Skip to content

Repentance အကြောင်း ကျမ်းစာအခန်းငယ်များ

343 အခန်းငယ် · 65 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အိုဣသရေလအမျိုးသားတို့၊ သင်တို့သည် အ လွန်လွှဲရှောင်ပယ်ထားသော ဘုရားထံတော်သို့ ပြန်လာ ကြလော့။

  2. သင်၏ဒုစရိုက်တို့ကို တိမ်တိုက်ကဲ့သို့၎င်း၊ သင်၏ အပြစ်တို့ကို တိမ်လွှာကဲ့သို့၎င်း ငါချေပြီ။ ငါ့ထံသို့ ပြန်လာလော့။ သင့်ကိုငါ ရွေးနှုတ်ပြီ။

  3. မြေကြီးစွန်းသား အပေါင်းတို့၊ ငါ့ကို မျှော်ကြည့် ၍၊ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့။ ငါသည် ဘုရား သခင်ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။

  4. အိုဖောက်ပြန်သောသူတို့၊ ဤအမှုကို အောက် မေ့၍ ယောက်ျားဂုဏ်ကို ပြကြလော့။ သတိနှင့် ဆင်ခြင်ကြလော့။

  5. တွေ့နိုင်သည် ကာလတွင် ထာဝရဘုရားကို ရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်း ပဌနာပြုကြလော့။

  6. ဆိုးသော သူသည် မိမိလမ်းကို၎င်း၊ မတရား သောသူသည် မိမိအကြံတို့ကို၎င်း စွန့်ပစ်၍၊ ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနား တော်မူလိမ့်မည်။ ငါတို့ ဘုရားသခင့်ထံတော်သို့ ပြောင်းလဲ ပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူ လိမ့်မည်။

  7. အကြောင်းမူကား၊ သန့်ရှင်းခြင်းဟု နာမရှိတော် မူထသော၊ အနန္တကာလတည်းဟူသော ဘုံဗိမာန်၌ စံတော်မူထသော၊ အထွဋ်အမြတ်ဖြစ်တော်မူသော ဘုရားမိန့်တော်မူသည်ကား၊ ငါသည် မြင့်မြတ်သန့်ရှင်း သော အရပ်၌နေ၏။ စိတ်နှိမ့်ချသောသူနှင့်၊ နှလုံးကြေကွဲ သော သူတို့၏စိတ်ဝိညာဉ်အသက်ရှင်စေခြင်းငှါ၊ ကြေကွဲ နှိမ့်ချသော စိတ်သဘောရှိသောသူတို့၌လည်း ငါနေ၏။

  8. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရွေးနှုတ် သောသခင်သည် ဇိအုန်တောင်ပေါ်သို့ ကြွ၍၊ မတရား သော အမှုမှလွှဲသော ယာကုပ်အမျိုးသားတို့ ရှိရာသို့ ရောက်လတံ့။

  9. ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ် မှာ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့ အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြောစေခြင်းငှါ၊ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏ အနာကို စည်းစေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့်၊ အကျဉ်းခံ လျက်ရှိသော သူတို့အား ထောင်တံခါးဖွင့်ခြင်း အကြောင်းကို ပြစေခြင်းငှါ၎င်း၊

  10. ထာဝရဘုရား၏မင်္ဂလာနှစ်နှင့်၊ ငါတို့ဘုရား သခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြော စေခြင်းငှါ၎င်း၊ စိတ်မသာညည်းတွားသော သူတို့အား နှစ်သိမ့်စေခြင်းငှါ၎င်း၊

  11. ယခုမှစ၍ သင်က၊ အကျွန်ုပ်အဘ၊ ကိုယ်တော် သည် အကျွန်ုပ်အသက်ငယ်စဉ်၊ စောင့်မပါပြီဟု ငါ့အား အော်ဟစ်ပါစေသော။

  12. သင်သည် သွား၍ မြောက်မျက်နှာသို့ ဟစ်ကြော် ရမည် စကားဟူမူကား၊ အိုဖောက်ပြန်သော ဣသရေလ၊ ပြန်လာပါဟု ထာဝရဘုရား မိန့်တော်မူ၏။ သင်၌ ငါ သည် မျက်မုန်းကြိုးခြင်းကိုမပြု၊ ကရုဏာစိတ်သဘော ရှိ၏။ အစဉ်အမျက်ထွက်တတ်သည်မဟုတ်ဟု ထာဝရ ဘုရား မိန့်တော်မူ၏။

  13. သင်သည် ငါ့စကားကို နားမထောင်။ သင်၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှား၍၊ စိမ်းသော သစ်ပင်ရှိသမျှ အောက်၌တွေ့သော ဧည့်သည်တို့နှင့် မှား ယွင်းသော အပြစ်ရှိကြောင်းကို ဝန်ချရုံမျှသာ ပြုလော့ဟု ထာဝရဘုရားမိန့်တော်မူ၏။

