Skip to content

Remaliah

13 အခန်းငယ် · 1 မိသားစုဝင်

Remaliah ကို ဖော်ပြသော အခန်းငယ်များ

  1. အမှုတော်ထမ်းတပ်မှူး၊ ရေမလိသားပေကာသည် ပေကဟိမင်းတဘက်၌ သင်းဖွဲ့၍၊ အာဂေါဘနှင့် အရေဟအစရှိသော ဂိလဒ်ပြည်သား ငါးကျိပ်ပါလျက်၊ ရှမာရိမြို့၌နန်းတော်ထဲမှာ သေအောင်လုပ်ကြံ၍ သူ၏ အရာ၌ နန်းထိုင်၏။

  2. ယုဒရှင်ဘုရင် ဩဇိနန်းစံငါးဆယ်နှစ်နှစ်တွင်၊ ရေမလိသားပေကာသည် နန်းထိုင်၍ ရှမာရိမြို့၌ ဣသ ရေလနိုင်ငံကို အနှစ်နှစ်ဆယ် စိုးစံလေ၏။

  3. ဩဇိသား ယောသံနန်းစံနှစ်ဆယ်တွင်၊ ဧလာ သားဟောရှေသည် ရေမလိသား ပေကာမင်းတဘက်၌ သင်းဖွဲ့၍ သေအောင်လုပ်ကြံပြီးမှ၊ သူ၏အရာ၌ နန်းထိုင် ၏။

  4. ဣသရေလရှင်ဘုရင် ရေမလိသား ပေကာ နန်းစံနှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ဩဇိသား ယောသံသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍၊

  5. ထိုကာလတွင် ထာဝရဘုရားသည် ရှုရိရှင်ဘုရင် ရေဇိန်နှင့် ရေမလိသားပေကာကို ယုဒပြည်သို့ စေလွှတ် တော်မူ၏။

  6. ရေမလိသား ပေကာနန်းစံဆယ်ခုနစ်နှစ်တွင် ယုဒရှင်ဘုရင် ယောသံသားအာခတ်သည် အသက် နှစ်ဆယ်ရှိသော် နန်းထိုင်၍၊

  7. ထိုအခါ ရှုရိရှင်ဘုရင် ရေဇိန်နှင့် ဣသရေလ ရှင်ဘုရင် ရေမလိသားပေကာသည် ယေရုရှလင်မြို့သို့ စစ်ချီ၍ အာခတ်မင်းကို ဝိုင်းထားသော်လည်း မနိုင်ရ။

  8. တဖန်ဣသရေလရှင်ဘုရင်လက်သို့ အပ်တော်မူ သဖြင့်၊ ထိုရှင်ဘုရင်ရေမလိသား ပေကာသည် ကြမ်း တမ်းစွာ လုပ်ကြံ၍၊ ရဲရင့်သောယုဒအမျိုးသား တသိန်း နှစ်သောင်းကို တနေ့ခြင်းတွင် သတ်လေ၏။ အကြောင်းမူ ကား၊ သူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရ ဘုရားကို စွန့်ကြသတည်း။

  9. ယုဒရှင်ဘုရင်ဩဇိသားဖြစ်သော၊ ယောသံ၏ သား အာခတ်မင်းလက်ထက်၌၊ ရှုရိရှင်ဘုရင် ရေဇိန်မင်း နှင့် ဣသရေလရှင်ဘုရင် ရေမလိမင်း၏သား ပေကာမင်း တို့သည်၊ ယေရုရှလင်မြို့ကိုတိုက်ခြင်းငှါ ချီလာကြ၏။ သို့သော်လည်း၊ အကြံမမြောက်နိုင်ကြ။

  10. သတိပြု၍ ငြိမ်သက်စွာနေလော့။ မီးခိုးထွက် သော ဤထင်းစနှစ်ခုတည်းဟူသော၊ ရှုရိမင်းရေဇိန်နှင့် ရေမလိ၏သားတို့သည် ပြင်းစွာအမျက်ထွက်သော်လည်း၊ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်။

  11. ရှုရိပြည်၊ ဧဖရိမ်ပြည်၊ ရေမလိသားတို့က၊

  12. ဒမာသက်မြို့၏ ခေါင်းကား၊ ဧဖရိမ်ပြည်၏ ခေါင်းကား၊ ရှမာရိမြို့။ ရှာမာရိမြို့၏ခေါင်းကား၊ ရေမလိ သားဖြစ်ရ၏။ သို့သော်လည်း၊ခြောက်ဆယ်ငါးနှစ်အတွင်း တွင်၊ ဧဖရိမ်ပြည်ကို ပြည်မဖြစ်စေခြင်းငှါ၊ ချိုးဖဲ့လိမ့်မည်။ သင်တို့သည် မယုံလျှင်၊ မတည်ရကြဟု မိန့်တော်မူ၏။

  13. ရေဇိန်နှင့် ရေမလိသားတို့၌ ဝမ်းမြောက်ကြ သောကြောင့်၊