- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1446–1406 BC
The Wilderness Years
Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.
ဤကာလမှ အခန်းငယ်များ
- တရားဟောရာကျမ်း 31:2ခရစ်တော် မပေါ်မီ 1451 ခန့်
ငါသည် ယနေ့ အသက်တရာနှစ်ဆယ်စေ့ပြီ။ သင်တို့ရှေ့မှာ ထွက်ဝင်ခြင်းငှာ နောက်တဖန် မတတ် နိုင်။ ထာဝရဘုရားကလည်း၊ သင်သည် ယော်ဒန်မြစ်ကို မကူးရဟု မိန့်တော်မူပြီ။
- တရားဟောရာကျမ်း 31:3ခရစ်တော် မပေါ်မီ 1451 ခန့်
သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင် တို့ရှေ့မှာကူး၍၊ ထိုပြည်သား အမျိုးမျိုးတို့ကို ဖျက်ဆီး တော်မူသဖြင့်၊ သူတို့နေရာကို သင်တို့ဝင်စားရကြလိမ့် မည်။ ထာဝရဘုရားအမိန့်တော်အတိုင်း၊ ယောရှုသည် လည်း သင်တို့ရှေ့မှာ ကူးရလိမ့်မည်။
- တရားဟောရာကျမ်း 31:4ခရစ်တော် မပေါ်မီ 1451 ခန့်
ထာဝရဘုရားသည်လည်း၊ အာမောရိရှင်ဘုရင် ရှိဟုန်နှင့် ဩဃတို့၌၎င်း၊ ဖျက်ဆီးတော်မူသော သူတို့ပြည် ၌၎င်း ပြုသကဲ့သို့၊ ထိုပြည်သား အမျိုးမျိုးတို့၌ ပြုတော်မူ လိမ့်မည်။
- တရားဟောရာကျမ်း 31:5ခရစ်တော် မပေါ်မီ 1451 ခန့်
ထာဝရဘုရားသည် သူတို့ကို သင်တို့၌ အပ် တော်မူသဖြင့်၊ ငါမှာထားသမျှသော ပညတ်တို့အတိုင်း၊ သူတို့၌ ပြုရကြလိမ့်မည်။
- တရားဟောရာကျမ်း 31:6ခရစ်တော် မပေါ်မီ 1451 ခန့်
အားယူ၍ ရဲရင့်ခြင်း ရှိကြလော့။ မစိုးရိမ်ကြနှင့်။ သူတို့ကို မကြောက်ကြနှင့်။ ထာဝရဘုရားသည် သင်တို့ ဘုရားသခင်ဖြစ်၍ သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူ မည်။ သင်တို့ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူဟု ဟော ပြော၏။
- တရားဟောရာကျမ်း 31:7ခရစ်တော် မပေါ်မီ 1451 ခန့်
တဖန် ယေရှုကို ခေါ်၍၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဤလူတို့အား ပေးခြင်းငှာ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသောပြည်သို့ သင်သည် သူတို့နှင့်အတူ သွား၍ အမွေခံ စေရမည်။
- တရားဟောရာကျမ်း 31:8ခရစ်တော် မပေါ်မီ 1451 ခန့်
သင့်ရှေ့မှာ ထာဝရဘုရားသည် ကိုယ်တိုင်ကြွ၍ သင်နှင့်ရှိတော်မူလိမ့်မည်။ သင့်ကိုစွန့်တော်မမူ၊ ပစ်ထား တော်မမူ။ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်ဟု ဣသရေလ အမျိုးသားအပေါင်းတို့ရှေ့မှာ ပြောဆို၏။
- တရားဟောရာကျမ်း 31:9ခရစ်တော် မပေါ်မီ 1451 ခန့်
ဤပညတ်တရားကို မောရှေသည် ရေးထား၍ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသော လေဝိသားယဇ်ပုရောဟိတ်များ၊ ဣသရေလအမျိုး အ သက်ကြီးသူများ အပေါင်းတို့၌ အပ်၍၊
