အကြောင်းအရာသို့ ကျော်သွားရန်

Prayer အကြောင်း ကျမ်းစာအခန်းငယ်များ: Promises of God

7 အခန်းငယ် · 120 ရှုထောင့်

Promises of God အကြောင်း အခန်းငယ်များ

  1. တဖန် ယာကုပ်က၊ အကျွန်ုပ်အဘ အာဗြဟံ၏ ဘုရားသခင်၊ အကျွန်ုပ်အဘ ဣဇာက်၏ဘုရားသခင်၊ ထာဝရဘုရား ကိုယ်တော်က၊ သင်၏ပြည် သင်၏ အမျိုးသားချင်းတို့ ထံသို့ ပြန်လော့။ ငါသည် သင်၌ကျေးဇူးပြုမည် ဟု မိန့်တော်မူပါပြီ။

  2. ကိုယ်တော်ကျွန်၌ ပြတော်မူသော ကရုဏာ သစ္စာတော်အငယ်ဆုံးကိုမျှ အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည် အထက်က၊ ဤယော်ဒန်မြစ်ကို လက်စွဲ တောင်ဝေးနှင့်သာ ကူးပါ၏။ ယခုမူကား၊ အပေါင်း အသင်းနှစ်စုဖြစ်ပါ၏။

  3. သို့ဖြစ်၍၊ အကျွန်ုပ်ကို အစ်ကိုဧသောလက်မှ ကယ်လွှတ်တော်မူမည်အကြောင်း ဆုတောင်းပါ၏။ သူသည် လာ၍ အကျွန်ုပ်ကို၎င်း၊ သားမယားတို့ကို၎င်း သတ်မည်ဟု အလွန်စိုးရိမ်ပါ၏။

  4. ကိုယ်တော်က၊ ငါသည်သင်၌ အမှတ်ကျေးဇူး ပြု၍၊ မရေတွက်နိုင်အောင် များပြားသော သမုဒ္ဒရာသဲလုံး နှင့်အမျှ သင်၏အမျိုးအနွယ်ကို ငါဖြစ်စေမည်ဟု မိန့်တော်မူပါပြီဟု တောင်းလျောက်လေ၏။

  5. ကိုယ်တော်က သင်တို့ အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ ငါများပြားစေမည်။ ငါပြောခဲ့သော ဤမြေရှိသမျှကို သင်တို့ အမျိုးအနွယ်အား ငါပေးသဖြင့်၊ သူတို့သည် အစဉ်အမြဲ အမွေခံရကြလိမ့်မည်ဟု ကိုယ်ကို ကိုယ်တိုင်တည်၍ ကျိန်ဆိုတော်မူသော စကားကို ခံခဲ့ပြီးသော ကိုယ်တော်၏ ကျွန်အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့ကို အောက်မေ့တော်မူပါဟု မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်လေ၏။

  6. အို ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်ကျွန် အကျွန်ုပ်အဘဒါဝိဒ်အား မိန့်တော်မူသော စကားတော်ကို ယခုပြည့်စုံစေတော်မူပါ။

  7. အကျွန်ုပ် မြော်လင့်စရာအကြောင်း၊ ကိုယ်တော် ၏ကျွန်၌ ထားတော်မူသော နှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ။