Prayer အကြောင်း ကျမ်းစာအခန်းငယ်များ: Profuse prayers, to be avoided
Profuse prayers, to be avoided အကြောင်း အခန်းငယ်များ
သင်၏နှုတ်သည် သတိမလစ်စေနှင့်။ ဘုရား သခင့်ရှေ့တော်၌ စကားပြောခြင်းငှါ၊ သင်၏စိတ်နှလုံး မလျင်မမြန်စေနှင့်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ သင်သည် မြေကြီးပေါ်မှာရှိ၏။ ထိုကြောင့် သင်၏စကားမများစေနှင့်။
သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလို ပြည့်စုံမည်ဟု ထင်မှတ်ကြ၏။