အကြောင်းအရာသို့ ကျော်သွားရန်

Journey of Israel Through The Desert အကြောင်း ကျမ်းစာအခန်းငယ်များ: Arad conquered

3 အခန်းငယ် · 177 ရှုထောင့်

"Journey of Israel Through The Desert" ကို ရှာဖွေရန်

Arad conquered အကြောင်း အခန်းငယ်များ

  1. ဣသရေလအမျိုးသည် အသရိမ်လမ်းဖြင့် လာကြသည်သိတင်းကို တောင်မျက်နှာ၌နေသော ခါနာန် အမျိုး အာရဒ်မင်းကြီးကြားလျှင်၊ ဣသရေလအမျိုးကို စစ်တိုက်၍ လူအချို့တို့ကို ဘမ်းဆီးသိမ်းသွားလေ၏။

  2. ဣသရေလအမျိုးကလည်း၊ ကိုယ်တော်သည် ဤလူမျိုးကို အကျွန်ုပ်တို့လက်သို့ အပ်တော်မူလျှင်၊ သူတို့ မြို့များကို ရှင်းရှင်းဖျက်ဆီးပါမည်ဟု ထာဝရဘုရားအား သစ္စာဂတိပြုလေ၏။

  3. ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး၏ စကားကို နားထောင်၍၊ ထိုခါနာန်အမျိုးသားတို့ကို အပ်တော်မူ၏။ သူတို့နှင့် သူတို့မြို့များကို ဣသရေလ လူတို့သည် ရှင်းရှင်းဖျက်ဆီး၍၊ ထိုအရပ်ကို ဟော်မာ အမည်ဖြင့် သမုတ်ကြ၏။