အကြောင်းအရာသို့ ကျော်သွားရန်

Prayer အကြောင်း ကျမ်းစာအခန်းငယ်များ

720 အခန်းငယ် · 120 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မတရားသဖြင့်ပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါငိုကြွေးသံကို ထာဝရဘုရား ကြားတော် မူ၏။

  2. ငါတောင်းပန်ခြင်းကို ထာဝရဘုရား ကြားတော် မူ၏။ ငါပြုသော ပဌနာစကားကို ထာဝရဘုရား နာယူတော်မူ၏။

  3. ငါ့ရန်သူအပေါင်းတို့သည် ရှက်ကြောက် ၍ ဆုံးရှုံးခြင်း ရှိကြလိမ့်မည်။ ချက်ခြင်းပြန်သွား၍ ရှက် ကြောက်ခြင်သို့ရောက်ကြလိမ့်မည်။

  4. နာမတော်ကို သိသောသူတို့သည် ကိုယ်တော်ကို ယုံကြည်ကြပါလိမ့်မည်။ အကြောင်းမူကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော်ကိုရှာသော သူတို့ကိုစွန့်ပစ်တော်မမူ တတ်ပါ။

  5. လူအသက်သတ်ခြင်းအမှုကို စစ်တော်မူ၍၊ အသေခံရသောသူတို့ကို အောက်မေ့တော်မူ၏။ နှိမ့်ချ လျက်ရှိသော သူတို့၏အော်ဟစ်ခြင်း အသံကိုမေ့လျော့ တော်မမူတတ်ပါ။

  6. အိုထာဝရဘုရား၊ ထတော်မူပါ။ လူမနိုင်ပါစေ နှင့်။ တပါးအမျိုးသားတို့သည် ရှေ့တော်၌ စစ်ကြောစီရင် ခြင်းကို ခံရကြပါစေသော။

  7. အိုထာဝရဘုရား၊ သူတို့ကို ချောက်လှန့်တော် မူပါ။ သို့ဖြစ်၍ မိမိတို့သည် လူသက်သက်ဖြစ်သည်ကို လူမျိုးတို့သည် သိကြပါလိမ့်မည်။

  8. မတရားသောသူသည် မာနစိတ်ရှိ၍၊ ဆင်းရဲ သော သူကိုညှဉ်းဆဲတတ်ပါ၏။ မိမိပြုသောပရိယာယ် အားဖြင့် ထိုသူကို ဘမ်းဆီးတတ်ပါ၏။

  9. မတရားသဖြင့် ပြု၍ဆိုးသော သူ၏လက်ရုံးကို ချိုးတော်မူပါ။ သူပြုသော အဓမ္မအမှုကို အကုန်အစင် စစ်တော်မူပါ။

  10. အိုထာဝရဘုရား၊ ကိုယ်တော်သည် နှိမ့်ချလျက် ရှိသော သူတို့၏တောင့်တခြင်း အသံကိုကြားတော်မူ၏။ သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။

  11. အိုထာဝရဘုရား၊ တရားသော ဘက်မှာနေ၍ အကျွန်ုပ်အော်ဟစ်ခြင်းကို မှတ်တော်မူပါ။ မလှည့်စား တတ်သော နှုတ်နှင့် ဆုတောင်းသော ပဌနာစကားကို နားထောင်တော်မူပါ။

  12. အိုဘုရားသခင်၊ ကိုယ်တော်သည် နားထောင် တော်မူတတ်သောကြောင့် အကျွန်ုပ်သည် တောင်း လျှောက်ပါ၏။ နားတော်ကို လှည့်၍ အကျွန်ုပ်စကားကို နာယူတော်မူပါ။

  13. ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်း လျှောက်၍ ရန်သူတို့ လက်မှကယ်တင်ခြင်းသို့ ရောက်၏။

  14. ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ ထာဝရ ဘုရားကိုခေါ်၍၊ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲ မှာကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ၏။

  15. သူ၏နှုတ်နှင့် ဆုတောင်းသည်ကို ငြင်းပယ်တော် မမူ။ သူ၏စိတ်အလိုရှိသည်အတိုင်း ပေးသနားတော်မူပြီ။

  16. သူသည် အသက်ကိုဆတောင်း၍၊ ကိုယ်တော် သည်မသက်မက၊ ထာဝရဘုရားကို ပေးသနားတော်မူပြီ။

  17. အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ် ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကို မကယ်တင်ဘဲ အကျွန်ုပ်အော်ဟစ်သော စကားကို နား မထောင်ဘဲ အဘယ်ကြောင့် အဝေးမှာနေတော်မူ သနည်း။

  18. အကျွန်ုပ်ဘုရား၊ နေ့အခါအကျွန်ုပ်အော်ဟစ် သော်လည်း၊ ကိုယ်တော်သည် နားမထောင်ပါ။ ညဉ့်အခါ အော်ဟစ်သော်လည်း သက်သာခြင်းသို့ မရောက်ပါ။

  19. အကျွန်ုပ်တို့ဘိုးဘေးတို့သည် ကိုယ်တော်ကို ကိုးစား ကြပါ၏။ ကိုးစားကြသည်တွင်၊ ကိုယ်တော်သည် ကယ် တင်တော်မူ၏။

  20. သူတို့သည် ကိုယ်တော်ကို အော်ဟစ်၍ ကယ် တင်ခြင်းသို့ ရောက်ပါ၏။ ကိုယ်တော်ကို ကိုးစား၍ ရှက် ကြောက်ခြင်းနှင့် ကင်းလွတ်ကြပါ၏။

  21. အိုထာဝရဘုရား၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော် မမူပါနှင့်။ အကျွန်ုပ်ခွန်အားဗလ၊ အကျွန်ုပ်ကို မစခြင်းငှါ အလျင်အမြန် ကြွလာတော်မူပါ။

  22. အကြောင်းမူကား၊ နှိမ့်ချလျက်ရှိသောသူ၏ နှိမ့်ချသောအဖြစ်ကို မထီမဲ့မြင်ပြုတော်မူသည်မဟုတ်။ မျက်နှာတော်ကိုမလွှဲ၊ အော်ဟစ်သောအခါ နားထောင် တော်မူပြီ။

  23. အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် တသလျက်နေပါ၏။

  24. အကယ်စင်စစ် ကိုယ်တော်ကို မြော်လင့်သော သူတို့သည် ရှက်ကြောက်ခြင်းသို့ မရောက်ရကြပါ။ အကြောင်းမရှိဘဲ သစ္စာကိုဖျက်သော သူတို့သည် ရှက်ကြောက်ခြင်းသို့ ရောက်ရကြပါလိမ့်မည်။

  25. အိုထာဝရဘုရား၊ ရှေးကာလမှစ၍၊ ပြတော်မူ သောကရုဏာနှင့် မေတ္တာသဘောကို အောက်မေ့တော် မူပါ။