  14. အိုဖောက်ပြန်သော သူငယ်တို့၊ ပြန်လာကြလော့ ဟု ထာဝရဘုရား မိန့်တော်မူ၏။ ငါသည် သင်တို့ကို ရွံရှာဘူးသော်လည်း၊ သင်တို့မြို့များထဲက တမြို့လျှင် လူ တယောက်၊ အမျိုးသားချင်း အစုစုထဲက တစုလျှင် လူနှစ်ယောက်ကို ရွေးယူ၍ ဇိအုန်မြို့သို့ ပို့ဆောင်မည်။

  15. ငါသည်သင့်ကို သားတို့တွင် အဘယ်သို့ ထားရ အံ့နည်း။ သာယာသောပြည်၊ တိုင်းနိုင်ငံအပေါင်းတို့၏ အထွဋ်၊ ဘုန်းကြီးသော အမွေခံရာ ပြည်ကိုသင့်အား အဘယ်သို့ပေးရအံ့နည်းဟု ငါမေးသောအခါ၊ သင်သည် ငါ့ကို အကျွန်ုပ်အဘဟူ၍ ခေါ်ရလိမ့်မည်။ ငါ့ထံမှလွှဲ၍ မသွားရဟု ငါပြန်ပြော၏။

  16. အို ဣသရေလအမျိုး၊ သင်သည် ပြန်လာလိုလျှင် ငါ့ထံသို့ ပြန်လာပါ။ သင်၏ရွံရှာဘွယ်တို့ကို ပယ်လိုလျှင် ငါ့ထံမှမရွှေ့ရ။

  17. သင်ကလည်း၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်ဟု သစ္စာစောင့်ခြင်း၊ တရားစီရင်ခြင်း၊ ဖြောင့်မတ် ခြင်းအားဖြင့် ကျိန်ဆိုလိမ့်မည်။ လူအမျိုးမျိုးတို့သည် လည်း၊ ထိုဘုရားသခင်အားဖြင့် မိမိတို့ကို ကောင်းကြီး ပေး၍၊ ထိုဘုရားသခင်ကို အမှီပြုလျက် ဝါကြွားကြလိမ့် မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  18. ထာဝရဘုရားသည် ယုဒပြည်သူယေရုရှလင်မြို့ သားတို့အား မိန့်တော်မူသည်ကား၊ သင်တို့၏ လယ်ကို ထွန်ကြလော့။ ဆူးပင်တို့တွင် မျိုးစေ့ကို မကြဲကြနှင့်။

  19. အို ယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ ထာဝရ ဘုရားအဘို့အလိုငှါ အရေဖျားလှီး မင်္ဂလာကိုခံ၍၊ သင်တို့ နှလုံး အရေဖျားကို လှီးဖယ်ကြလော့။ သို့မဟုတ်၊ သင်တို့၏ အကျင့်မကောင်းသောကြောင့်၊ ငါအမျက်သည်မီးကဲ့သို့ထွက်၍၊ အဘယ်သူမျှ မငြိမ်းနိုင် အောင် လောင်လိမ့်မည်။

  20. အို ယေရုရှလင်မြို့၊ သင်သည် ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ၊ သင်၏စိတ်နှလုံးကို ဒုစရိုက်အပြစ်နှင့် ကင်းစင်စေလော့။ သင်၏အဓမ္မအကြံအစည်တို့သည် အဘယ်မျှ ကာလပတ်လုံး သင်၏ အထဲ၌တည်နေရမည် နည်း။

  21. အိုယေရုရှလင်မြို့၊ ဆုံးမခြင်းကို ခံလော့။ သို့မဟုတ်၊ သင့်ကို ငါရွံရှာမည်။ သင့်ကိုပယ်ရှင်း၍ လူဆိတ်ညံရာအရပ် ဖြစ်စေမည်။

  22. ထာဝရဘုရား မိန့်တော်မူသည်ကား၊ လမ်းနား မှာရပ်၍ ကြည့်ရှုကြလော့။ ရှေးလမ်းဟောင်းတို့ကို ရှာဖွေ လျက်၊ ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်းဟု မေးမြန်း၍၊ ထိုလမ်းသို့လိုက်ကြလော့။ သို့ပြုလျှင်၊ စိတ် နှလုံး သက်သာကြလိမ့်မည်။ သို့ရာတွင်၊ ငါတို့သည် မလိုက်ဟု ပြန်ပြောကြ၏။

  23. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ဘာသာ ဓလေ့နှင့် သင်တို့ အကျင့်များတို့ကို ပြုပြင်ကြလော့။ သို့ပြုလျှင် သင်တို့ကို ဤအရပ်၌ ငါနေ စေမည်။

  24. သင်တို့ ဘာသာဓလေ့နှင့် သင်တို့အကျင့်များ တို့ကို စုံလင်စွာ ပြုပြင်လျှင်၎င်း၊ အမှုသည်ချင်းတို့ကို သေချာစွာ တရားသဖြင့် စီရင်လျှင်၎င်း၊

  25. သင်တို့ဘိုးဘေးတို့အား၊ ငါသည် အစဉ်မပြတ် ပေးသော ပြည်တည်းဟူသော ဤအရပ်ဌာန၌ သင်တို့ကို ငါနေစေမည်။