- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1446–1406 BC
The Wilderness Years
Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.
ဤကာလမှ အခန်းငယ်များ
ဤအမှုသည် သာမညအမှုမဟုတ်။ သင်တို့ အသက်နှင့်ဆိုင်သော အမှုဖြစ်၏။ ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတံ့သောပြည်၌ ဤအမှုကို စောင့်ရှောက်လျှင်၊ ကိုယ်အသက် တာရှည်ကြလိမ့်မည်ဟု ပြောဆို၏။
- တရားဟောရာကျမ်း 32:48ခရစ်တော် မပေါ်မီ 1451 ခန့်
ထိုနေ့ခြင်းတွင် ထာဝရဘုရားက၊ ယေရိခေါမြို့ တဘက်၊ မောဘပြည် အာဗရိမ်တောင်ရိုး၊ နေဗောတောင် ထိပ်ပေါ်သို့တက်၍၊
- တရားဟောရာကျမ်း 32:49ခရစ်တော် မပေါ်မီ 1451 ခန့်
ဣသရေလ အမျိုးသားတို့အား ငါအပိုင်ပေး သော ခါနာန်ပြည်ကို ကြည့်ရှုလော့။
- တရားဟောရာကျမ်း 32:50ခရစ်တော် မပေါ်မီ 1451 ခန့်
သင့်အစ်ကို အာရုန်သည် ဟောရတောင်ပေါ် မှာ သေ၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်သကဲ့သို့၊ သင်သည်လည်း တက်သွားသော ဤတောင်ပေါ်မှာ သေ၍၊ သင်၏လူမျိုးစည်းဝေးရာသို့ ရောက်လော့။
- တရားဟောရာကျမ်း 32:51ခရစ်တော် မပေါ်မီ 1451 ခန့်
အကြောင်းမူကား၊ သင်တို့သည် ဇိနတော၊ ကာ ဒေရှရွာ၊ မေရိဘစမ်းရေအနား၌ ဣသရေလအမျိုးသား တို့ရှေ့မှာ ငါ့ကို မရိုမသေပြု၍ ပြစ်မှားကြပြီ။
- တရားဟောရာကျမ်း 32:52ခရစ်တော် မပေါ်မီ 1451 ခန့်
ထို့ကြောင့် ဣသရေလအမျိုးသားတို့အား ငါပေး သော ပြည်ကို သင်သည် ကိုယ်မျက်စိနှင့် မြင်ရသော် လည်း၊ ထိုပြည်သို့ မဝင်စားရဟု မောရှေအား မိန့်တော်မူ၏။
- တရားဟောရာကျမ်း 33:1ခရစ်တော် မပေါ်မီ 1451 ခန့်
ဘုရားသခင်၏လူမောရှေသည် မသေမှီ ဣသ ရေလအမျိုးသားတို့ကို ကောင်းကြီးပေးသော မင်္ဂလာ စကား ဟူမူကား၊
- တရားဟောရာကျမ်း 33:2ခရစ်တော် မပေါ်မီ 1451 ခန့်
ထာဝရဘုရားသည် သိနာတောင်ပေါ်က ကြွ တော်မူ၏။ စိရအရပ်မှ ထိုလူတို့အား နေထွက်တော်မူ၏။ ပါရန်တောင်ပေါ်က ရောင်ခြည်ထွန်းပတော်မူ၍၊ သန့် ရှင်းသောသူ အထောင်အသောင်းတို့နှင့်အတူ ကြွတော်မူ ၍၊ ဓမ္မမီးသည် ဣသရေလလူတို့အဘို့၊ လက်ျာလက်တော် မှ ထွက်လေ၏။
