Skip to content

Repentance အကြောင်း ကျမ်းစာအခန်းငယ်များ

343 အခန်းငယ် · 65 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငါ စေ့စေ့နားထောင်သောအခါ၊ သူတို့သည် ဖြောင့်မတ်စွာ မပြောကြ။ ငါသည် အဘယ်သို့ ပြုမိ သနည်းဟု ကိုယ်အပြစ်ကို မြင်၍ အဘယ်သူမျှ နောင်တမရ။ စစ်တိုက်ခြင်းငှာ မြင်းပြေးသကဲ့သို့၊ ထိုသူအပေါင်းတို့သည် လမ်းလွှဲ၍ တဟုန်တည်းပြေးတတ်ကြ၏။

  2. သင်တို့သည် နားထောင်နာယူကြလော့။ ထောင် လွှားသော စိတ်မရှိကြနှင့်။ ထာဝရဘုရား အမိန့်တော် ရှိ၏။

  3. မိုဃ်းမချုပ်မှီ၊ မိုက်သောတောင်ပေါ်မှာ သင်တို့ သည် ထိခိုက်၍ မလဲမှီ၊ အလင်းကို မြော်လင့်သောအခါ၊ သေမင်းအရိပ်၊ ထူထပ်သော မှောင်မိုက်ကို ဖြစ်စေတော် မမူမှီ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။

  4. ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါ့ကို စွန့်ပစ်၍ ဆုတ်သွားပြီ။ ထိုကြောင့်၊ ငါသည် လက်ကို ဆန့်၍ သင့်ကို ဖျက်ဆီးမည်။ ငါသည် နောင်တရ၍ ငြီးငွေ့ပြီ။

  5. ငါ့အမိန့်တော်နှင့် ဆိုင်သော ထိုတိုင်းနိုင်ငံသည် မိမိဒုစရိုက်ကို စွန့်ပစ်လျှင်၊ ငါကြံစည်သော ဘေးဒဏ်ကို ငါနောင်တရမည်။

  6. ထိုတိုင်းနိုင်ငံသည် ငါ့စကားကို နားမထောင်၊ ငါ့မျက်မှောက်၌ ဒုစရိုက်ကိုပြုလျှင်၊ သူ၏အကျိုးအလိုငှါ ပြုစုမည်ဟူသောစကား၌ပါသော ကျေးဇူးကို ငါနောင်တ ရမည်။

  7. ယခုမှာ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့အဘို့ ဘေးဒဏ်ကို ငါပြင်ဆင်၏။ သင်တို့ကို ဆန့်ကျင်ဘက်ပြု၍ ငါကြံစည်၏။ သို့ဖြစ်၍၊ ဆိုးသော လမ်းမှ အသီးအသီး ပြန်လာကြလော့။ သင်တို့လိုက်သော လမ်းနှင့် သင်တို့ကျင့်သော အကျင့်ကို ဖြောင့်စေကြလော့ ဟု၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့အား ဆင့်ဆို လော့။

  8. ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို၊ သူတို့ သိနိုင်သော စိတ်နှလုံးကို ငါပေးမည်။ သူတို့သည် ငါ၏လူ ဖြစ်ကြ၍၊ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်လိမ့် မည်။ ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့နှင့် ပြန်လာကြလိမ့် မည်။

  9. ထိုပရောဖက်တို့က၊ သင်တို့အသီးအသီး လိုက် သောလမ်းဆိုးနှင့် အကျင့်ဆိုးများကို ပယ်ရှား၍၊ သင်တို့ နှင့် ဘိုးဘေးတို့အား ထာဝရဘုရားသည် အမြဲပေးတော် မူသော ပြည်၌ နေကြလော့။

  10. သူတို့သည် နားထောင်၍၊ အသီးအသီးမိမိတို့ အဓမ္မလမ်းမှ လွှဲရှောင်ကောင်း လွှဲရှောင်ကြလိမ့်မည်။ ငါသည်လည်း သူတို့ပြုသော ဒုစရိုက်ကြောင့် အပြစ်ပေး မည်ဟု ကြံစည်ခြင်းကို နောင်တရမည်။

  11. ယခုမှာသင်တို့၏ ကျင့်ကြံပြုမူခြင်းတို့ကို ပြောင်း လဲကြလော့။ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ထာဝရ ဘုရားသည် သင်တို့၌ ဘေးဥပဒ်ရောက်စေမည်ဟု ခြိမ်းတော်မူသော်လည်း၊ တဖန် နောင်တရတော်မူလိမ့် မည်။

  12. ငိုကြွေးလျက် လာကြလိမ့်မည်။ ဆုတောင်း ပဌနာပြုလျက်ရှိသော ထိုသူတို့ကို ငါပို့ဆောင်မည်။ မြစ်နားမှာ ရှောက်သောလမ်း၊ ထိမိ၍ မလဲရသော လမ်းဖြောင့်တို့၌ ငါသွေးဆောင်မည်။ အကြောင်းမူကား၊ ငါသည် ဣသရေလအမျိုး၏ အဘဖြစ်၏။ ဧဖရိမ်အမျိုး သည် ငါ၏ သားဦးဖြစ်၏။

  13. ပြန်လာသောနောက်၊ အကျွန်ုပ်သည် အမှန် နောင်တရပါ၏။ ဆုံးမတော်မူခြင်းကို ခံရသောနောက်၊ အကျွန်ုပ်သည် ကိုယ်ပေါင်ကို ရိုက်ပါ၏။ အသက်ငယ်စဉ် ပြုမိသော အပြစ်ကြောင့် အသရေပျက်ခြင်းကို ခံရ သဖြင့်၊ ရှက်ကြောက်၍ မှိုင်တွေလျက်ရှိပါ၏ဟု ကိုယ်ကို အပြစ်တင်၍ မြည်တမ်းသောစကားကို ငါသည် ဆက် ဆက်ကြားရပြီ။

