အကြောင်းအရာသို့ ကျော်သွားရန်

Beneficence အကြောင်း ကျမ်းစာအခန်းငယ်များ

93 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငါရောက်လာသောအခါ လှူဒါန်း၍ စုထားစရာ မရှိစေခြင်းငှါ၊ ခုနစ်ရက်တွင် ပဌမနေ့ရက်၌ အသီးအသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ဥစ္စာတဘို့ကို ထုတ်၍ စုထားကြလော့။

  2. ငါရောက်လာသောအခါ၊ သင်တို့အလိုရှိသော သူတို့ကို ငါသည် လက်မှတ်စာပေး၍၊ သင်တို့လှူသော အလှူကို ယေရုရှလင်မြို့သို့ ပို့စိမ့်သောငှါ စေလွှတ်မည်။

  3. ညီအစ်ကိုတို့၊ ဘုရားသခင်သည် မာကေဒေါနိပြည်၌ ရှိသော အသင်းတော်များတို့အားပြုတော်မူသော ကျေးဇူတော်အကြောင်းကို ငါတို့သည်သင်တို့အား ကြားပြောကြ၏။

  4. ထိုအသင်းတော်တို့သည် ညှဉ်းဆဲခြင်းအားဖြင့် များစွာသော စုံစမ်းခြင်းကို ခံရသော်လည်း၊ အလွန်ကြီး သော ဝမ်းမြောက်ခြင်းနှင့်၊ ဥစ္စာပြုန်းတီးသော ဆင်းရဲခြင်းအကြောင်းသည်၊ သူတို့၏စွန့်ကြဲပေးကမ်းခြင်း စည်းစိမ်ကို ဖြစ်စေ၍ကြွယ်ဝပြည့်စုံ၏။

  5. အကြောင်းမူကား၊ သူတို့သည်တတ်နိုင်သမျှ ထက်မက၊ အလိုအလျှောက်စွန့်ကြဲချင်သော စေတနာ စိတ်ရှိကြသည်ဟု ငါသည်သက်သေခံ၏။

  6. သူတို့အလှူဒါနကို ငါတို့သည်ယူ၍ သူတို့နှင့် ကူညီလျက်၊ သန့်ရှငိးသူတို့အားလုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့သည် တိုက်တွန်း သွေးဆောင်သော စကားများအားဖြင့် ငါတို့ကို တောင်းပန် ကြ၏။

  7. ထိုသို့ပြုကြသော်၊ ငါတို့မြော်လင့်သည်အတိုင်းထက်မကပြု၍၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ရှေးဦးစွာသခင်ဘုရား၌၎င်း၊ ငါတို့၌၎င်း၊ မိမိတို့ကိုမိမိတို့ လှူကြ၏။

  8. ထိုကြောင့် တိတုသည်သင်တို့၌ အဦးပြုနှင့်သကဲ့သို့ ထိုအလှူကျေးဇူးကို ပြီးစီးစေမည်အကြောင်း၊ ငါတို့သည်သူ့ကိုတောင်းပန်ကြ၏။

  9. ထိုသို့နှင့်အညီသင်တို့သည် ယုံကြည်ခြင်း၊ တရာဟောခြင်း၊ ဉာဏ်ရှိခြင်း၊ အမျိုးမျိုးသောသတိနှင့် ပြည့်စုံခြင်း၊ ငါတို့ကိုချစ်ခြင်းမှ စသော အလုံးစုံတို့နှင့် ကြွယ်ဝပြည့်စုံသည်ဖြစ်၍ ထိုကျေးဇူးနှင့်လည်း ကြွယ်ဝ ပြည်စုံခြင်းဖြစ်စေသတည်း။

  10. ထိုသို့ဆိုသော်၊ ပညတ်အားဖြင့် ငါဆိုသည် မဟုတ်။ အခြားသောသူတို့၏ ကြိုးစားအားထုတ်ခြင်းကို အစွဲပြု၍၊ သင်တို့၏မေတ္တာသည် မှန်သည်မမှန်သည်ကို စုံစမ်းသောအားဖြင့်ဆိုသတည်း။

  11. အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကိုခံတော်မူသော ကျေးဇူးတော်ကို သင်တို့ သိကြ၏။

  12. ဤအမှု၌ငါသည် ကိုယ်သဘောကိုပြ၏။ မနှစ်ကပင်အဦးပြုသည်သာမက၊ စေတနာစိတ်နှင့် ပြည့်စုံသောသင်တို့သည် ဤအမှုကိုပြီးစေလျှင် သာ၍ ကောင်းလိမ့်မည်။

