အကြောင်းအရာသို့ ကျော်သွားရန်

Armies အကြောင်း ကျမ်းစာအခန်းငယ်များ

207 အခန်းငယ် · 77 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှုရိပြည်သည် ဧဖရိမ်ပြည်ကို အမှီပြုသည်ဟု ဒါဝိဒ်မင်းမျိုးကြားသောအခါ၊ တော်၌သစ်ပင်တို့သည် လေကြောင့် လှုပ်ရှားသကဲ့သို့၊ မင်းကြီး၏နှလုံးနှင့် ပြည် သားတို့၏နှလုံးသည် တုန်လှုပ်လျက်ရှိကြ၏။

  2. ထိုအခါ ထာဝရဘုရားသည် ဟေရှာယကို မိန့် တော်မူသည်ကား၊ သင်သည်သင်၏သား ရှာယာရှုပ်နှင့် အတူသွား၍၊ ခဝါသည်၏ လယ်နားမှာ ရှောက်သော လမ်း၊ အထက်ရေကန် ပြွန်ဝ၌အာခတ်မင်းကို ကြိုဆို၍ တွေ့လျှင်၊ ဆင့်ဆိုရမည်မှာ၊

  3. သတိပြု၍ ငြိမ်သက်စွာနေလော့။ မီးခိုးထွက် သော ဤထင်းစနှစ်ခုတည်းဟူသော၊ ရှုရိမင်းရေဇိန်နှင့် ရေမလိ၏သားတို့သည် ပြင်းစွာအမျက်ထွက်သော်လည်း၊ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်။

  4. ရှုရိပြည်၊ ဧဖရိမ်ပြည်၊ ရေမလိသားတို့က၊

  5. ငါတို့သည် တိုက်ယူ၍ ပြည်အလယ်မှာ တဗာလ ၏သားကို မင်းအရာ၌ ခန့်ထားကြကုန်အံ့ဟု သင့်ဘက်၌ မကောင်းသောအကြံကို ကြံကြသော်လည်း၊

  6. ဘုရားရှင် ထာဝရဘုရားက၊ ထိုအကြံမတည်ရ။ ထိုသို့မဖြစ်ရ။

  7. ရှုရိပြည်၏ခေါင်းကား၊ ဒမာသက်မြို့။

  8. ဒမာသက်မြို့၏ ခေါင်းကား၊ ဧဖရိမ်ပြည်၏ ခေါင်းကား၊ ရှမာရိမြို့။ ရှာမာရိမြို့၏ခေါင်းကား၊ ရေမလိ သားဖြစ်ရ၏။ သို့သော်လည်း၊ခြောက်ဆယ်ငါးနှစ်အတွင်း တွင်၊ ဧဖရိမ်ပြည်ကို ပြည်မဖြစ်စေခြင်းငှါ၊ ချိုးဖဲ့လိမ့်မည်။ သင်တို့သည် မယုံလျှင်၊ မတည်ရကြဟု မိန့်တော်မူ၏။

  9. အချင်းလူများတို့၊ သင်းဖွဲ့၍မှိုင်တွေကြလော့။ ဝေး သောပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ ခါးစည်း၍ မှိုင်တွေကြလော့။ ခါးစည်း၍ မှိုင်တွေကြ လော့။

  10. တိုင်ပင်ကြလော့။ သင်တို့အကြံသည် ပျက်လိမ့်မည်။ စီရင်ကြ လော့။ စီရင်သည်အတိုင်း မတည်ရ။ အကြောင်းမူကား၊ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူ၏။

  11. ဤလူမျိုး၏ ဘာသာဓလေ့အတိုင်း၊ ငါမကျင့်ရ မည်အကြောင်း၊ ထာဝရဘုရားသည် တန်ခိုးပြလျက်၊ ငါ့ကို သွန်သင်၍မိန့်တော်မူသည်ကား၊

  12. သင်းဖွဲ့ခြင်းဟု၊ ဤလူမျိုးဆိုသမျှအတိုင်း၊ သင်တို့ သည် သင်းဖွဲ့ခြင်းဟု မဆိုကြနှင့်။ သူတို့ကြောက်တတ် သောအရာကို မကြောက်ကြနှင့်။ မထိန့်လန့်ကြနှင့်။

  13. ဇိအုန်မြို့၌မိန်းမများကို၎င်း၊ ယုဒမြို့ရွာတို့၌ မိန်းမပျိုများကို၎င်း၊ အဓမ္မပြုကြပါ၏။