- တရားဟောရာကျမ်း 31:10ခရစ်တော် မပေါ်မီ 1451 ခန့်
မှာထားသည်ကား၊ ခုနစ်နှစ်စေ့၍ ကျွန်များကို လွှတ်ခြင်းငှာ ချိန်းချက်သောနှစ်၊ သကေနေပွဲခံချိန် ရောက်မှ၊
- တရားဟောရာကျမ်း 31:11ခရစ်တော် မပေါ်မီ 1451 ခန့်
သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေး ကောက်တော် မူလတံ့သော အရပ်တွင် ဣသရေလအမျိုး သား အပေါင်းတို့သည် ရှေ့တော်၌ ကိုယ်ကို ပြခြင်းငှာ လာကြသောအခါ၊ ဤပညတ်တရားကို ထိုပရိသတ် အပေါင်းတို့ရှေ့မှာ ဘတ်ရွတ်ရမည်။
- တရားဟောရာကျမ်း 31:12ခရစ်တော် မပေါ်မီ 1451 ခန့်
ယောက်ျား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသော တပါးအမျိုးသားများတို့သည် ကြား၍ နားလည်သဖြင့်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ ဤပညတ်တရားစကားအလုံးစုံတို့ကို စောင့်ရှောက်စေ ခြင်းငှာ ပရိသတ်တို့ကို စုဝေးစေကြလော့။
- တရားဟောရာကျမ်း 31:13ခရစ်တော် မပေါ်မီ 1451 ခန့်
ထိုသို့ပြုလျှင်၊ နားမလည်သေးသော သူငယ်တို့ သည် ကြားသဖြင့်၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတံ့သောပြည်၌ နေသည်ကာလပတ်လုံး၊ သင်တို့ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့စေခြင်းငှာ သင် ကြလိမ့်မည်ဟု မှာထားသတည်း။
- တရားဟောရာကျမ်း 31:14ခရစ်တော် မပေါ်မီ 1451 ခန့်
ထာဝရဘုရားကလည်း၊ သင်သည် သေရသော အချိန်နီးပြီ။ ယောရှုကို ခေါ်၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ်လော့။ သူ့ကိုငါမှာထားမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေနှင့် ယောရှု သည် သွား၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ် ကြ၏။
- တရားဟောရာကျမ်း 31:15ခရစ်တော် မပေါ်မီ 1451 ခန့်
ထာဝရဘုရားသည် တဲတော်တွင် မိုဃ်းတိမ် တိုင်၌ ထင်ရှားတော်မူ၍၊ မိုဃ်းတိမ်တိုင်သည် တဲတော် တံခါးဝအပေါ်မှာ တည်နေ၏။
- တရားဟောရာကျမ်း 31:16ခရစ်တော် မပေါ်မီ 1451 ခန့်
တဖန် မောရှေအား ထာဝရဘုရားက၊ သင် သည် ဘိုးဘေးတို့နှင့် အိပ်ပျော်သောအခါ၊ ဤလူမျိုးသည် ထ၍ ယခုသွားသောပြည်၌နေသော တပါးအမျိုးသား ကိုးကွယ်သော ဘုရားတို့နှင့် မှားယွင်း၍ ငါ့ကိုစွန့်လျက်၊ ငါဖွဲ့ထားသော ပဋိညာဉ်တရားကို ဖျက်လိမ့်မည်။
- တရားဟောရာကျမ်း 31:17ခရစ်တော် မပေါ်မီ 1451 ခန့်
ထိုအခါ ငါသည် အမျက်တော်ထွက်၍ သူတို့ကို စွန့်မည်။ သူတို့မှ ငါ့မျက်နှာကို လွှဲသဖြင့်၊ သူတို့သည် ပျက်စီး၍ ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံကြ လိမ့်မည်။ ထိုအခါ သူတို့က၊ ငါတို့ဘုရားသခင်သည် ငါတို့ တွင် ရှိတော်မမူသောကြောင့်၊ ဤဘေးဒဏ်တို့သည် ငါတို့ အပေါ်မှာ ရောက်သည်မဟုတ်လောဟု ဆိုကြလိမ့်မည်။
