အကြောင်းအရာသို့ ကျော်သွားရန်

Journey of Israel Through The Desert အကြောင်း ကျမ်းစာအခန်းငယ်များ

759 အခန်းငယ် · 177 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. နေဗော၊ ဗာလမောန၊ ရှိဗမမြို့များကို အသစ် သောအမည်ဖြင့် သမုတ်၍ တည်ကြ၏။

  2. မနာရှေမှ ဆင်းသက်သော မာခိရအမျိုးသား တို့သည်၊ ဂိလဒ်မြို့သို့ သွား၍သိမ်းယူပြီးလျှင်၊ အရင် မြို့သား အာမောရိလူတို့ကို နှင်ထုတ်ကြ၏။

  3. မောရှေသည် ဂိလဒ်မြို့ကို မနာရှေ၏သား မာခိရအမျိုးသားတို့အား ပေး၍ သူတို့သည် နေကြ၏။

  4. မနာရှေအမျိုးသား ယာဣရသည်လည်း သွား၍ ဂိလဒ်ရွာများကို သိမ်းယူပြီးမှ၊ ဟာဝုတ်ယာဣရ အမည် ဖြင့် သမုတ်လေ၏။

  5. နောဗာသည်လည်း သွား၍ ကေနတ်မြို့ရွာတို့ကို သိမ်းယူပြီးမှ၊ မိမိအမည်ဖြင့် နောဗာမြို့ဟု သမုတ် လေ၏။

  6. ဟာရှမောနအရပ်မှပြောင်း၍ မောသရုတ် အရပ်၌ စားခန်းချကြ၏။

  7. မောသရုတ်အရပ်မှပြောင်း၍ ဗင်္ယာကန်အရပ် ၌ စားခန်းချကြ၏။

  8. ဗင်္ယာကန်အရပ်မှပြောင်း၍ ဟောရဂိဒ်ဂဒ် အရပ်၌ စားခန်းချကြ၏။

  9. ယောသပ်အမျိုးဖြစ်သော မနာရှေနှင့် မာခိရတို့ မှ ဆင်းသက်သော ဂိလဒ်၏သား အဆွေအမျိုးသူကြီး တို့သည်၊ မောရှေအစရှိသော ဣသရေလအမျိုးသား အဆွေအမျိုး သူကြီးတို့ထံသို့ လာ၍၊

  10. အကျွန်ုပ်တို့သခင်သည် စာရေးတံချသဖြင့်၊ ဣသရေလအမျိုးသားတို့အား ခါနာန်ပြည်ကို အမွေပေး စေခြင်းငှါ၎င်း၊ အကျွန်ုပ်တို့အစ်ကို ဇလောဖဒ်၏ အမွေမြေကို သူ၏သမီးတို့အား ပေးစေခြင်းငှါ၎င်း၊ ထာဝရဘုရားအမိန့်တော် ရှိပါ၏။

  11. ထိုမိန်းမတို့သည် မိမိအမျိုးမှတပါး၊ အခြားသော ဣသရေလအမျိုးသားနှင့် စုံဘက်လျှင်၊ သူတို့အမွေမြေကို အကျွန်ုပ်တို့ မိဘအစဉ်အဆက် အမွေမှနှုတ်၍ သူတို့ ဝင်သောအမျိုး၏ အမွေထဲ၌ ပါသွားသဖြင့်၊ အကျွန်ုပ်တို့ အမွေမြေသည် လျော့ပါလိမ့်မည်။

  12. ဣသရေလအမျိုးသား တို့၌ ယုဘိလနှစ်ရောက်သောအခါ၊ သူတို့အမွေမြေသည် သူတို့ဝင်သောအမျိုး၏ အမွေ၌ အမြဲတည်သဖြင့်၊ အကျွန်ုပ်တို့၏ မိစဉ်ဘဆက် အမွေမှ အစဉ်နှုတ်လျက် ရှိပါလိမ့်မည်ဟု လျှောက်ထားကြ၏။

