အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တောလည်ရာကျမ်း 25:9ခရစ်တော် မပေါ်မီ 1452 ခန့်

    ထိုဘေးဖြင့် သေသောလူပေါင်းကား၊ နှစ်သောင်း လေးထောင်ရှိသတည်း။

  2. တောလည်ရာကျမ်း 25:10ခရစ်တော် မပေါ်မီ 1452 ခန့်

    ထာဝရဘုရားကလည်း၊ ငါသည် အမျက်ထွက်၍ ဣသရေလ အမျိုးသား တို့ကို မဖျက်ဆီးမည်အကြောင်း၊

  3. တောလည်ရာကျမ်း 25:11ခရစ်တော် မပေါ်မီ 1452 ခန့်

    ယဇ်ပုရောဟိတ် အာရုန်၏သား ဧလာဇာ၏ သား၊ ဖိနဟတ်သည် သူတို့တွင် ငါ့ဘက်၌ စိတ်အားကြီး၍ ငါ့အမျက်ကို သူတို့မှလွှဲပြီ။

  4. တောလည်ရာကျမ်း 25:12ခရစ်တော် မပေါ်မီ 1452 ခန့်

    သို့ဖြစ်၍ သင်ပြောရသည်ကား၊ ငါ၏ချမ်းသာ ပဋိညာဉ်ကို သူ့အား ငါပေး၏။

  5. တောလည်ရာကျမ်း 25:13ခရစ်တော် မပေါ်မီ 1452 ခန့်

    သူသည် မိမိဘုရားသခင်ဘက်၌ စိတ်အားကြီး ၍ ဣသရေလအမျိုးသားတို့အဘို့ အပြစ်ဖြေခြင်းကို ပြုသောကြောင့်၊ သူမှစ၍ သားစဉ်မြေးဆက်တို့သည် ထိုပဋိညာဉ်တည်းဟူသော ထာဝရယဇ်ပုရောဟိတ် အရာနှင့်ဆိုင်သော ပဋိညာဉ်ကို ရပြီဟု မောရှေအား မိန့် တော်မူ၏။

  6. တောလည်ရာကျမ်း 25:14ခရစ်တော် မပေါ်မီ 1452 ခန့်

    မိဒျန်မိန်းမနှင့် အသေသတ်ခြင်းကိုခံရသော ဣသရေလလူ၏ အမည်ကား၊ ရှိမောင်အမျိုး၌ ထင်ရှား သော အဆွေအမျိုးတွင် အကဲအမှူးသာ လု၏သား ဇိမရိဖြစ်သတည်း။

  7. တောလည်ရာကျမ်း 25:15ခရစ်တော် မပေါ်မီ 1452 ခန့်

    အသေသတ်ခြင်းကိုခံရသော မိဒျန် မိန်းမ အမည်ကား၊ မိဒျန်အမျိုး၌ ထင်ရှားသော အဆွေအမျိုး တွင် အကဲအမှူးဇုရ၏ သမီး ကောဇဘိဖြစ် သတည်း။

  8. တောလည်ရာကျမ်း 25:16ခရစ်တော် မပေါ်မီ 1452 ခန့်

    ထာဝရဘုရားကလည်း၊

  9. တောလည်ရာကျမ်း 25:17ခရစ်တော် မပေါ်မီ 1452 ခန့်

    မိဒျန်အမျိုးသားတို့ကို နှောင့်ရှက်၍ လုပ်ကြံကြလော့။

  10. တောလည်ရာကျမ်း 25:18ခရစ်တော် မပေါ်မီ 1452 ခန့်

    အကြောင်းမူကား၊ သူတို့သည် ပေဂုရဘုရား အမှု၌၎င်း၊ ပေဂုရဘုရားကြောင့် ဘေးရောက်သောနေ့၌ အသေသတ်ခြင်းကို ခံရသော သူတို့နှမ မိဒျန်မင်းသမီး ကောဇဘိ အမှု၌၎င်း၊ သင်တို့ကို ပရိယာယ်များ အားဖြင့် လှည့်စားနှောင့်ရှက်ကြပြီဟု မောရှေ့အား မိန့်တော်မူ၏။

  11. တောလည်ရာကျမ်း 26:1ခရစ်တော် မပေါ်မီ 1452 ခန့်

    ထိုဘေးငြိမ်းသောနောက်၊ ထာဝရဘုရားက၊-

  12. တောလည်ရာကျမ်း 26:2ခရစ်တော် မပေါ်မီ 1452 ခန့်

    အသက် နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့ကို၊ ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းယူကြလော့ဟု မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာ ဇာတို့အား မိန့်တော်မူသည် အတိုင်း၊

  13. တောလည်ရာကျမ်း 26:3ခရစ်တော် မပေါ်မီ 1452 ခန့်

    သူတို့သည် မောဘ လွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါ မြို့တဘက်၌၊