  13. သို့ဖြစ်၍၊ အထက်ကစေတနာရှိသည်နှင့်အညီ၊ ယခုတွင်သင်တို့သည် တတ်နိုင်သည်အတိုင်းပြု၍ ဤအမှုကို ပြီးစီးစေကြလော့။

  14. အကြောင်းမူကား၊ စေတနာစိတ်သည် အသင့်ရှိလျှင်၊ မတတ်နိုင်သောအမှုကိုမထောက်ဘဲ၊ တတ်နိုင်သောအမှုကိုထောက်၍ နှစ်သက်တော်မူဘွယ်ဖြစ်၏။

  15. ဤအမူရာ၌ အခြားသောသူတို့သည် ချမ်းသာရ၍ သင်တို့သည်ဆင်းရဲစေခြင်းငှါ ငါအကြံရှိသည် မဟုတ်။

  16. များများရသောသူမပို။ နည်းနည်းရသော သူမလိုဟူသောကျမ်း စကားနှင့်အညီ၊

  17. မျှခြင်းတရားကိုထောက်၍၊ ယခု၌ သင်တို့၏ စည်းစိမ်သည် သူတို့၏ဆင်းရဲကို မစသဖြင့်၎င်း၊ နောင်၌ သူတို့၏စည်းစိမ်သည် သင်တို့၏ဆင်းရဲကို မစသဖြင့် ၎င်း၊ အညီအမျှဖြစ်စေခြင်းငှါ ငါအကြံရှိ၏။

  18. သန့်ရှင်းသူတို့ကို လုပ်ကျွေးခြင်၏ အမူအရာများကို သင်တို့အား ငါရေး၍ကြားလိုက်သော် အကျိုးမရှိ။

  19. အကြောင်းမူကား၊ သင်တို့၏ စေတနာစိတ်ကိုငါသိ၏။ သင်တို့၌ရှိသော ထိုစေတနာစိတ်ကို ငါဝါကြွား၍ အခါယပြည်သူပြည်သားတို့သည် မနှစ်ကပင် အသင့်ရှိကြပြီဟု မာကေဒေါနိလူတို့အား ငါဆို တိတ်၏။ ထိုသို့ သင်တို့ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာသည် အများသောသူတို့ကို နှိုးဆော် တိုက်တွန်းလေပြီ။

  20. သို့သော်လည်းငါတို့သည် သင်တို့ကို ဝါကြွားသော စကားသည် ဤအမှု၌ အချည်းနှီး မဖြစ်စေဘဲ၊ ထိုစကားနှင့်အညီ သင်တို့သည်အသင့် ရှိစေခြင်းငှါ ညီအစ်ကိုအချို့ကို ငါစေလွှတ်၏။

  21. သို့မဟုတ် မာကေဒေါနိလူတို့သည် ငါနှင့်အတူ လာ၍ သင်တို့သည်အသင့်မရှိကြသည်ကိုတွေ့လျှင်၊ သင်တို့ရှက်ကြလိမ့်မည်ဟု မဆိုဘဲ၊ ငါတို့သည် ရဲရင့်စွာ ဝါကြွားခဲ့ပြီးသည်ကို အရှက်ခံရကြလိမ့်မည်။

  22. ထိုကြောင့် အထက်က ကြားပြောသော သင်တို့၏ အလှူကျေးဇူးသည် အနိုင်အထက်လှူရသော ဥစ္စာ ကဲ့သို့မဟုတ်။ အလှူကျေးဇူးကဲ့သို့ အသင့်ရှိစေခြင်းငှါ၊ ညီအစ်ကိုတို့သည် သင်တို့ဆီသို့အရင်သွားစေ၍ ထို အလှူကျေးဇူးကို အရင်ပြည့်စုံစေခြင်းငှါ၊ ငါသည် မတိုက်တွန်းဘဲ မနေကောင်းဟုသဘောရှိ၏။

  23. အနည်းငယ်သောမျိုးစေ့ကိုကြဲသောသူသည် စပါးအနည်းငယ်သာရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့။

  24. လူတိုင်း ကိုယ်အလိုအလျှောက်လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသော သူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။

  25. ကျမ်းစာလာသည်ကား၊ သူသည်စွန့်ကြဲပြီ၊ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။