  14. ငါ၏ကျွန်ပရောဖက်အပေါင်းတို့ကိုလည်း၊ ငါသည်စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ် စေလွှတ်လျက်၊ သင်တို့အသီးအသီးလိုက်သော အဓမ္မ လမ်းကို ရှောင်ကြလော့။ သင်တို့အကျင့်ကို ပြုပြင်ကြ လော့။ အခြားတပါးသော ဘုရားနောက်သို့မလိုက်၊ ဝတ်မပြုကြနှင့်။ ဤစကားကို နားထောင်လျှင်၊ သင်တို့ နှင့်သင်တို့၏ဘိုးဘေးတို့အား ငါပေးသောပြည်၌ နေရကြ လိမ့်မည်ဟု မှာလိုက်သော်လည်း၊ သင်တို့သည် နားကိုပိတ် လျက်၊ ငါ့စကားကို နားမထောင်ဘဲ နေကြပြီ။

  15. ယုဒအမျိုးတို့၌ ပြုမည်ဟု ငါကြံစည်သမျှသော ဘေးဥပဒ်တို့ကို သူတို့သည် ကြားသောအခါ၊ သူတို့ ဒုစရိုက်အပြစ်ကို ငါလွှတ်မည်အကြောင်း၊ အသီးအသီး လိုက်ဘူးသော အဓမ္မလမ်းတို့ကို ရှောင်ကောင်း ရှောင်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။

  16. သူတို့သည် အသီးအသီးလိုက်ဘူးသော အဓမ္မလမ်း ကို ရှောင်လျက်၊ ထာဝရဘုရားအားပြပ်ဝပ်၍ ဆုတောင်း ကောင်းဆုတောင်းကြလိမ့်မည်။ ဤလူမျိုး၌ ထာဝရဘုရား ခြိမ်းတော်မူသော အမျက်ဒေါသသည် အလွန်ပြင်းထန် ပေ၏ဟု ဗာရုတ်အားမှာထားလေ၏။

  17. အကယ်စင်စစ်သင်တို့သည် ဤပြည်၌နေလျှင်၊ ငါသည်သင်တို့ကို မဖြိုမဖျက်၊ တည်ဆောက်မည်။ သင် တို့ကိုမနှုတ်၊ စိုက်ပျိုးမည်။ ငါသည် သင်တို့၌ ရောက်စေ သော ဘေးဒဏ်ကြောင့် နောင်တရ၏။

  18. ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ အခါ ဣသရေလအမျိုးသား တို့သည် ယုဒအမျိုးသား တို့နှင့် ပေါင်းဘက်၍လာကြလိမ့်မည်။ မျက်ရည်ကျလျက်၊ ခရီးသွားလျက်၊ သူတို့၏ဘုရားသခင်ထာဝရဘုရားကို သွား၍ ရှာကြလိမ့်မည်။

  19. ဇိအုန်မြို့သို့ မျက်နှာပြု၍ လမ်းကို ရှာကြလိမ့် မည်။ အစဉ်မမေ့လျော့ရသော ပဋိညာဉ်အားဖြင့် ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ မိဿဟာယ ဖွဲ့ကြလိမ့်မည်။

  20. သို့ရာတွင် လွတ်သောသူတို့သည် လွတ်သော အခါ၊ အသီးအသီး မိမိတို့အပြစ်ကြောင့် စိတ်မသာ ညည်းတွားလျက်၊ ချိုင့်သားချိုးကဲ့သို့ တောင်ပေါ်မှာ ရှိကြ လိမ့်မည်။

  21. သူတို့သည် ထိုပြည်သို့ရောက်၍၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုအရာရှိသမျှတို့ကို ပယ်ရှားကြလိမ့်မည်။

  22. ငါသည်လည်း၊ ညီညွတ်သော စိတ်နှလုံးနှင့် အသစ်သောသဘောကို သွင်းပေးမည်။ သူတို့ကိုယ်ခန္ဓာ ထဲက ကျောက်နှလုံးကို နှုတ်၍၊ အသားနှလုံးကို ပေးသော ကြောင့်၊

  23. သူတို့သည် ငါစီရင်ထုံးဖွဲ့သော ပညတ်တရား လမ်းသို့လိုက်၍ စောင့်ရှောက်သဖြင့်၊ ငါ၏လူဖြစ်ကြ လိမ့်မည်။ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်။

  24. သို့ဖြစ်၍၊ အချင်းလူသား၊ အခြားသို့ ပြောင်း သွားခြင်းငှါ ဥစ္စာပရိကံများကို ပြင်ဆင်၍၊ နေ့အချိန်၌ သူတို့မျက်မှောက်တွင် ပြောင်းသွားလော့။ သူတို့မျက် မှောက်တွင် အခြားတပါးသို့နေရာပြောင်းလော့။ ပုန်ကန် တတ်သော အမျိုးဖြစ်သော်လည်း၊ သတိရကောင်းရကြ လိမ့်မည်။

  25. ထိုကြောင့်၊ အရှင်ထာဝရဘုရား၏အမိန့်တော် ကို ဣသရေလအမျိုးအား ဆင့်ဆိုရမည်မှာ၊ နောင်တရ၍ ရုပ်တုတို့ကို ကြဉ်ရှောင်ကြလော့။ သင်တို့ပြုသမျှသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့မှ မျက်နှာလွှဲကြလော့။