လာလော့။ ကရုဏာတရား၊ ဖြောင့်မတ်ခြင်းတရားကို စောင့်ရှောက်၍၊ သင်၏ဘုရားသခင်ကို အစဉ်မပြတ် မြော်လင့်လော့။

  5. အိုဣသရေလ၊ သင်သည် ကိုယ်ပြုသော ဒုစရိုက်အပြစ်အားဖြင့် အကျိုးနည်းရှိသောကြောင့် သင်၏ ဘု ရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လော့။

  6. ပဌနာစကားကို ပြင်ဆင်၍ ထာဝရဘုရားထံတော်သို့ ပြန်လျက်၊ အကျွန်ုပ်တို့၌ ရှိသမျှသောအပြစ်တို့ ကို ပယ်ရှင်းတော်မူပါ။ ကျေးဇူးပြု၍ လက်ခံတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်နှုတ်ခမ်းတည်းဟူသော နွားသ ငယ်တို့ကို ပူဇော်ပါမည်။

  7. အာရှုရိမင်းသည် အကျွန်ုပ်တို့ကို မကယ်တင်ရ။ အကျွန်ုပ်တို့သည် မြင်းစီးသူရဲမလုပ်ပါ။ ကိုယ်လက်ဖြင့် လုပ်သောအရာတို့အား၊ ကိုယ်တော်တို့သည် အကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်ပါ၏ဟု နောက်တဖန် မဆိုပါ။ အ ကြောင်းမူကား၊ မိဘမရှိသောသူတို့သည် ကိုယ်တော်ထံ၌ ကရုဏာကျေးဇူးကို ခံတတ်ကြပါ၏ဟု လျှောက်ကြလော့။

  8. အစာရှောင်ရသော အချိန်ကို ခန့်ထားကြ လော့။ ခြိုးခြံစွာ ကျင့်ရသောအချိန်ကို ကြော်ငြာကြလော့။ အသက်ကြီးသူမှစ၍ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ဘုရားသခင်ထာဝရဘုရား၏ အိမ်တော်၌ စည်း ဝေး၍ ထာဝရဘုရားအား ဟစ်ကြော်ကြလော့။

  9. သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုတွင် အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ ပြန်လာကြလော့။

  10. အဝတ်ကို မဆုတ်ဘဲ နှလုံးကို ဆုတ်လျက်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြန်လာ ကြလော့။ ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်သောသဘော၊ အလွန်ကျေးဇူးပြုချင်သော သဘော၊ အပြစ်ပေးခြင်းကို နောင်တရတတ်သော သဘောရှိတော်မူ၏။

  11. ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ အစာရှောင်ရသော အချိန်ကို ခန့်ထား၍ ခြိုးခြံစွာ ကျင့်ရသော အချိန်ကို ကြော်ငြာကြလော့။

  12. လူများတို့ကို ခေါ်၍ စုဝေးသော ပရိသတ်တို့ကို သန့်ရှင်းစေကြလော့။ အသက်ကြီးသော သူတို့ကို၎င်း၊ ငယ်သောသူနှင့်နို့စို့သော သူတို့ကို၎င်း စုဝေးစေကြလော့။ မင်္ဂလာဆောင်လုလင်သည် မိမိအခန်းထဲက၎င်း၊ မင်္ဂလာ ဆောင်သတို့သမီးသည် မိမိကွယ်၍နေသော ကုလားကာ တွင်းက၎င်း ထွက်စေ။

  13. ထာဝရဘုရား၏ အမှုတော်စောင့်၊ ယဇ်ပုရော ဟိတ်တို့သည် အိမ်တော်ဦးနှင့် ယဇ်ပလ္လင်စပ်ကြားမှာ ငိုကြွေးလျက်၊ အိုထာဝရဘုရား၊ ကိုယ်တော်၏လူများကို သနားတော်မူပါ။ တပါးအမျိုးသားတို့သည် အစိုးရ၍ အမွေတော်လူတို့ကို ကဲ့ရဲ့စေခြင်းငှါ အပ်နှံတော်မမူပါ နှင့်။ သူတို့ ဘုရားသခင်ကား၊ အဘယ်မှာ ရှိသနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြပါ သနည်းဟု လျှောက်ကြစေ။

