အကြောင်းအရာသို့ ကျော်သွားရန်

Journey of Israel Through The Desert အကြောင်း ကျမ်းစာအခန်းငယ်များ

759 အခန်းငယ် · 177 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဟေရမုန်တောင်ကို ဇိဒုန်လူတို့သည် စိရုန်ဟူ၍ ၎င်း၊ အာမောရိလူတို့သည် ရှုနိရဟူ၍၎င်း ခေါ်ဝေါ်ကြ၏။

  2. ချိုင့်၌ ရှိသမျှသောမြို့တို့နှင့် ဂိလဒ်ပြည် တရှောက်လုံး၊ ဩဃမင်း၏ နိုင်ငံအဝင်၊ သာလကမြို့၊ ဧဒြမြို့တိုင်အောင် ဗာရှန်ပြည်တရှောက်လုံးကို သိမ်းယူ ကြ၏။

  3. အလွန်ကြီးမားသော လူမျိုးမှ ဆင်းသက်သော ဗာရှန်ရှင်ဘုရင် ဩဃတယောက်တည်းသာ ကျန်ကြွင်း ၏။ လူအတောင်အားဖြင့် အလျားကိုးတောင်၊ အနံလေး တောင်ရှိသော သူ၏ သံခုတင်သည် အမ္မုန်ပြည် ရဗ္ဗတ်မြို့ ၌ ရှိသည်မဟုတ်လော။

  4. ထိုအခါ ငါတို့သိမ်းယူသောမြေကို၊ အာနုန်မြစ် နားတွင်ရှိသော အာရော်မြို့မှစ၍ ဂိလဒ်တောင် တဝက် တိုင်အောင်၊ မြို့များနှင့်တကွ ရုဗင်အမျိုးသား၊ ဂဒ်အမျိုး သားတို့အား ငါပေး၏။

  5. ဂိလဒ်တောင်တဝက်နှင့် ဩဃမင်းအစိုးရသော နိုင်ငံအဝင်၊ အလွန်ကြီးမားသော လူမျိုးနေရာဟူ၍ ခေါ်ဝေါ်သော အာဂေါဘတိုင်း၊ ဗာရှန်ပြည်တပြည် လုံးကို မနာရှေအမျိုးသားတဝက်အား ငါပေး၏။

  6. မနာရှေအမျိုးသား ယာဣရသည်၊ အာဂေါဘ တိုင်း တတိုင်းလုံးကို ဂေရှုရရွာ၊ မာခါရွာအထိ သိမ်းယူ ပြီးမှ၊ ယနေ့တိုင်အောင် မိမိအမည်ကို လိုက်၍ ဗာရှန် ဟာဝုတ်ယာဣရပြည်ဟု သမုတ်လေ၏။

  7. ဂိလဒ်မြို့ကိုကား၊ မာခိရအမျိုးသားတို့အား ငါပေး၏။

  8. ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့အားလည်း၊ ဂိလဒ်မြို့မှ အာနုန်မြစ်တိုင်အောင်၊ မြစ်ကွေ့သော မြေနှင့် တကွ၊ အမ္မုန်ပြည်အပိုင်းအခြားဖြစ်သော ယဗ္ဗုတ်မြစ် တိုင်အောင် မြေတရှောက်လုံးကို၎င်း၊

  9. လွင်ပြင်နှင့်တကွ ယော်ဒန်မြစ်နား၊ ဂနေသရက် အရပ်မှ လွင်ပြင်နှင့်ဆိုင်သော သောဒုံအိုင်အရှေ့၊ အာဇုတ်ဝိသဂါမြို့တိုင်အောင်၊ မြေတရှောက်လုံးကို၎င်း ငါပေး၏။

  10. ထိုအခါ ထာဝရဘုရားက၊ အရင်ကျောက်ပြား နှစ်ပြားနည်းတူ၊ ကျောက်ပြားနှစ်ပြားကို ခုတ်ဦးလော့။ ငါရှိရာသို့ တက်လာလော့။ သေတ္တာကိုလည်း လုပ်လော့။

  11. သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါ သည်အတိုင်း၊ နောက်ကျောက်ပြားပေါ်မှာ ငါရေးထားဦး မည်။ သင်သည် ထိုကျောက်ပြားကို သေတ္တာထဲမှာ ထားရမည်ဟု ငါ့အား မိန့်တော်မူ၏။

