အကြောင်းအရာသို့ ကျော်သွားရန်

Prayer အကြောင်း ကျမ်းစာအခန်းငယ်များ

720 အခန်းငယ် · 120 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော်ထံမှ မဆုတ်ရကြပါ။ အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။ နာမတော်ကို ပဌနာပြုကြပါမည်။

  2. သင်သည်ဒုက္ခကိုခံရသောအခါ၊ ငါ့ကိုခေါ်၍ ငါသည်ချမ်းသာပေး၏။ မထင်ရှားသော မိုဃ်းကြိုးနေရာ ၌ ငါပြန်ပြော၏။ မေရိဘရေနားမှာ သင့်ကို ငါစုံစမ်း၏။

  3. ငါသည်သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင် ယူခဲ့ပြီးသော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ သင်၏နှုတ်ကို ကျယ်ကျယ်ဖွင့်လော့။ ဝပြောစွာ ကျွေး မည်။

  4. အိုဘုရားသခင်၊ တိတ်ဆိတ်စွာနေတော်မမူပါ နှင့်။ အို ဘုရားသခင်၊ အမိန့်တော်မရှိဘဲ ငြိမ်ဝပ်စွာ နေတော်မမူပါနှင့်။

  5. ကိုယ်တော်၏ရန်သူတို့သည် ရုန်းရင်းခတ်ပြုကြပါ၏။ ကိုယ်တော်ကို မုန်းသောသူတို့သည် ထကြပါ၏။

  6. အကျွန်ုပ်၏ ဘုရားသခင်၊ လေဘွေ၌ ပါသွား သော အမှိုက်ကဲ့သို့၎င်း၊ လေတိုက်၍ လွင့်သော ဖွဲ့ကဲ့သို့ ၎င်း၊ လေတိုက်၍ လွင့်သောဖွဲ့ကဲ့သို့၎င်း သူတို့ကို ဖြစ်စေ တော်မူပါ။

  7. တောကို မီးရှို့သကဲ့သို့၎င်း၊ တောင်ပေါ်မှာ မီးလောင်သကဲ့သို့၎င်း၊

  8. ထိုနည်းတူ၊ မိုဃ်းသက်မုန်တိုင်းတော်အားဖြင့် သူတို့ကိုညှဉ်းဆဲ၍၊ ပြင်းစွာသော လေတော်အားဖြင့် ချောက်လှန့်တော်မူပါ။

  9. အိုထာဝရဘုရား၊ သူတို့မျက်နှာကို ရှက်စေတော် မူ၍ သူတို့သည် နာမတော်ကို ရှာကြပါစေသော။

  10. စိတ်ပျက်၍ အစဉ်ပင်ပန်းခြင်းရှိကြပါစေသော။ အရှက်ကွဲ၍ ဆုံးရှုံးခြင်းသို့ ရောက်ကြပါစေသော။

  11. ထာဝရဘုရားဟူ၍ နာမတော်ရှိသော ကိုယ် တော်တပါးတည်းသာလျှင်၊ မြေကြီးတပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားဖြစ်တော်မူကြောင်းကို သိကြပါ စေသော။

  12. အိုထာဝရဘုရား၊ နားတော်ကိုလှည့်၍ အကျွန်ုပ် စကားကို နားထောင်တော်မူပါ။ အကျွန်ုပ်သည် ဆင်းရဲ ငတ်မွတ်ပါ၏။

  13. အကျွန်ုပ်၏ ဘုရားသခင်၊ သန့်ရှင်းသူတို့အဝင် ဖြစ်သော အကျွန်ုပ်၏ ဝိညာဉ်ကိုစောင့်မ၍၊ ကိုယ်တော် ကို ကိုးစားသော ကိုယ်တော်၏ကျွန်ကို ကယ်တင် တော်မူပါ။

  14. အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို အစဉ်အော်ဟစ်ပါသည်ဖြစ်၍၊ ကယ်မသနားတော်မူပါ။

  15. အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် တသပါသည်ဖြစ်၍၊ ကိုယ်တော်၏ကျွန်သည် ဝမ်းမြောက် မည်အကြောင်း ပြုတော်မူပါ။

  16. အို ထာဝရဘုရား၊ ကိုယ်တော်သည် ကောင်း သောသဘော၊ သည်းခံတတ်သော သဘောနှင့် ပြည့်စုံ၍၊ ကိုယ်တော်ကို ပဌနာပြုသော သူအပေါင်းတို့အား ကရုဏာတော်ကြွယ်ဝပါ၏။

  17. အို ထာဝရဘုရား၊ အကျွန်ုပ်၏ ပဌနာစကားကို နားထောင်တော်မူပါ။ အသနားတော်ခံသော စကားသံကို မှတ်တော်မူပါ။ ဘေးရောက်သည် ကာလ၊ ကိုယ်တော်ကို ခေါ်ပါမည်။

  18. ကိုယ်တော်လည်း ထူးတော်မူတတ်ပါ၏။

  19. အကျွန်ုပ်အားကောင်းသော နိမိတ်လက္ခဏာကို ပြတော်မူပါ။ အကျွန်ုပ်ကို မုန်းသောသူတို့သည် မြင်၍ ရှက်ကြောက်ကြပါစေ။ အကြောင်းမူကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစ၍ ချမ်းသာ ပေးတော်မူ၏။

  20. အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရား သခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ နေ့ညဉ့် မပြတ် အော်ဟစ်ပါ၏။

  21. အကျွန်ုပ်ပြုသောပဌနာသည် အထံတော်သို့ ဝင်ပါစေသော။ အော်ဟစ်သံကို နားထောင်တော်မူပါ။

  22. အကျွန်ုပ်ခံရေသော ဒုက္ခကြောင့် အကျွန်ုပ် မျက်စိသည် ပျက်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ကို အစဉ်အော်ဟစ်ပါ၏။ အထံတော်သို့ လက်ကိုဆန့်ပါ၏။

  23. အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် အော်ဟစ်ပါ၏။ နံနက်အချိန်၌ အကျွန်ုပ်၏ ပဌနာသည် ရှေ့တော်သို့ရောက်ပါ၏။

  24. အိုထာဝရဘုရား၊ အကျွန်ုပ်၏ ဝိညာဉ်ကို အဘယ်ကြောင့် ပယ်တော်မူသနည်း။ မျက်နှာတော်ကို အကျွန်ုပ်မှ အဘယ်ကြောင့်လွှဲတော်မူသနည်း။

  25. အို ထာဝရဘုရား၊ သစ္စာတော်နှင့်တကွ ကိုယ် တော်၏ ကျွန်ဒါဝိဒ်အား ကျိန်ဆိုတော်မူသော ရှေး ကရုဏာတော်သည် အဘယ်မှာ ရှိပါသနည်း။