  14. တောလည်ရာကျမ်း 26:4ခရစ်တော် မပေါ်မီ 1452 ခန့်

    အသက်နှစ်ဆယ်လွန်သောသူတို့ကို စာရင်းယူရ မည်အကြောင်း ဆင့်ဆိုကြ၏။

  15. တောလည်ရာကျမ်း 26:5ခရစ်တော် မပေါ်မီ 1452 ခန့်

    အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလ အမျိုးသားတို့တွင်၊ ဣသရေလ၏ သားဦးရုဗင်၏သား ဟူမူကား ဟာနုတ်မှဆင်းသက်သော ဟောနောခိအဆွေ အမျိုး၊ ဖါလုမှဆင်းသက်သော ဖာလွိအဆွေအမျိုး၊

  16. တောလည်ရာကျမ်း 26:6ခရစ်တော် မပေါ်မီ 1452 ခန့်

    ဟေဇရုံမှ ဆင်းသက်သော ဟေဇရောနိ အဆွေ အမျိုး၊ ကာမိမှ ဆင်းသက်သော ကာမိတ် အဆွေအမျိုး တည်း။

  17. တောလည်ရာကျမ်း 26:7ခရစ်တော် မပေါ်မီ 1452 ခန့်

    ဤသူတို့သည် ရုဗင်အဆွေအမျိုးဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ လေးသောင်းသုံးထောင် ခုနစ်ရာ သုံးဆယ်ရှိသတည်း။

  18. တောလည်ရာကျမ်း 26:8ခရစ်တော် မပေါ်မီ 1452 ခန့်

    ဖာလု၏သား ဧလျာဘ၊ ဧလျာဘ၏သား နေမွေလ၊ ဒါသန်၊ အဘိရံတည်း။

  19. တောလည်ရာကျမ်း 26:9ခရစ်တော် မပေါ်မီ 1452 ခန့်

    ဤဒါသန်၊ အဘိရံတို့သည် အခြားမဟုတ်၊ ကောရအပေါင်းအသင်းသည် ထာဝရဘုရားနှင့် ဆန့်ကျင်ဘက် ပြုသောအခါ၊ ပရိသတ် ၌ ကျော်စော၍ မောရှေနှင့် အာရုန်ကို ဆန့်ကျင်ဘက်ပြု သော ဒါသန်၊ အဘိရံ ဖြစ်ကြ၏။

  20. တောလည်ရာကျမ်း 26:10ခရစ်တော် မပေါ်မီ 1452 ခန့်

    မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ သူတို့ကို၎င်း၊ ကောရကို၎င်းမျိုသဖြင့်၊ ထိုအပေါင်းအသင်း ဝင်သူတို့ သည် သေကြ၏။ မီးသည် လည်း လူနှစ်ရာငါးဆယ်တို့ကို အသက်ဆုံးစေ၏။ ထိုသူတို့သည် သတိပေးသော သက်သေဖြစ်သတည်း။

  21. တောလည်ရာကျမ်း 26:11ခရစ်တော် မပေါ်မီ 1452 ခန့်

    သို့ရာတွင် ကောရ၏ သားသမီးတို့သည် သေဘေးနှင့် လွတ်ကြ၏။

  22. တောလည်ရာကျမ်း 26:12ခရစ်တော် မပေါ်မီ 1452 ခန့်

    ဘိုးဘ အဆွေအမျိုးအလိုက် ရှိမောင်၏သားဟူမူ ကား၊ ယေမွေလမှ ဆင်းသက်သော ယေမွေလိအဆွေ အမျိုး၊ ယာမိန်မှဆင်းသက်သော ယာမိနိ အဆွေအမျိုး၊ ယာခိန်မှ ဆင်းသက်သော ယာခိနိ အဆွေအမျိုး၊

  23. တောလည်ရာကျမ်း 26:13ခရစ်တော် မပေါ်မီ 1452 ခန့်

    ဇေရမှဆင်းသက်သောဇေရဟိအဆွေ အမျိုး ရှောလမှ ဆင်းသက်သော ရှောလိ အဆွေအမျိုး တည်း။

  24. တောလည်ရာကျမ်း 26:14ခရစ်တော် မပေါ်မီ 1452 ခန့်

    ဤသူတို့သည် ရှိမောင် အဆွေအမျိုးဖြစ်၍ လူပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ရှိသတည်း။

  25. တောလည်ရာကျမ်း 26:15ခရစ်တော် မပေါ်မီ 1452 ခန့်

    ဘိုးဘ အဆွေအမျိုးအလိုက် ဂဒ်၏သားဟူမူ ကား၊ ဇေဖုန်မှ ဆင်းသက်သော ဇေဖေါနိအဆွေအမျိုး၊ ဟဂ္ဂိမှ ဆင်းသက်သော ဟဂ္ဂိတ် အဆွေအမျိုး၊ ရှုနိမှ ဆင်းသက်သော ရှုနိတ်အဆွေအမျိုး၊