အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငါသည် အမျက်ထွက်၍ မီးရှို့သဖြင့်၊ အနက်ဆုံး သောမရဏာနိုင်ငံသို့ လောင်လိမ့်မည်။ မြေနှင့်မြေအသီး အနှံကို ကျွမ်းစေ၍ တောင်ခြေရင်းတိုင်အောင် လောင် လိမ့်မည်။

  2. သူတို့အပေါ်မှာ ဘေးဥပဒ်များကို ငါပို့မည်။ ငါ့မြှားတို့ကို အကုန်အစင်ပစ်မည်။

  3. သူတို့သည် မွတ်သိပ်ခြင်းအရှိန်ကို ခံရ၍၊ ပူလောင်ခြင်းဘေး၊ ပြင်းစွာသောဖျက်ဆီးခြင်းဘေး အား ဖြင့် ဆုံးရှုံးကြလိမ့်မည်။ သားရဲတို့၏ သွားကို၎င်း၊ မြေ၌ ကျင်လည်သော မြွေအဆိပ်ကို၎င်း၊ သူတို့၌ ငါစေလွှတ် မည်။

  4. အိမ်ပြင်၌ ထားဘေး၊ အိမ်အတွင်း၌ ကြောက် မက်ဘွယ်သောဘေးသည် လူပျိုနှင့်အပျိုကို၎င်း၊ နို့စို့သူ ငယ်နှင့် ဦးဆံဖြူသောသူကို၎င်း ဖျက်ဆီးလိမ့်မည်။

  5. ရန်သူ၏ မာန်မာနကို ငါမကြောက်လျှင်၎င်း၊

  6. ရန်ဘက်ပြုသောသူတို့သည် ထောင်လွှားလျက်၊ ဤအမှုအလုံးစုံကို ထာဝရဘုရားမပြု၊ ဘုန်းကြီးသောငါတို့ လက်ရုံးပြပြီဟု ပြောမည်ကို စိုးရိမ်စရာမရှိလျှင်၎င်း၊ သူတို့ ကို မြေကြီးစွန်းတိုင်အောင် အရပ်ရပ်သို့ ကွဲပြားစေ၍၊ အဘယ်သူမျှ မအောက်မေ့စေခြင်းငှါ ပယ်ရှင်းမည်ဟု ငါအကြံရှိ၏။

  7. အကြောင်းမူကား၊ သူတို့သည် ပညာသတိမရှိ၊ ဉာဏ်ကင်းသော လူမျိုးဖြစ်ကြ၏။

  8. ပညာကိုရ၍ ဤအမှုကို နားလည်ကြပါစေ သော။ နောက်ဆုံးကာလ၌ အဘယ်သို့ဖြစ်မည်ကို ဆင်ခြင်ကြပါစေသောဟု မိန့်တော်မူ၏။

  9. သူတို့ခိုလှုံစရာကျောက်သည် သူတို့ကိုမရောင်း၊ ထာဝရဘုရားသည် သူတို့ကို အပ်တော်မမူလျှင်၊ လူတ ယောက်သည် လူတထောင်ကို အဘယ်သို့ နှင်နိုင်မည် နည်း။ လူနှစ်ယောက်သည် လူတသောင်းကို အဘယ်သို့ ပြေးစေနိုင်မည်နည်း။

  10. ငါတို့၏ရန်သူများ စီရင်ဆုံးဖြတ်သော်လည်း၊ သူတို့ကျောက်သည် ငါတို့ကျောက်နှင့်မတူ။

  11. သူတို့စပျစ်နွယ်ပင်သည် သောဒုံစပျစ်နွယ်ပင် မျိုး၊ ဂေါမောရမြေ၌ ပေါက်သော အပင်မျိုးဖြစ်၏။ သူတို့ စပျစ်သီးသည် ခါးသောအပင်၏ အသီးဖြစ်၍၊ စပျစ်သီး ပြွတ်တို့သည် ခါးသောအရသာနှင့် ပြည့်စုံကြ၏။

  12. သူတို့ စပျစ်ရည်သည် နဂါးအဆိပ်၊ ပြင်းထန် သော မြွေဆိုးအဆိပ် အတောက်ဖြစ်၏။

  13. ဤအမှုသည် ငါ့ထံမှာ သိုထားလျက်၊ ငါ့ဘဏ္ဍာ တိုက်၌ တံဆိပ်ခပ်လျက် ရှိသည်မဟုတ်လော။

  14. အပြစ်တရားကို စီရင်ရသော အခွင့်၊ အပြစ်နှင့် အလျောက်ဆပ်ပေးရသော အခွင့်ကို ငါပိုင်၏။ အချိန် တန်မှ သူတို့ခြေသည် ချော်လိမ့်မည်။ သူတို့၌ ဘေး ရောက်သောအချိန်နီးပြီ။ သူတို့တွေ့ကြုံရသောအမှုသည် အလျင်အမြန် ရောက်လာလိမ့်မည်။

