Skip to content

Prayer အကြောင်း ကျမ်းစာအခန်းငယ်များ: Unclassified scriptures relating to prayer

65 အခန်းငယ် · 120 ရှုထောင့်

Unclassified scriptures relating to prayer အကြောင်း အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယာကုပ်သည် တယောက်တည်းနေရစ်၍၊ လူတဦးသည် မိုဃ်းလင်းသည်တိုင်အောင် သူနှင့်လုံးထွေး လေ၏။

  2. ထိုသူသည် မိမိမနိုင်မှန်းကိုသိလျှင်၊ ယာကုပ် ပေါင်ချန်ကို ထိုး၍၊ လုံးထွေးစဉ်တွင် ပေါင်ဆစ်ပြုတ်လေ ၏။

  3. ထိုသူကလည်း၊ ငါ့ကိုလွှတ်ပါ၊ မိုဃ်းလင်းဆဲရှိပြီ ဟုဆိုလျှင်၊ ယာကုပ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းကြီးမပေးလျှင်၊ မသွားရဟုဆို၏။

  4. ထိုသူကလည်း၊ သင်၏အမည်ကား အဘယ်သို့ နည်းဟု မေးလျှင်၊ ယာကုပ်ဖြစ်ပါသည်ဟု ပြန်ဆို၏။

  5. နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍ မခေါ်ရ၊ ဣသရေလဟူ၍ခေါ်ရမည်။ အကြောင်းမူကား၊ သင်သည် ဘုရားသခင်နှင့်၎င်း၊ လူနှင့်၎င်း၊ မင်းကဲ့သို့ ပြိုင်၍ နိုင်လေပြီဟု မိန့်တော်မူ၏။

  6. ထာဝရဘုရားနှင့် တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။

  7. အကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဘုရား၊ အကျွနုပ်တို့သည် သန့်ရှင်းသောနာမတော် ဂုဏ် ကျေးဇူးကို ဝန်ခံ၍ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၌ ဝါကြွားဝမ်းမြောက်မည် အကြောင်းအကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တပါး အမျိုးသားထဲက နှုတ်၍ စုဝေးစေတော်မူပါဟု မြွက်ဆို ကြလော့။

  8. ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကို နှိမ့်ချသဖြင့်၊ ငါ့မျက်နှာကိုရှာလျက် ဆုတောင်းပဌနာပြု၍ အဓမ္မလမ်းကို လွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ၌ နားထောင်မည်။ သူတို့အပြစ်ကို ဖြေ၍ သူတို့ပြည်ကို ချမ်းသာပေးမည်။

  9. သို့ရာတွင် ငါတို့သည် ငါတို့၏ ဘုရားသခင်ကို ဆုတောင်း၍၊ ရန်သူကြောင့် နေ့ညဉ့်မပြတ် ကင်းစောင့် ထားကြ၏။

  10. ငါ၏မျက်နှာကို ရှာကြလော့ဟူသော အမိန့် တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက်၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ မျက်နှာကို ရှာပါမည်။

  11. သန့်ရှင်းသောနာမတော်၌ ဝါကြွား ဝမ်းမြောက် ကြလော့။ ထာဝရဘုရားကို ရှာသောသူတို့သည် စိတ်နှလုံး ရွှင်လန်းကြစေ။

  12. ထာဝရဘုရားနှင့် တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ် ရှာကြလော့။

  13. ထာဝရဘုရားသည် ပဌနာပြုသောသူအပေါင်း၊ သစ္စာနှင့်တကွ ပဌနာပြုသော သူအပေါင်း တို့၏ အနီးအပါးရှိတော်မူ၏။

  14. မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။

  15. သင်၏နှုတ်သည် သတိမလစ်စေနှင့်။ ဘုရား သခင့်ရှေ့တော်၌ စကားပြောခြင်းငှါ၊ သင်၏စိတ်နှလုံး မလျင်မမြန်စေနှင့်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ သင်သည် မြေကြီးပေါ်မှာရှိ၏။ ထိုကြောင့် သင်၏စကားမများစေနှင့်။

  16. တွေ့နိုင်သည် ကာလတွင် ထာဝရဘုရားကို ရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်း ပဌနာပြုကြလော့။

  17. ကောင်းကင်ဘုံ၌ရှိတော်မူသော ဘုရားသခင့် ထံတော်သို့ နှလုံးနှင့်လက်တို့ကို ချီကြွကြကုန်အံ့။

  18. ကောင်းကင်တမန်နှင့်ပြိုင်၍ နိုင်လေ၏။ ငို၍ တောင်းပန်နှင့်ပြီ။ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရား သခင်ထာဝရဘုရားကို ဗေသလမြို့မှာ ဖူးတွေ့၍၊ ငါတို့ အဘို့ ဗျာဒိတ်တော်ကို ခံလေ၏။

  19. ကျေးဇူးတော်ကို ခံသောသဘော၊ ဆုတောင်း ပဌနာပြုသောသဘောကို ဒါဝိဒ်မင်းမျိုး၊ ယေရုရှလင်မြို့ သားတို့အပေါ်သို့ ငါသွန်းလောင်းသဖြင့်၊ သူတို့သည် မိမိ တို့ ထိုးဖောက်သော ငါ့ကို ရှုမြင်ရကြလိမ့်မည်။ တယောက်တည်းသော သားအတွက် အဘသည် ငိုကြွေး မြည်တမ်းသကဲ့သို့၊ ထိုသူအတွက် ငိုကြွေးမြည်တမ်းရကြ လိမ့်မည်။ သားဦးအတွက် အဘသည် နာကြဉ်းရကြလိမ့် မည်။

  20. သင်သည် ဆုတောင်းပဌနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူမပြုနှင့်။ ထိုသူတို့သည် လူများ တို့ရှေ့မှာထင်ရှားစေခြင်းငှါ၊ ပွဲသဘင်လမ်းဆုံလမ်းဝတို့၌ ရပ်လျက်ဆုတောင်းခြင်းငှါအလိုရှိကြ၏။ ငါအမှန်ဆို သည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုခံရကြ၏။

  21. သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်၏အဘကိုဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတံ့။

  22. သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလို ပြည့်စုံမည်ဟု ထင်မှတ်ကြ၏။

  23. ထိုသူတို့နည်းတူမပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့ အလိုရှိသမျှတို့ကို သင်တို့မတောင်းမှီ သင်တို့ အဘသိတော်မူ၏။

  24. ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။

  25. နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။