Skip to content

Prayer အကြောင်း ကျမ်းစာအခန်းငယ်များ

720 အခန်းငယ် · 120 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၌ရောက်သောအမှုကို စီရင်တော်မူမည် အကြောင်း ကိုယ်ကို နှိုးဆော်၍ ထတော်မူပါ။

  2. အကျွန်ုပ်၌ဘေးရောက်သည်အကြောင်းကို ဝမ်း မြောက်သောသူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာ ပျက်ကြပါစေသော။ အကျွန်ုပ်တဘက်၌ ကိုယ်ကို ချီးမြှောက်တတ်သော သူတို့အပေါ်မှာ အသရေပျက်ခြင်းနှင့် ရှက်ကြောက်ခြင်း သက်ရောက်ပါစေသော။

  3. ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သူတို့ပြု လျှင်၊ စိတ်နှလုံး အလိုပြည့်စုံရသောအခွင့်ကို ပေးတော် မူမည်။

  4. ကိုယ်အမှုအရာကို ထာဝရဘုရား၌ အပ်လော့။ ကိုယ်တော်ကို ကိုးစားလော့။ သို့ပြုလျှင်စီရင်တော် မူမည်။

  5. အကျွန်ုပ်ပြုမိသော ဒုစရိုက်တို့သည် အကျွန်ုပ် ခေါင်းကို လွှမ်းမိုး၍၊ လေးသောဝန်ကဲ့သို့ အကျွန်ုပ်မထမ်း နိုင်အောင် လေးကြပါ၏။

  6. အကျွန်ုပ်မိုက်သောအမှုကြောင့် အနာတို့သည် နံစော်၍ ရိယွဲ့လျက်ရှိကြပါ၏။

  7. အကျွန်ုပ်သည် ပြင်းထန်စွာခံရ၍၊ အလွန်နှိမ်ချ လျက်၊ ကြမ်းတမ်းသောအဝတ်ကိုဝတ်လျက် တနေ့လုံး သွားရပါ၏။

  8. အကျွန်ုပ်ခါးသည် ပူလောင်သောအနာစွဲ၍၊ အသားသည်လည်း ကျန်းမာခြင်းမရှိပါ။

  9. နန်နဲခြင်း၊ ကြေကွဲရှိ၍၊ စိတ်နှလုံးလှုပ်ရှားသဖြင့် အော်ဟစ်ရပါသည်။

  10. အကျွန်ုပ်၏ နှလုံးတုန်လှုပ်၍၊ ခွန်အားလည်း ကုန်ပါပြီ။ မျက်စိအလင်းသည် ကွယ်ပျောက်ပါပြီ။

  11. အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ် တော်ကိုအကျွန်ုပ် ကိုးစားပါ၏။ အကျွန်ုပ်၏ အရှင် ဘုရားသခင်၊ ကိုယ်တော်သည် ပြန်ပြောတော်မူမည်။

  12. သို့မဟုတ်၊ သူတို့သည် အကျွန်ုပ်အမှုမှာ ဝမ်း မြောက်ကြပါလိမ့်မည်။ အကျွန်ုပ်သည် ခြေချော်သော အခါ အကျွန်ုပ်တဘက်၌ ကိုယ်ကိုချီးမြှောက်ကြပါ လိမ့်မည်ဟု လျှောက်ပါပြီ။

  13. ကိုယ်အပြစ်ကိုဘော်ပြပါ၏။ ပြစ်မှားမိသော ကြောင့် စိတ်ပူပန်ခြင်းရှိပါ၏။

  14. ငါသည် ထာဝရဘုရားကို စေ့စေ့မြော်လင့်သည် ကာလ၊ ငါ့ကို မျက်နှာပြု၍ ငါအော်ဟစ်သောအသံကို ကြားတော်မူ၏။

  15. အကြောင်းမူကား၊ အတိုင်းမသိများစွာသော ဘေးဥပဒ်တို့သည် အကျွန်ုပ်ကို ဝိုင်းကြပါပြီ။ အကျွန်ုပ်မျှော် ၍ မကြည့်နိုင်အောင်ခံရသော အပြစ်တို့သည် အကျွန်ုပ် ကို မှီကြပါပြီ။ အကျွန်ုပ်ဆံပင်ထက်များပြားသည် ဖြစ်၍၊ အကျွန်ုပ်နှလုံးသည် အားလျော့ပါပြီ။

  16. အကျွန်ုပ်အသက်ကို သတ်ခြင်းငှါ ရှာကြံသော သူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေ သော။ အကျွန်ုပ်၌ အန္တရယ်ပြုချင်သောသူတို့သည် လှန်ခြင်းကိုခံရ၍ ရှက်ကြောက်ခြင်းသို့ရောက်ကြပါစေ သော။

  17. အကျွန်ုပ်ကို အေ့ဟေ၊ အေ့ဟေဟု ဆိုသော သူတို့သည် အရှက်ကွဲခြင်းအားဖြင့် မှိုင်တွေကြပါစေ သော။

  18. ထိုအခြင်းအရာကို ငါအောက်မေ့၍နေစဉ်တွင်၊ ငါ့စိတ်နှလုံးသည် ကြေကွဲလျက်ရှိ၏။ အကြောင်းမူကား၊ ငါသည်လူစုများနှင့် ပေါင်းဘော်လျက်၊ ရွှင်လန်းခြင်း အသံ၊ ထောမနာပြုခြင်းအသံတို့ကို ပြိုင်ဆို၍၊ ဓမ္မပွဲခံ သောလူစုများနှင့်အတူ ဘုရားသခင်၏ အိမ်တော်သို့ ဖြည်းညှင်းစွာ သွားလှလေပြီ။

  19. ကျေးဇူးချီးမွမ်းခြင်း ယဇ်ကိုဘုရားသခင်အား ပူဇော်လော့။ သစ္စာဂတိထားသည်အတိုင်း၊ အမြင့်ဆုံး သောအရာ၌ သစ္စာဝတ်ကိုဖြေလော့။

  20. အမှုရောက်သည်ကာလ၌ ငါ့ကိုပဌနာပြုလော့။ ငါသည် ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကိုချီးမွမ်း လိမ့်မည်ဟု မိန့်တော်မူ၏။

  21. အိုဘုရားသခင်၊ ကျေးဇူးပြုချင်သော စေတနာ စိတ်တော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကိုသနားတော်မူပါ။ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ၊ အကျွန်ုပ်လွန်ကျူးခြင်း အပြစ်ကိုဖြေတော်မူပါ။

  22. အကျွန်ုပ်လွန်ကျူးပါပြီဟု ဝန်ချလျက် ကိုယ် အပြစ်ကို အစဉ်မပြတ် အောက်မေ့လျက်နေပါ၏။

  23. ကိုယ်တော်ကို ပြစ်မှားပါပြီ။ ကိုယ်တော်ကိုသာ ပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကို ပြုပါပြီ။ သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်တော်မူချက်သည် အပြစ်လွတ်ပါ၏။

  24. ငါ၏ရန်သူတို့အား မကောင်းသောအကျိုးကို ဆပ်ပေးတော်မူမည်။ သစ္စာတော်ရှိသည်အတိုင်း သူတို့ကို ပယ်ရှင်းတော်မူပါ။

  25. အိုဘုရားသခင်၊ အကျွန်ုပ်ဆုတောင်းသော စကားကို နားထောင်တော်မူပါ။ အသနားတော်ခံသော အခါ ရှောင်၍နေတော်မမူပါနှင့်။