- တရားဟောရာကျမ်း 33:3ခရစ်တော် မပေါ်မီ 1451 ခန့်
အကယ်စင်စစ် ထိုလူမျိုးကို ချစ်တော်မူ၏။ မိမိ သန့်ရှင်းသူအပေါင်းတို့သည် အထံတော်ပါးတွင် ရှိကြ၏။ သူတို့သည် ခြေတော်ရင်း၌ ပြပ်ဝပ်၍ စကားတော်တို့ကို နားခံကြလေ၏။
- တရားဟောရာကျမ်း 33:4ခရစ်တော် မပေါ်မီ 1451 ခန့်
ယာကုပ်အမျိုး ပရိသတ်အမွေခံရသော ဓမ္မ တရားကို မောရှေသည် ငါတို့အားထား၏။
- တရားဟောရာကျမ်း 33:5ခရစ်တော် မပေါ်မီ 1451 ခန့်
ဣသရေလအမျိုးမင်းများနှင့်တကွ၊ အမျိုးအ နွယ်များတို့သည် စည်းဝေးသောအခါ၊ ထိုသူသည် ယေရှု ရုန်အမျိုး၌ ရှင်ဘုရင်ဖြစ်၏။
- တရားဟောရာကျမ်း 33:6ခရစ်တော် မပေါ်မီ 1451 ခန့်
ရုဗင်အမျိုး မသေ၊ အသက်ရှင်၍ သူ၏လူတို့ သည် များပါစေသော။
- တရားဟောရာကျမ်း 33:7ခရစ်တော် မပေါ်မီ 1451 ခန့်
ယုဒအမျိုးကိုကား၊ အိုထာဝရဘုရား၊ ယုဒစကား သံကို နားထောင်၍ သူ့ကို အမျိုးသားချင်းတို့ရှိရာသို့ ဆောင်ခဲ့တော်မူပါ။ မိမိလက်တို့သည် မိမိအဘို့ တန်ပါ စေသော။ သူ့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူပါ။
- တရားဟောရာကျမ်း 33:8ခရစ်တော် မပေါ်မီ 1451 ခန့်
လေဝိအမျိုးကိုကား၊ သင်၏သုမိမ်နှင့် ဥရိမ် သည် မဿာအရပ်၌ သင်စုံစမ်း၍၊ မေရိဘစမ်းရေ အနားမှာ သင်ဆန့်ကျင်ဘက်ပြုသော သင်၏ သန့်ရှင်းသူ ၌ ရှိပါစေသော၊
- တရားဟောရာကျမ်း 33:9ခရစ်တော် မပေါ်မီ 1451 ခန့်
ထိုသူသည် ကိုယ်မိဘဖြစ်သော်လည်း ငါမတွေ့ မမြင်ဟု ဆိုတတ်၏။ ကိုယ်ညီအစ်ကို ကိုလည်း မမှတ် တတ်။ ကိုယ်သားသမီးကိုလည်း မသိတတ်။ အကြောင်းမူ ကား၊ စကားတော်ကို နားထောင်၍ ပဋိညာဉ်တရားတော် ကို စောင့်ရှောက်တတ်၏။
- တရားဟောရာကျမ်း 33:10ခရစ်တော် မပေါ်မီ 1451 ခန့်
သူတို့သည် စီရင်တော်မူချက်တို့ကို ယာကုပ်အ မျိုး၌၎င်း၊ တရားတော်ကို ဣသရေလ အမျိုး၌၎င်း သွန် သင်ကြလိမ့်မည်။ မီးရှို့ရာနံ့သာပေါင်းကို ရှေ့တော်၌၎င်း၊ တကိုယ်လုံး မီးရှို့ရာယဇ်ကို ယဇ်ပလ္လင်တော်ပေါ်၌၎င်း တင်ထားကြလိမ့်မည်။
- တရားဟောရာကျမ်း 33:11ခရစ်တော် မပေါ်မီ 1451 ခန့်