- တရားဟောရာကျမ်း 31:18ခရစ်တော် မပေါ်မီ 1451 ခန့်
သူတို့သည် အခြားတပါးသော ဘုရားတို့နောက် သို့ လွှဲသွား၍ ပြုသော ဒုစရိုက်အပေါင်းတို့ကြောင့်၊ ထိုအခါ ငါသည် ကိုယ်မျက်နှာကို ဧကန်အမှန် လွှဲမည်။
- တရားဟောရာကျမ်း 31:19ခရစ်တော် မပေါ်မီ 1451 ခန့်
ယခုမှာ ဓမ္မသီချင်းကို ရေးထားကြလော့။ ထို သီချင်းကို ဣသရေလအမျိုးတဘက်၌ ငါ့အဘို့ သက်သေ ဖြစ်စေခြင်းငှာ၊ သူတို့သည် နှုတ်ကျက်ရအောင် သင်စေ ကြလော့။
- တရားဟောရာကျမ်း 31:20ခရစ်တော် မပေါ်မီ 1451 ခန့်
အကြောင်းမူကား၊ သူတို့၏ဘိုးဘေးတို့အား ငါကျိန်ဆို၍ နို့နှင့်ပျားရည်စီးသော ပြည်သို့ သူတို့ကို ငါဆောင်သွင်းသဖြင့် သူတို့သည် ဝစွာစားရ၍ ဆူဖြိုး သောအခါ၊ အခြားတပါးသော ဘုရားတို့ထံသို့ လွှဲသွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကို ပုန်ကန်၍ ငါ့ပဋိညာဉ်တရား ကို ဖျက်ကြလိမ့်မည်။
- တရားဟောရာကျမ်း 31:21ခရစ်တော် မပေါ်မီ 1451 ခန့်
ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံသော အခါ၊ ထိုသီချင်းသည် သူတို့တဘက်၌ သက်သေခံလိမ့် မည်။ သူတို့အမျိုးအနွယ်သည် နှုတ်ကျက်မမေ့လျော့ရ။ ငါကျိန်ဆိုသောပြည်သို့ ငါဆောင်၍ မသွင်းမှီ၊ ယခုပင် သူတို့ကြံစည်သော အကြံအစည်ကို ငါသိ၏ဟု မိန့်တော်မူ၏။
- တရားဟောရာကျမ်း 31:22ခရစ်တော် မပေါ်မီ 1451 ခန့်
မောရှေသည်လည်း၊ ထိုနေ့၌ ဓမ္မသီချင်းကို ရေး ထား၍ ဣသရေလအမျိုးသားတို့အား သင်လေ၏။
- တရားဟောရာကျမ်း 31:23ခရစ်တော် မပေါ်မီ 1451 ခန့်
တဖန် နုန်၏သား ယောရှုအား ထာဝရဘုရား က၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ ငါကျိန်ဆို သောပြည်သို့ ဣသရေလအမျိုးသားတို့ကို ဆောင်သွင်းရ မည်။ ငါသည် သင်နှင့်အတူ ရှိမည်ဟု မှာထားတော်မူ၏။
- တရားဟောရာကျမ်း 31:24ခရစ်တော် မပေါ်မီ 1451 ခန့်
မောရှေသည် ဤပညတ်တရားစကားတော် အလုံးစုံတို့ကို အကုန်အစင်ရေးထားပြီးမှ၊
- တရားဟောရာကျမ်း 31:25ခရစ်တော် မပေါ်မီ 1451 ခန့်
ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို ထမ်းသောလေဝိသားတို့ကို ခေါ်၍၊
- တရားဟောရာကျမ်း 31:26ခရစ်တော် မပေါ်မီ 1451 ခန့်
ဤပညတ္တိကျမ်းစာသည် သင်တို့အမျိုးတဘက်၌ သက်သေဖြစ်မည်အကြောင်း၊ ထိုစာကိုယူ၍ သင်တို့ ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော် အနားမှာ တင်ထားကြလော့။