အကြောင်းအရာသို့ ကျော်သွားရန်

God အကြောင်း ကျမ်းစာအခန်းငယ်များ

662 အခန်းငယ် · 46 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အကြောင်းမူကား၊ ဘုရားသခင်သည် ပညာမဲ့ စေခြင်းငှါ ဖန်ဆင်းတော်မူ၏။ ဉာဏ်ကိုပေးတော်မမူ။

  2. သို့သော်လည်း ကိုယ်ကို ချီကြွသောအခါ၊ မြင်းနှင့်မြင်းစီးသော သူကိုပင် ရယ်တတ်၏။

  3. သင်သည် မြင်းကိုခွန်အားနှင့် ပြည့်စုံစေသလော။ သူ၏လည်ပင်း၌ မိုဃ်းကြိုးလက္ခဏာကို သွင်းသလော။

  4. ကျိုင်းကောင် ခုန်သကဲ့သို့ ခုန်တတ်စေသလော။ သူ၏နှာခေါင်းမြည်သံသည် ကြောက်မက်ဘွယ်ဖြစ်၏။

  5. လွင်ပြင်ကိုယက်၍၊ မိမိခွန်အား၌ ဝါကြွားလျက်၊ သူရဲများကို တွေ့အံ့သောငှါ သွားတတ်၏။

  6. ကြောက်စရာအကြောင်းကို ကဲ့ရဲ့၍၊ ကြောက် လန့်သောသဘောနှင့် ကင်းလွတ်သဖြင့်၊ ထားဘေးကို မရှောင်တတ်။

  7. သူ့တဘက်၌ မြှားတောင့်လှုပ်သံမြည်၍၊ လှံနှင့် ဒိုင်းလွှားသည် ပြောင်လက်လျက်ရှိ၏။

  8. မာနကြီး၍ပြင်းထန်သော စိတ်နှင့် မြေကို မျိုတတ်၏။ တံပိုးသံကို ကြားသောအခါ၊ ငြိမ်ဝပ်စွာ မနေနိုင်။

  9. တံပိုးများ အလယ်သို့ရောက်၍ အေ့ဟေ၊ အေ့ဟေဟုဆိုတတ်၏။ ဗိုလ်မြေအော်ဟစ်၍ အသံဗလံ ပြုခြင်းနှင့်တကွ၊ စစ်တိုက်ပွဲကို အဝေးက အနံ့ခံတတ်၏။

  10. သင်ပေးသော ဉာဏ်အားဖြင့် သိမ်းငှက်သည် အတောင်ကို ဖြန့်၍ တောင်မျက်နှာသို့ ပျံသွားတတ် သလော။

  11. သင်စီရင်သောကြောင့် ရွှေလင်းတသည် အထက်သို့တက်၍၊ မြင့်သောအရပ်၌ အသိုက်ကို လုပ်တတ်သလော။

  12. သူသည် ကျောက်ပေါ်မှာနေ၍ တောင်ထိပ်နှင့် ကျောက်ငူပေါ်မှာ နေရာကျတတ်၏။

  13. ထိုအရပ်ကကြည့်၍ ကိုက်စားစရာအကောင်ကို အဝေးကပင် မြင်တတ်၏။

  14. သူ၏သားငယ်တို့သည် အသွေးကို သောက်တတ်၏။ အသေကောင်ရှိရာအရပ်၌ ထိုငှက်ရှိသည်ဟု မိန့်တော်မူ၏။

  15. တဖန်ထာဝရဘုရားက၊ အနန္တတန်ခိုးရှင်ကို ဆုံးမသော သူသည် ဆန့်ကျင်ဘက်ပြုဦးမလော။

  16. ဘုရားသခင်ကို အပြစ်တင်သော သူသည် ပြန်ပြောစေတော့ဟု ယောဘအား မိန့်တော်မူလျှင်၊

  17. ယောဘက အကျွန်ုပ်သည် ဆိုးယုတ်ပါ၏။

  18. ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည်။

  19. တကြိမ်ပြောမိပါပြီ။ တဖန်မပြောဝံ့ပါ။ နှစ်ကြိမ်တိုင်အောင် ပြောမိပါပြီ။ သို့ရာတွင် ထပ်၍မပြောဝံ့ပါဟု ထာဝရဘုရားအား ပြန်၍ လျှောက်လေ၏။

  20. တဖန်ထာဝရဘုရားသည် မိုဃ်းသက်မုန်တိုင်း ထဲက ယောဘအား မိန့်တော်မူသည်ကား၊

  21. လူယောက်ျားကဲ့သို့ သင်၏ခါးကိုစည်းလော့။ ငါမေးမြန်း သောပြဿနာတို့ကို ဖြေလော့။

  22. သင်သည် ငါတရားစီရင်ချက်ကို ပယ်မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန်ရှိစေခြင်းငှါ၊ ငါကိုအပြစ်ရှိသည်ဟု စီရင်မည်လော။

  23. သင်သည်ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။

  24. ထူးဆန်းသော ဘုန်းတန်ခိုးအာနုဘော်ကို ဝတ်ဆောင်လော့။ တင့်တယ်သော ဂုဏ်အသရေနှင့် တန်ဆာဆင်လော့။

  25. သင်၏အမျက်အရှိန်ကို လွှတ်လော့။ မာန ထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချ လော့။