Prayer အကြောင်း ကျမ်းစာအခန်းငယ်များ: The promises of Christ encourage to
The promises of Christ encourage to အကြောင်း အခန်းငယ်များ
တဖန်ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါး ကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။
တောင်းသောသူမည်သည်ကားရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။
သင်တို့သည် ငါ၏နာမကိုအမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကာ၊ ခမည်း တော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်းတည်း။
သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစုံတခုသောဆုကိုတောင်းလျှင်၊ တောင်းသည်အတိုင်းငါပြုမည်။