အကြောင်းအရာသို့ ကျော်သွားရန်

God အကြောင်း ကျမ်းစာအခန်းငယ်များ

662 အခန်းငယ် · 46 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အကျွန်ုပ်ထလျှင် ကိုယ်တော်သည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ်အပေါ်သို့ ခုန်၍ ကြောက်မက်ဘွယ်သော အခြင်းအရာတို့ကို ပြတော်မူ၏။

  2. အကျွန်ုပ်တဘက်၌ သက်သေခံတော်မူချက် များပြား၍၊ အမျက်တော်ကို တိုးပွါးစေခြင်းငှါ ပြုတော် မူသဖြင့်၊ အကျွန်ုပ်တဘက်၌ ရန်စစ်တို့သည် အထပ် ထပ်ထကြပါ၏။

  3. အကျွန်ုပ်ကို အမိဝမ်းထဲက အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ ထိုသို့ပြုတော်မမူလျှင် အကျွန်ုပ် သည်အသက်မရှိ၊ အဘယ်သူမျှ အကျွန်ုပ်ကိုမမြင်ရပါ။

  4. သားမျိုးနှင့်မိုဃ်းကောင်းကင်ငှက်တို့ကို မေးမြန်း လော့။ သူတို့သည် ဟောပြောသွန်သင်ကြလိမ့်မည်။

  5. မြေကြီးနှင့် ပင်လယ်ငါးတို့ကို မေးမြန်းလော့။ သူတို့သည် ပြသ၍ ဥပဒေသပေးကြလိမ့်မည်။

  6. ဤအမှုတို့ကို ထာဝရဘုရားစီရင်တော်မူ ကြောင်းကို၊ ထိုတိရစ္ဆာန်တကောင်မျှ မသိဘဲနေသလော။

  7. အသက်ရှင်သောသတ္တဝါအပေါင်းတို့၏ ဇိဝ အသက်နှင့် လူသတ္တဝါခပ်သိမ်းတို့၏ ထွက်သက်ဝင်သက် သည် ဘုရားသခင့်လက်တော်၌ ရှိ၏။

  8. ခံတွင်းသည်အစာကိုမြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းသည် မဟုတ်လော။

  9. အသက်အရွယ်ကြီးသော သူတို့သည် ဉာဏ်ပညာနှင့် ပြည့်စုံကြ၏။

  10. ဘုရားသခင်မူကား၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံတော်မူ၏။ ပညာသတ္တိကို ပေးနိုင်သော အခွင့်ရှိတော်မူ၏။

  11. ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှ တည်ဆောက်ရသော အခွင့်မရှိ။ လူကို ချုပ်ထားသော်မူလျှင် အဘယ်သူမျှ လွှတ်ရသောအခွင့်မရှိ။

  12. ရေများကို ဆီးတားပိတ်ပင်တော်မူလျှင် ခန်းခြောက်ရ၏။ တဖန် လွှတ်တော်မူ၍ မြေကြီးကို လွှမ်းမိုး ကြ၏။

  13. တန်ခိုးတော်၊ ဉာဏ်တော်နှင့်ပြည့်စုံ၍၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ၏။

  14. တိုင်ပင်မှူးမတ်တို့ကို ဘမ်းဆီးသိမ်းသွားတော်မူ၏။ တရားသူကြီးတို့ကို ရူးသွပ်စေတော်မူ၏။

  15. ရှင်ဘုရင်တို့ကို အရာမှချ၍ ခါးကြိုးနှင့် ချည်တော်မူ၏။

  16. ယဇ်ပုရောဟိတ်တို့ကို ဘမ်းဆီးသိမ်းသွား၍၊ သူရဲတို့ကိုလည်း ရှုံးစေတော်မူ၏။

  17. နှုတ်သတ္တိရှိသော သူတို့ကို စကားအစေ၍၊ အသက်ကြီးသော သူတို့မှပညာကို နှုတ်တော်မူ၏။

  18. မိုဃ်းကောင်းကင်ကို လွတ်လပ်လဟာ၌ ကြက် တော်မူ၏။ မြေကြီးကိုအခုအခံမရှိ ဆွဲထားတော်မူ၏။

  19. ထူထပ်သော မိုဃ်းတိမ်တော်နှင့် ရေကို ထုပ်တော်မူ၍၊ မိုဃ်းတိမ်သည် မစုတ်မပြတ်နေ၏။

  20. မိုဃ်းတိမ်တော်ကို ဖြန့်၍ ပလ္လင်တော်မျက်နှာကို ဖုံးအုပ်တော်မူ၏။

  21. အလင်းနှင့်အမိုက်ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။

  22. ဆုံးမတော်မူခြင်းကြောင့်၊ မိုဃ်းကောင်းကင်တိုင် တို့သည် တုန်လှုပ်၍ မိန်းမောတွေဝေလျက်နေကြ၏။

  23. တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော် မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော် မူ၏။

  24. ဝိညာဉ်တော်အားဖြင့် မိုဃ်းကောင်းကင် တန်ဆာများကိုပြင်၍၊ လျင်မြန်သောနဂါးကို ကင်တန် ဆာများကိုပြင်၍၊ လျင်မြန်သော နဂါးကိုလည်း ဖန်ဆင်း တော်မူ၏။

  25. ဤရွှေ့ကား၊ အမှုတော်အရိပ်အမြွက်သာဖြစ်၏။ စကားတော် အသံအနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုဃ်းကြိုးသံကို အဘယ်သူနားလည်နိုင် သနည်းဟု မြွက်ဆို၏။