Skip to content

Pekah

11 အခန်းငယ် · 1 မိသားစုဝင်

Pekah ကို ဖော်ပြသော အခန်းငယ်များ

  1. အမှုတော်ထမ်းတပ်မှူး၊ ရေမလိသားပေကာသည် ပေကဟိမင်းတဘက်၌ သင်းဖွဲ့၍၊ အာဂေါဘနှင့် အရေဟအစရှိသော ဂိလဒ်ပြည်သား ငါးကျိပ်ပါလျက်၊ ရှမာရိမြို့၌နန်းတော်ထဲမှာ သေအောင်လုပ်ကြံ၍ သူ၏ အရာ၌ နန်းထိုင်၏။

  2. ယုဒရှင်ဘုရင် ဩဇိနန်းစံငါးဆယ်နှစ်နှစ်တွင်၊ ရေမလိသားပေကာသည် နန်းထိုင်၍ ရှမာရိမြို့၌ ဣသ ရေလနိုင်ငံကို အနှစ်နှစ်ဆယ် စိုးစံလေ၏။

  3. ဣသရေလရှင်ဘုရင် ပေကာလက်ထက်၊ အာရှု ရိရှင်ဘုရင် တိဂလတ်ပိလေသာသည်လာ၍ ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော် မြို့နှင့်တကွ ဂိလဒ်ပြည်၊ ဂါလိလဲပြည်၊ နဿလိ ပြည်သား အပေါင်းတို့ကို လုပ်ကြံ၍၊ အာရှုရိပြည်သို့သိမ်းသွား၏။

  4. ဩဇိသား ယောသံနန်းစံနှစ်ဆယ်တွင်၊ ဧလာ သားဟောရှေသည် ရေမလိသား ပေကာမင်းတဘက်၌ သင်းဖွဲ့၍ သေအောင်လုပ်ကြံပြီးမှ၊ သူ၏အရာ၌ နန်းထိုင် ၏။

  5. ပေကာပြုမူသောအမှုအရာ ကြွင်းလေသမျှတို့ သည် ဣသရေလရာဇဝင်၌ရေးထားလျက်ရှိ၏။

  6. ဣသရေလရှင်ဘုရင် ရေမလိသား ပေကာ နန်းစံနှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ဩဇိသား ယောသံသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍၊

  7. ထိုကာလတွင် ထာဝရဘုရားသည် ရှုရိရှင်ဘုရင် ရေဇိန်နှင့် ရေမလိသားပေကာကို ယုဒပြည်သို့ စေလွှတ် တော်မူ၏။

  8. ရေမလိသား ပေကာနန်းစံဆယ်ခုနစ်နှစ်တွင် ယုဒရှင်ဘုရင် ယောသံသားအာခတ်သည် အသက် နှစ်ဆယ်ရှိသော် နန်းထိုင်၍၊

  9. ထိုအခါ ရှုရိရှင်ဘုရင် ရေဇိန်နှင့် ဣသရေလ ရှင်ဘုရင် ရေမလိသားပေကာသည် ယေရုရှလင်မြို့သို့ စစ်ချီ၍ အာခတ်မင်းကို ဝိုင်းထားသော်လည်း မနိုင်ရ။

  10. တဖန်ဣသရေလရှင်ဘုရင်လက်သို့ အပ်တော်မူ သဖြင့်၊ ထိုရှင်ဘုရင်ရေမလိသား ပေကာသည် ကြမ်း တမ်းစွာ လုပ်ကြံ၍၊ ရဲရင့်သောယုဒအမျိုးသား တသိန်း နှစ်သောင်းကို တနေ့ခြင်းတွင် သတ်လေ၏။ အကြောင်းမူ ကား၊ သူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရ ဘုရားကို စွန့်ကြသတည်း။

  11. ယုဒရှင်ဘုရင်ဩဇိသားဖြစ်သော၊ ယောသံ၏ သား အာခတ်မင်းလက်ထက်၌၊ ရှုရိရှင်ဘုရင် ရေဇိန်မင်း နှင့် ဣသရေလရှင်ဘုရင် ရေမလိမင်း၏သား ပေကာမင်း တို့သည်၊ ယေရုရှလင်မြို့ကိုတိုက်ခြင်းငှါ ချီလာကြ၏။ သို့သော်လည်း၊ အကြံမမြောက်နိုင်ကြ။