  14. သို့ပြုလျှင်၊ ထာဝရဘုရားသည် ပြည်တော်ကို မစချင်သော စိတ်အားကြီး၍ မိမိလူတို့ကို ကယ်မသနား တော်မူလိမ့်မည်။

  15. သို့ဖြစ်၍၊ အိုဣသရေလအမျိုး၊ အထက်က ပြုသကဲ့သို့ သင်တို့၌ငါပြုဦးမည်။ ထိုသို့ပြုမည်ဖြစ်သော ကြောင့်၊ အိုဣသရေလအမျိုး၊ သင်၏ဘုရားသခင်နှင့် တွေ့ခြင်းငှါ ကိုယ်ကိုပြင်ဆင်လော့။

  16. ထာဝရဘုရားသည် ဣသရေလအမျိုးအား မိန့်တော်မူသည်ကား၊ ငါ့ကို ရှာကြလော့။ ရှာလျှင်အသက် ချမ်းသာရကြလိမ့်မည်။

  17. ဗေသလမြို့ကို မရှာကြနှင့်။ ဂိလဂါလမြို့သို့မဝင်ကြနှင့်။ ဗေရရှေဘမြို့သို့ မသွားကြနှင့်။ အကြောင်းမူကား၊ ဂိလဂါလမြို့သည် ဆက်ဆက်သိမ်းသွားခြင်းကို ခံရလိမ့်မည်။ ဗေသလမြို့သည်လည်း၊ အကျိုးနည်း ရှိရလိမ့်မည်။

  18. ထာဝရဘုရားကို ရှာကြလော့။ ရှာလျှင် အသက်ချမ်းသာရကြလိမ့်မည်။ သို့မဟုတ်လျှင်၊ ယောသပ်အမျိုး အပေါ်မှာ မီးကဲ့သို့တက်၍၊ အဘယ်သူမျှ မငြိမ်းနိုင်အောင် ဣသရေလအမျိုးကို လောင်စေတော်မူမည်။

  19. ဒုစရိုက်ကို မုန်း၍ သုစရိုက်ကို ချစ်ကြလော့။ မြို့တံခါးဝတွင် တရားကို တည်စေကြလော့။ ကောင်းကင် ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရားသည် ကျန်ကြွင်းသောယောသပ်အမျိုးကို သနားကောင်းသနား တော်မူလိမ့်မည်။

  20. ထာဝရဘုရားသည် နောင်တရ၍၊ ဤသို့ မဖြစ်ရဟု မိန့်တော်မူ၏။

  21. အရှင်ထာဝရဘုရားသည် နောင်တရ၍၊ ဤသို့ မဖြစ်ရဟု မိန့်တော်မူ၏။

  22. နိနေဝေမြို့သားတို့သည် ဘုရားသခင်၏ အမိန့် တော်ကို ယုံ၍၊ လူကြီးလူငယ်အပေါင်းတို့သည် အစာ ရှောင်ရာအချိန်ကို ကြော်ငြာ၍ လျှော်တေအဝတ်ကို ဝတ် ကြ၏။

  23. နိနေဝေမင်းကြီးသည် ထိုသိတင်းကို ကြားသော အခါ နန်းတော်မှဆင်း၍ မင်းမြောက်တန်ဆာကို ချွတ်ပြီး မှ၊ လျှော်တေအဝတ်ကို ဝတ်၍ ပြာထဲ၌ ထိုင်တော်မူ၏။

  24. လူသတ္တဝါ တိရစ္ဆာန်သိုးနွားတို့သည် အလျှင်းမ မြည်စေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။

  25. လူသတ္တဝါတိရစ္ဆာန်တို့သည် လျှော်တေအဝတ် ကို ဝတ်ကြစေ။ ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းကြ စေ။ အသီးအသီးတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း၊ မိမိတို့ပြုသော အဓမ္မအမှုကို ရှောင်ကြစေ။