  13. ထိုအခါ မောရှေသည် ထာဝရဘုရား၏ အမိန့် တော်အတိုင်း၊ ဣသရေလအမျိုးသားတို့အား မှာထားလေ သည်မှာ၊ ယောသပ်အမျိုးသားတို့၏ စကားသည် လျောက်ပတ်ပေ၏။

  14. ဇလောဖဒ်သမီးတို့၏ အမှု၌ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် အလိုရှိသောသူနှင့် စုံဘက်ပါလေစေ။ သို့ရာတွင် မိစဉ်ဘဆက် အမျိုးသားမှ တပါး၊ အခြားသူနှင့် စုံဘက်ခြင်းကို မပြုစေနှင့်။

  15. ဣသရေလအမျိုးသားတို့၏ အမွေမြေသည် တမျိုးမှတမျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အပေါင်းတို့သည်၊ အသီးအသီး မိမိတို့မိစဉ်ဘဆက် အမွေမြေ၌ မေရကြမည်။

  16. ဣသရေလအမျိုး တစုံတမျိုး၌ အမွေမြေရှိ သော မိန်းမသည် မိမိတို့ မိစဉ်ဘဆက် အမျိုးသားနှင့် စုံဘက်ရမည်။ ထိုသို့ ဣသရေလအမျိုးသား အသီး အသီးတို့သည် မိမိတို့ မိစဉ်ဘဆက်အမွေမြေကို ခံစား ရကြမည်။

  17. အမွေမြေသည် တမျိုးမှတမျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့အမွေ မြေ၌ နေကြရမည်ဟု မိန့်တော်မူ၏။

  18. ထိုအခါ သင်တို့အား ငါပြောသည်ကား၊ သင်တို့ အမှုကို ငါတယောက်တည်း မထမ်းနိုင်။

  19. သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို များပြားစေတော်မူ၍၊ သင်တို့သည် အရေ အတွက်အားဖြင့် ကောင်းကင်ကြယ်ကဲ့သို့ ယနေ့ ဖြစ်ကြ၏။

  20. သင်တို့အဘများ၏ ဘုရားသခင် ထာဝရဘုရား သည် သင်တို့ကို အဆအထောင်အားဖြင့် များပြားစေ တော်မူပါစေသော။ ဂတိတော်ရှိသည်အတိုင်း ကောင်း ကြီးပေးတော်မူပါစေသော။

  21. သင်တို့ပင်ပန်းခြင်း၊ အမှုဆောင်ရွက်ခြင်း၊ ရန် တွေ့ခြင်းဝန်ကို ငါတယောက်တည်း အဘယ်သို့ ထမ်းနိုင် မည်နည်း။

  22. ဉာဏ်ပညာနှင့်ပြည့်စုံ၍ အသရေရှိသောသူတို့ ကို သင်တို့အမျိုးများထဲက ရွေးပေးကြလော့။ သူတို့ကို မင်းအရာ၌ ငါခန့်ထားမည်ဟု ပြောဆိုလျှင်၊

  23. သင်တို့က ကိုယ်တော်ပြောသည်အတိုင်း ပြုကောင်း ပါသည်ဟု ပြန်ဆိုကြ၏။

  24. ထိုကြောင့် သင်တို့အမျိုးများ၌ အသရေရှိသော လူကြီး၊ ပညာရှိတို့ကို ငါရွေးချယ်ပြီးလျှင်၊ သင်တို့တွင် မင်းလုပ်ရသောသူတည်း ဟူသော လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ်၊ အကြပ်အဆော် အရာ၌ ခန့်ထား၏။

  25. သင်တို့ကလည်း၊ အကျွန်ုပ်တို့သည် ထာဝရ ဘုရားကို ပြစ်မှားမိပါပြီ။ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း၊ ယခုသွား၍ စစ်တိုက်ပါမည်ဟု ငါ့အား လျှောက်ဆိုလျက်၊ လူအပေါင်း တို့သည် လက်နက်စွဲကိုင်လျက်၊ တောင်ပေါ်သို့ တက်ခြင်း ငှါ အသင့်နေကြ၏။