  15. ထာဝရဘုရားသည် မိမိလူတို့အဘို့ တရားစီရင် တော်မူမည်။ ကိုယ်တော်၏ ကျွန်တို့သည် တန်ခိုးကုန် ကြောင်း၊ အချုပ်ခံရသောသူ၊ လွတ်သောသူတယောက်မျှ မရှိကြောင်းကို မြင်သောအခါ၊ သူတို့အမှုကြောင့် နောင် တရတော်မူလျက်၊

  16. သူတို့ဘုရား၊ သူတို့ခိုလှုံသောကျောက်သည် အဘယ်မှာရှိသနည်း။

  17. သူတို့ပူဇော်သော ဆီဥကို စား၍ သွန်းလောင်း ရာ ပူဇော်သက္ကာ စပျစ်ရည်ကို သောက်သော သူတို့သည် အဘယ်မှာရှိသနည်း။ သူတို့သည် ထ၍ သင်တို့ကို ကွယ် ကာ စောင့်မပါလေစေ။

  18. ငါသည် ကိုယ်တိုင်အားဖြင့် ဘုရားဖြစ်ကြောင်း ကို၎င်း၊ ငါမှတပါး အခြားသောဘုရားမရှိကြောင်းကို၎င်း ကြည့်ရှုကြလော့။ ငါသည် အသက်ကို သေစေ၏။ အသက်ကိုလည်း ရှင်စေ၏။ ငါသည် အနာပေါ်စေခြင်း ငှါ ဒဏ်ခတ်၏။ အနာကိုလည်း ပျောက်စေ၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင်။

  19. ငါသည် အစဉ်အမြဲအသက်ရှင်ပေ၏ဟု ငါ့လက် ကို ကောင်းကင်သို့ချီ၍ ကျိန်ဆို၏။

  20. ငါသည် ပြောင်လက်သောထားကို သွေး၍၊ တရားစီရင်စပြုလျက် ငါ့ရန်သူတို့၌ အပြစ်တရားကို စီရင်မည်။ ငါ့ကိုမုန်းသောသူတို့ ခံထိုက်သောအပြစ်အ လျောက် ငါဆပ်ပေးမည်။

  21. ငါ့မြှားတို့ကို အသွေးနှင့်ယစ်မူးစေမည်။ ငါ့ထား သည် အသားကို စားလိမ့်မည်။ သတ်သောသူ၊ လက်ရ သောသူတို့၏ အသွေး၊ ရန်သူအကဲအမှူးတို့၏ ဦးခေါင်းကို စားသောက်လိမ့်မည်။

  22. တပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင် ၏ လူမျိုးနှင့်အတူ ဝမ်းမြောက်ခြင်းရှိကြလော့။ အ ကြောင်းမူကား၊ ကိုယ်တော်၏ ကျွန်တို့ကို သတ်သော အပြစ်နှင့်အလျောက် ဒဏ်ပေး၍ ကိုယ်တော်၏ ရန်သူ တို့၌ အပြစ်တရားကို စီရင်တော်မူမည်။ ပြည်တော်နှင့် မိမိလူမျိုးကို ကယ်မသနားတော်မူမည်ဟူသော၊

  23. ဤသီချင်းစကားကို မောရှေသည် လာ၍ နုန် သားယောရှုနှင့်အတူ လူများတို့အား ဟောပြောမြွက်ဆို၏။

  24. ထိုသို့ မောရှေသည် ဤစကားအလုံးစုံတို့ကို ဣသရေလအမျိုးသား အပေါင်းတို့အား အကုန်အစင် ဟောပြောမြွက်ဆိုပြီးလျှင်၊

  25. သင်တို့အား ယနေ့ ငါသက်သေခံသမျှသော စကားတို့ကို နှလုံးသွင်းကြလော့။ သင်တို့သားသမီးတို့ သည် ဤပညတ်တရား စကားတော်အလုံးစုံတို့ကို စောင့် ရှောက်စေခြင်းငှါ၊ သူတို့အား ထပ်ဆင့်၍ မှာထားရကြ မည်။