  14. မှူးမတ်တို့ကို လက်ဖြင့် ဆွဲထားကြပါ၏။ အသက်ကြီးသူတို့ကိုလည်း မရိုသေကြပါ။

  15. လူပျိုတို့သည် ကြိတ်ဆုံကို ထမ်းရကြပါ၏။ သူငယ်တို့သည်လည်း ထင်းအောက်မှာလဲရကြပါ၏။

  16. သင်သည်မိုဃ်းသက်မုန်တိုင်းကဲ့သို့တက်လာ၍၊ သင်၌ပါသော သမျှသော တပ်သားအလုံးအရင်းနှင့် တကွ၊ ထိုပြည်ကို မိုဃ်းအုံ့သကဲ့သို့ ဖြစ်လိမ့်မည်။

  17. အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုအခါ သင်သည် အရာရာတို့ကို အောက်မေ့၍ မကောင်းသော အကြံကိုကြံစည်လျက်၊

  18. ရွာဇနပုဒ်များသောပြည်၊ မြို့ရိုးမရှိ၊ တံခါး ကျင်နှင့်တံခါးမရှိ၊ စိုးရိမ်စရာအကြောင်းအလျှင်းမရှိ၊ ငြိမ်ဝပ်သောပြည်သားတို့ရှိရာသို့ ငါချီသွား၍၊

  19. သူတို့ဥစ္စာကို လုယက်သိမ်းယူမည်။ အရင် ဆိတ်ညံ၍ ယခုလူနေသောအရပ်တို့ကို၎င်း၊ လူအမျိုးမျိုးထဲက စုဝေးသဖြင့် တိရစ္ဆာန်များနှင့် ဥစ္စာများကိုရတတ်၍၊ ပြည်အလယ်၌နေသောသူတို့ကို၎င်း တိုက်မည်ဟု ကြံစည်လိမ့်မည်။

  20. ရှေဘပြည်သား၊ ဒေဒန်ပြည်သား၊ တာရှု ကုန်သည်များ၊ ခြင်္သေ့ပျိုယူခြင်းငှါ လာသလော။ သူ့ ဥစ္စာကို ဝေငှ၍၎င်း သိမ်းသွားလျက်၊ များစွာသော လုယက်ဖျက်ဆီးခြင်းငှါ အပေါင်းအသင်းကို စုဝေးစေပြီ လောဟု မေးမြန်းကြလိမ့်မည်။

  21. သို့ဖြစ်၍၊ အချင်းလူသား၊ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဂေါဂအားဆင့်ဆို ရမည်မှာ၊ ငါ၏လူ ဣသရေလအမျိုးသားတို့သည် ငြိမ်ဝပ် စွာနေသောအခါ သင်သည်သိ၍၊

  22. မြင်းစီးသောသူ အလုံးအရင်းအပေါင်း၊ အားကြီး သောစစ်သူရဲအပေါင်းတို့နှင့်တကွ မြောက်မျက်နှာမှ ချီလာမည်။

  23. ပြည်ကို မိုဃ်းအုံ့သကဲ့သို့ ငါ၏လူဣသရေလ အမျိုးသားတို့ကို တက်၍တိုက်လာမည်။ နောင်ကာလတွင် ငါ၏ပြည်တဘက်၌ သင့်ကို ငါဆောင်ခဲ့မည်မဟုတ်လော။ အကြောင်းမူကား၊ အိုဂေါဂ၊ လူအမျိုးမျိုးတို့ မျက်မှောက်၌ သင့်အားဖြင့် ငါသည်ချီးမြှောက်ရာသို့ ရောက်သောအခါ၊ သူတို့သည် ငါ့ကိုသိရကြမည်အကြောင်းတည်း။

  24. ကောင်းကင်ဗိုလ်ခြေတိုင်အောင်ကြီးမား၍၊ ထိုဗိုလ်ခြေအချို့တို့နှင့် ကြယ်အချို့တို့ကို မြေသို့ချ၍ နင်းလေ၏။

  25. ထိုမျှမက၊ ဗိုလ်ခြေသခင်တိုင်အောင် ထောင် လွှားခြင်းကို ပြုလျက်၊ နေ့ရက်အစဉ်ပြုသော ဝတ်ကိုပယ်၍၊ သန့်ရှင်းရာဌာနတော်ကို ရှုတ်ချလေ၏။