Skip to content

Armies အကြောင်း ကျမ်းစာအခန်းငယ်များ: Standing armies

13 အခန်းငယ် · 77 ရှုထောင့်

Standing armies အကြောင်း အခန်းငယ်များ

  1. ယောရှဖတ်သည် အလွန်ခွန်အားတိုးပွား၍၊ ယုဒပြည်၌ရဲတိုက်နှင့် ဘဏ္ဍာတော်မြို့တို့ကို တည်တော် မူ၏။

  2. ယုဒမြို့တို့၌ အမှုအရေးတော်များ၏။ ခွန်အား ကြီးသော စစ်သူရဲတို့သည် ယေရုရှလင်မြို့၌ ရှိကြ၏။

  3. စစ်သူရဲအဆွေအမျိုး အလိုက်ယူသော စာရင်း ဟူမူကား၊ ယုဒအမျိုး ဗိုလ်ချုပ်မင်းအာဒနနှင့် ခွန်အား ကြီးသော စစ်သူရဲသုံးသိန်း၊

  4. စစ်ကဲယောဟနန်နှင့်ခွန်အားကြီးသော စစ်သူရဲ နှစ်သိန်းရှစ်သောင်း၊

  5. စေတနာစိတ်နှင့်ကိုယ်ကို ထာဝရဘုရားအား ပူဇော်သော ဇိခရိသားအာမသိနှင့် ခွန်အားကြီးသော စစ်သူရဲနှစ်သိန်း၊

  6. ဗင်္ယာမိန်အမျိုး ခွန်အားကြီးသော ဧလျာဒနှင့် လေး၊ ဒိုင်းလွှားကို ကိုင်သောသူနှစ်သိန်း၊

  7. သူ့နောက်ယောဇဗဒ်နှင့် စစ်တိုက်ခြင်းငှါ၊ အသင့် ရှိသောသူ တသိန်းရှစ်သောင်းတည်း။

  8. ယုဒပြည်အရပ်ရပ်၊ ခိုင်ခံ့သောမြို့တို့၌ ရှင်ဘုရင် ထားသောသူရဲမှတပါး၊ အထက်ဆိုခဲ့ပြီးသော သူတို့သည် အမှုတော်ကို ထမ်းလျက်နေကြ၏။

  9. ဩဇိမင်း၌ တပ်စာရေးယေယေလနှင့် တပ်အုပ် မာသေယတို့သည် စာရင်းယူသည်အတျိုင်း၊ ရှင်ဘုရင်၏ ဗိုလ်မင်းဟာ နနိသည် စီရင်၍၊ အသီး အသီးတပ်ဖွဲ့သော စစ်သူရဲဗိုလ်ခြေများရှိကြ၏။

  10. ထိုသို့ခွန်အားကြီးသော သူရဲအဆွေအမျိုး အလိုက် အကြီးအကဲ လုပ်သောသူပေါင်းကား၊ နှစ်ထောင်ခြောက်ရာတည်း။

  11. ထိုသို့အကြီးအကဲလုပ်သောသူ၊ ရန်သူတဘက်၌ ရှင်ဘုရင်ကို ထောက်မခြင်းငှါ၊ ကြီးသောခွန်အားနှင့် စစ်တိုက်သောသူရဲပေါင်းကား၊ သုံးသိန်းခုနစ်ထောင် ငါးရာတည်း။

  12. ဩဇိမင်းသည်လည်း၊ ဗိုလ်ခြေအပေါင်းတို့အဘို့ ဒိုင်းလွှား၊ လှံ၊ သံခမောက်လုံး၊ သံချပ်၊ လေး၊ ကျောက်နှင့် ပစ်စရာလောက်လွှဲတို့ကို ပြင်ဆင်လေ၏။

  13. လိမ္မာသောသူတို့သည် ဉာဏ်ရှာ၍လုပ်သော ယန္တရားစက်တို့ကိုလည်း၊ ယေရှုရှလင်မြို့ရဲတိုက်၊ မြို့ပြအိုး အပေါ်က မြှားနှင့်ကျောက်ကြီးကို ပစ်စရာဘို့ ပြင်ဆင် လေ၏။ ထိုသို့တန်ခိုးကြီးအောင် အထူးသဖြင့် မစခြင်းကို ခံရသည်ဖြစ်၍၊ သိတင်းတော်သည် အနှံ့အပြားကျော်စော ၏။