  12. ငါသည်လည်း၊ အကာရှသစ်သားဖြင့် သေတ္တာ ကို လုပ်၍၊ အရင်ကျောက်ပြားနည်းတူ ကျောက်ပြား နှစ်ပြားကို ခုတ်ပြီးမှ၊ ထိုကျောက်ပြားကို ကိုင်လျက် တောင်ပေါ်သို့ တက်လေ၏။

  13. သင်တို့စည်းဝေးသောနေ့၌ ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲက မိန့်မြွက်တော်မူသော ပညတ် တော်ဆယ်ပါးတို့ကို၊ အရင်စာ၌ လာသည်အတိုင်း၊ ထာဝရဘုရားသည် ရေးထား၍ ငါ့အားပေးတော်မူ၏။

  14. ငါသည်လည်း လှည့်၍ တောင်ပေါ်က ဆင်းသ ဖြင့်၊ လုပ်ပြီးသော သေတ္တာထဲ၌ ထိုကျောက်ပြားကို ထား၍၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ထိုသေတ္တာထဲ၌ ယခုရှိ၏။

  15. ထိုနောက်၊ မောရှေသည် မောဘလွင်ပြင်မှ သွား၍ ယေရိခေါမြို့တဘက်၊ နေဗောတောင်၊ ပိသဂါထိပ် ပေါ်သို့ တက်သဖြင့်၊ ထာဝရဘုရားသည် ဒန်မြို့တိုင် အောင်၊ ဂိလဒ်ပြည် တရှောက်လုံး၊

  16. နဿလိပြည် တရှောက်လုံး၊ ဧဖရိမ်ပြည်၊ မနာ ရှေပြည်နှင့်တကွ အဝေးဆုံးသော ပင်လယ်တိုင်အောင်၊ ယုဒပြည်တရှောက်လုံး၊

  17. တောင်ပြည်နှင့်တကွ ဇောရမြို့တိုင်အောင် စွန်ပလွံမြို့တည်းဟူသော ယေရိခေါမြို့တည်သော ချိုင့် နှင့် လွင်ပြင်တို့ကို ပြတော်မူ၏။

  18. ထာဝရဘုရားကလည်း၊ ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆို၍ သင်၏အမျိုးအနွယ် အား ငါပေးမည်ဟု ဂတိထားသောပြည်ကို ကြည့်လော့။ သင်သည် ကိုယ်မျက်စိနှင့်မြင်ရသော အခွင့်ကို ငါပေး၏။ သို့ရာတွင် ကူး၍မသွားရဟု မိန့်တော်မူ၏။

  19. အဲဂုတ္တုပြည်၌ ပြုတော်မူသော အံ့ဩဘွယ်တို့ကို ဘိုးဘေးတို့သည် နားမလည်ကြ။ များစွာသော ကရုဏာ တော်ကို မအောက်မေ့ကြ။ ပင်လယ်နား၊ ဧဒုံပင်လယ်နား မှာ ပုန်ကန်ကြပါ၏။

  20. သို့သော်လည်း၊ မဟာတန်ခိုးတော်ကို ထင်ရှား စေခြင်းငှါ၊ နာမတော်၏အကြောင်းကြောင့် သူတို့ကို ကယ်တင်တော်မူ၏။

  21. ဧဒုံပင်လယ်ကို ဆုံးမတော်မူ၍၊ ပင်လယ်ရေ သည် ခန်းခြောက်လေ၏။ တော၌ ပို့ဆောင်သကဲ့သို့ နက်နဲရာအရပ်၌ သူတို့ကို ပို့ဆောင်တော်မူ၏။

  22. မုန်းသောသူ၏လက်မှ သူတို့ကို ကယ်တင်၍၊ ရန်သူ၏လက်မှ ရွေးနှုတ်တော်မူ၏။

  23. ရန်သူတစုံတယောက်ကိုမျှ မကျန်ရစ်စေခြင်းငှါ၊ ရေသည် လွှမ်း မိုးလေ၏။

  24. ထိုအခါ စကားတော်ကို ယုံ၍ ဂုဏ်ကျေးဇူး တော်ကို သီချင်းဆိုကြ၏။

  25. သို့သော်လည်း၊ အမှုတော်ကို အလျင်အမြန် မေ့လျော့သည်ဖြစ်၍၊ အကြံအစည်တော်ကို မဆိုင်းမလင့် ဘဲ၊