အိုထားဝရဘုရား၊ သူ၏ဥစ္စာကို ကောင်းကြီးပေး ၍ သူလုပ်ဆောင်သောအမှုကို လက်ခံတော်မူပါ။ သူ့တ ဘက်၌ ထ၍ သူ့ကို မုန်းသောသူတို့သည် နောက်တဖန် မထနိုင်အောင် သူတို့ခါးကို ချိုးတော်မူပါ။
- တရားဟောရာကျမ်း 33:12ခရစ်တော် မပေါ်မီ 1451 ခန့်
ဗင်္ယာမိန် အမျိုးကိုကား၊ ထာဝရဘုရား ချစ် တော်မူသော သူသည် အထံတော်ပါးတွင် လုံခြုံစွာ နေရ လိမ့်မည်။ သူ့ကို အစဉ်အမြဲ ဖုံးလွှမ်း၍ သူ၏ပခုံးကြားမှာ နေရာချတော်မူလိမ့်မည်။
- တရားဟောရာကျမ်း 33:13ခရစ်တော် မပေါ်မီ 1451 ခန့်
ယောသပ်အမျိုးကိုကား၊ ထိုအမျိုးနေသော ပြည် သည် အထက်မိုဃ်းကောင်းကင် ဘဏ္ဍာအားဖြင့်၎င်း၊ အောက်အရပ်၌ ပုန်းကွယ်၍ နက်နဲသော အရာအားဖြင့်၎င်း၊
- တရားဟောရာကျမ်း 33:14ခရစ်တော် မပေါ်မီ 1451 ခန့်
နေဖြစ်စေသော ဘဏ္ဍာ၊ လဖြစ်စေသော ဘဏ္ဍာ အားဖြင့်၎င်း၊
- တရားဟောရာကျမ်း 33:15ခရစ်တော် မပေါ်မီ 1451 ခန့်
အသက်ကြီးသောတောင်ထိပ်၊ မြဲမြံသောတောင် ထဲက ထွက်သော ဘဏ္ဍာအားဖြင့်၎င်း၊
- တရားဟောရာကျမ်း 33:16ခရစ်တော် မပေါ်မီ 1451 ခန့်
မြေကြီးဘဏ္ဍာ စုံလင်ရာအားဖြင့်၎င်း၊ ထာဝရ ဘုရားပေးတော်မူရာ၌ မင်္ဂလာရှိပါစေသော။ ချုံ၌နေ တော်မူသောသူ၏ ကျေးဇူးတော်သည် ယောသပ်ခေါင်း ပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်း ထိပ်ပေါ်မှာ သက်ရောက်ပါစေသော။
- တရားဟောရာကျမ်း 33:17ခရစ်တော် မပေါ်မီ 1451 ခန့်
သူ၏ဘုန်းသည် နွားလားဥဿဘဘုန်းကဲ့သို့၎င်း၊ သူ၏ ဦးချိုတို့သည် ကြံ့ဦးချိုကဲ့သို့၎င်း ဖြစ်ကြ၏။ ထိုဦးချို တို့နှင့် လူအမျိုးမျိုးတို့ကို မြေကြီးစွန်းတိုင်အောင် တပြိုင် နက် ထိုးခတ်လိမ့်မည်။ ဧဖရိမ်အမျိုးသား အသောင်း သောင်း၊ မနာရှေအမျိုးသား အထောင်ထောင်ပေတည်း။
- တရားဟောရာကျမ်း 33:18ခရစ်တော် မပေါ်မီ 1451 ခန့်
ဇာဗုလုန်အမျိုးကိုကား၊ အိုဇာဗုလုန်အမျိုး၊ ထွက် သွားရာအမှု၌ ဝမ်းမြောက်လော့။ အိုဣသခါအမျိုး၊ မိမိ တဲ၌နေလျက် ဝမ်းမြောက်လော့။
- တရားဟောရာကျမ်း 33:19ခရစ်တော် မပေါ်မီ 1451 ခန့်
ထိုအမျိုးတို့သည် လူများတို့ကို တောင်တော်သို့ ခေါ်၍၊ တောင်တော်၌ တရားသဖြင့် ယဇ်ပူဇော်ကြလိမ့် မည်။ ပင်လယ်စည်းစိမ်၊ သဲ၌ဝှက်ထားလျက်ရှိသော ဘဏ္ဍာကို နို့စို့ကြလိမ့်မည်။