Skip to content

Repentance အကြောင်း ကျမ်းစာအခန်းငယ်များ: Exhortation to

21 အခန်းငယ် · 65 ရှုထောင့်

Exhortation to အကြောင်း အခန်းငယ်များ

  1. ငါဆုံးမသော စကားကို နားထောင်၍ ပြောင်း လဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်း လောင်း၍၊ ငါ့စကား၏အနက်အဓိပ္ပါယ်ကို နားလည် စေမည်။

  2. ငါသည်ခေါ်၍ သင်တို့သည် ငြင်းပယ်သော ကြောင့်၎င်း၊ ငါ့လက်ကိုဆန့်၍ အဘယ်သူမျှမမှတ်သော ကြောင့်၎င်း၊

  3. ငါသတိပေးခြင်းရှိသမျှကို သင်တို့သည်ပယ်၍၊ ငါဆုံးမသော စကားတခွန်းကို နားမခံဘဲနေသောကြောင့် ၎င်း၊

  4. သင်တို့သည် ဘေးဥပဒ်နှင့်တွေ့ကြုံသောအခါ ငါရယ်မည်။ ကြောက်မက်ဖွယ်သော အမှုရောက်သော အခါ ငါပြက်ယယ်ပြုမည်။

  5. သင်တို့ ကြောက်မက်ဘွယ်သော အမှုသည် သုတ်သင်ပယ်ရှင်းခြင်းအမှုကဲ့သို့၎င်း၊ သင်တို့ပျက်စီးခြင်း အမှုသည် လေပြင်းမုန်တိုင်းကဲ့သို့၎င်း ရောက်လာ၍၊ သင်တို့သည်ဆင်းရဲခြင်း၊ ပူပန်ခြင်းနှင့် တွေ့ကြုံသော အခါ၊

  6. ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော် လည်း ငါမထူး။ ငါ့ကို ကြိုးစား၍ ရှာသော်လည်း မတွေ့ ရကြ။

  7. အကြောင်းမူကား၊ သူတို့သည် ပညာအတတ်ကိုမုန်းကြ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောကို အလိုမရှိကြ။

  8. ငါသတိပေးခြင်းကို အလျှင်းနားမခံကြ။ ငါဆုံးမ ခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ၏။

  9. ထိုကြောင့်သူတို့သည် ကိုယ်ကျင့်ခြင်း၏ အကျိုး အပြစ်ကိုစား၍၊ ကိုယ်ကြံသော အကြံတို့နှင့် ဝကြလိမ့် မည်။

  10. ဉာဏ်တိမ်သောသူတို့သည် လမ်းလွဲသဖြင့် အသက်ဆုံးတတ်ကြ၏။ မိုက်သောသူတို့သည် သတိလစ် သောအားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။

  11. ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာ နေ၍၊ ဘေးကို မကြောက်ဘဲငြိမ်ဝပ်လိမ့်မည်။

  12. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ဘာသာ ဓလေ့နှင့် သင်တို့ အကျင့်များတို့ကို ပြုပြင်ကြလော့။ သို့ပြုလျှင် သင်တို့ကို ဤအရပ်၌ ငါနေ စေမည်။

  13. သင်တို့ ဘာသာဓလေ့နှင့် သင်တို့အကျင့်များ တို့ကို စုံလင်စွာ ပြုပြင်လျှင်၎င်း၊ အမှုသည်ချင်းတို့ကို သေချာစွာ တရားသဖြင့် စီရင်လျှင်၎င်း၊

  14. သူတို့သည် နားထောင်၍၊ အသီးအသီးမိမိတို့ အဓမ္မလမ်းမှ လွှဲရှောင်ကောင်း လွှဲရှောင်ကြလိမ့်မည်။ ငါသည်လည်း သူတို့ပြုသော ဒုစရိုက်ကြောင့် အပြစ်ပေး မည်ဟု ကြံစည်ခြင်းကို နောင်တရမည်။

  15. အိုဣသရေလ၊ သင်သည် ကိုယ်ပြုသော ဒုစရိုက်အပြစ်အားဖြင့် အကျိုးနည်းရှိသောကြောင့် သင်၏ ဘု ရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လော့။

  16. ပဌနာစကားကို ပြင်ဆင်၍ ထာဝရဘုရားထံတော်သို့ ပြန်လျက်၊ အကျွန်ုပ်တို့၌ ရှိသမျှသောအပြစ်တို့ ကို ပယ်ရှင်းတော်မူပါ။ ကျေးဇူးပြု၍ လက်ခံတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်နှုတ်ခမ်းတည်းဟူသော နွားသ ငယ်တို့ကို ပူဇော်ပါမည်။

  17. အာရှုရိမင်းသည် အကျွန်ုပ်တို့ကို မကယ်တင်ရ။ အကျွန်ုပ်တို့သည် မြင်းစီးသူရဲမလုပ်ပါ။ ကိုယ်လက်ဖြင့် လုပ်သောအရာတို့အား၊ ကိုယ်တော်တို့သည် အကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်ပါ၏ဟု နောက်တဖန် မဆိုပါ။ အ ကြောင်းမူကား၊ မိဘမရှိသောသူတို့သည် ကိုယ်တော်ထံ၌ ကရုဏာကျေးဇူးကို ခံတတ်ကြပါ၏ဟု လျှောက်ကြလော့။

  18. ထာဝရဘုရားသည် ဣသရေလအမျိုးအား မိန့်တော်မူသည်ကား၊ ငါ့ကို ရှာကြလော့။ ရှာလျှင်အသက် ချမ်းသာရကြလိမ့်မည်။

  19. ဗေသလမြို့ကို မရှာကြနှင့်။ ဂိလဂါလမြို့သို့မဝင်ကြနှင့်။ ဗေရရှေဘမြို့သို့ မသွားကြနှင့်။ အကြောင်းမူကား၊ ဂိလဂါလမြို့သည် ဆက်ဆက်သိမ်းသွားခြင်းကို ခံရလိမ့်မည်။ ဗေသလမြို့သည်လည်း၊ အကျိုးနည်း ရှိရလိမ့်မည်။

  20. ထာဝရဘုရားကို ရှာကြလော့။ ရှာလျှင် အသက်ချမ်းသာရကြလိမ့်မည်။ သို့မဟုတ်လျှင်၊ ယောသပ်အမျိုး အပေါ်မှာ မီးကဲ့သို့တက်၍၊ အဘယ်သူမျှ မငြိမ်းနိုင်အောင် ဣသရေလအမျိုးကို လောင်စေတော်မူမည်။

  21. ထို့ကြောင့် နောင်တရကြလော့ဟု ယုဒတော၌ဟောလေ၏။